Unicode Version
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလ အပြောင်း အရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားဖြစ်သူ ကော်တင်ဟိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိလို့နေတဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် ထံသို့ ရောင်းချသွားဖို့ လမ်းဖွင့် ပေးထားလိုက်ပြီး မကြာမီမှာပဲ ဆွေးနွေးမှု တွေ စတင်ဖွယ်ရှိကြောင်း သိရပါတယ်။
ငွေကြေးကြွယ်ဝ ချမ်းသာလာတဲ့ နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားဟောင်း ကော်တင်ဟိုကို အသင်းဆီ အရခေါ်ယူသွားဖို့အတွက် အလိုရှိနေပြီး လာမယ့် ဆောင်းစျေးကွက်အတွင်းမှာလဲ နယူးကာဆယ်ဘက်က ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေပါတယ်။
ငွေးကြေး အခက်အခဲပေါင်း များစွာ ရှိနေတဲ့ ဘာစီလိုနာအသင်းက အသင်းရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမျှဖို့နဲ့ လာမယ့်ဆောင်းစျေးကွက်အတွင်း ကစားသမား တချို့ကိုပါ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် လစာမြင့်မားနေတဲ့ ကော်တင်ဟိုကို နယူးကာဆယ်အသင်းဆီ လက်လွတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် ရာသီဝက် အငှားစာချုပ်+အပြီးသတ်ခေါ်ယူမှု ကမ်းလှမ်းချက်မျိုးနဲ့ပါ လက်ခံသွားဖွယ် ရှိနေပြီး ဒီလိုပုံစံမျိုးနဲ့ဆိုရင် ကစားသမားအင်အား ဖြည့်တင်းမှုများစွာ လုပ်ဆောင်သွားဖို့ လိုအပ်နေတဲ့ နယူးကာဆယ် အသင်းအတွက် အဆင်ပြေနိုင်ဖွယ်ပါ ရှိနေပါတယ်။
ကော်တင်ဟိုဟာ ပုံရိပ်မြင့်မားတဲ့ တန်းဖိုးကြီး ကစားသမား ဖြစ်ပြီး လီဗာပူး အင်တာမီလန် ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။ လီဗာပူး အသင်းနဲ့အတူ ၅ နှစ်အထိ ကစားဖူးတာ ဖြစ်လို့ ကော်တင်ဟိုကို လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ နယူးကာဆယ် အသင်းဘက်ကနေ အလိုရှိနေရတာ ဖြစ်ပါတယ်။
Zawgyi Version
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလ အပြောင်း အရွှေ့ ဈေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားဖြစ်သူ ကော်တင်ဟိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိလို့နေတဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် ထံသို့ ရောင်းချသွားဖို့ လမ်းဖွင့် ပေးထားလိုက်ပြီး မကြာမီမှာပဲ ဆွေးနွေးမှု တွေ စတင်ဖွယ်ရှိကြောင်း သိရပါတယ်။
ငွေကြေးကြွယ်ဝ ချမ်းသာလာတဲ့ နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားဟောင်း ကော်တင်ဟိုကို အသင်းဆီ အရခေါ်ယူသွားဖို့အတွက် အလိုရှိနေပြီး လာမယ့် ဆောင်းဈေးကွက်အတွင်းမှာလဲ နယူးကာဆယ်ဘက်က ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေပါတယ်။
ငွေးကြေး အခက်အခဲပေါင်း များစွာ ရှိနေတဲ့ ဘာစီလိုနာအသင်းက အသင်းရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမျှဖို့နဲ့ လာမယ့်ဆောင်းဈေးကွက်အတွင်း ကစားသမား တချို့ကိုပါ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် လစာမြင့်မားနေတဲ့ ကော်တင်ဟိုကို နယူးကာဆယ်အသင်းဆီ လက်လွတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။