Spots news

ဆိုးလ်ရှားရဲ့ နေရာကို အစားထိုးမယ့် ရော်ဂျာကို ရာသီကုန်ထိ စောင့်ရမယ့် မန်ယူ

Unicode Version

ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ချက်စတာ ယူနိက်တက် အသင်းဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး နည်းပြသစ် အဖြစ် လက်ရှိ လက်စတာ အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ဖို့ အကြိုသဘောတူညီမှု ရရှိကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ လီဗာပူးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် နောက်ဆုံး လိဂ်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲထိ ရှုံးထားခဲ့ပြီ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဟာ လီဗာပူးကို ၅ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက်မှာ စပါး၊ အတ္တလန်တာ၊ အခု မန်စီးတီးတို့နဲ့ပွဲတွေအတွက် အခွင့်အရေးထပ်ပေးခဲ့ပေမယ့် ယခုပွဲအပြီးမှာ တော့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ပရိတ်သတ်များက မျှော်လင့်နေတာပါ။

ဒီရာသီမှာ အသင်းအတွက် ဆန်ချို ဗာရန်း ရော််နယ်ဒို စတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူပေးထား ခဲ့ပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ လက်ရှိ အချိန်အထိ တိကျတဲ့ ကစားကွက်ကို ပုံဖော်နိုင်ခြင်း မရှိပဲ ရလဒ်တွေ ဆိုးရွားနေတာပါ။ လက်ရှိ ရလဒ်တွေအရ ဒီရာသီကတော့ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ဝင်ခွင့် အတွက်ကိုပဲ တိုက်ပွဲဝင်ရမယ့် အနေအထားကို ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်းသတင်းစာက ဖော်ပြခဲ့ရာမှာတော့ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှား နေရာအတွက် လတ်စတာ နည်းပြ ရော်ဂျာကို အစားထိုးဖို့ စီစဉ်နေကာ ရော်ဂျာကလည်း ယူနိုက်တက် နည်းပြရာထူးကို

လက်ခံဖို့အသင့်ရှိ နေတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ယူနိုက်တက်ဘက်က ချက်ချင်းအလို ရှိနေပေမယ့် ဘရန်ဒန် ရော်ဂျာကတော့ ရာသီကုန်ထိ စောင့်ဆိုင်းနေချင်တယ် လို့လည်း ဆိုပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်နည်းပြရာထူးအတွက် ရော်ဂျာက ရေပန်းအစားဆုံး ဖြစ်နေပြီး သူ့နောက်မှာ ဇီဒန်း၊ ရန်ဂ်နစ်၊ ပိုချက်တီနို၊ တန်ဟက်၊ အယ်လီဂရီတို့ အစဉ်လိုက်ရှိနေပါတယ်။

ရော်ဂျာနဲ့ နှုတ်အားဖြင့် သဘောတူညီ ထားတယ်ဆိုတာကို အခြားသော သတင်းဌာနကြီးတွေက ဖော်ပြခြင်း မျိုးမရှိတာကြောင့် ယုံကြည်ဖို့ခက်နေပြီး ကောလာဟလ သတင်းသာ ဖြစ်မယ်လို့လည်း ယူဆရပါတယ်။

Zawgyi Version

ရလဒ္ေတြ ဆိုး႐ြားေနတဲ့ မန္ခ်က္စတာ ယူနိက္တက္ အသင္းဟာ အသင္းရဲ႕ ဂႏၲဝင္ ကစားသမား နည္းျပ ဆိုးလ္ရွားကို ထုတ္ပယ္ၿပီး နည္းျပသစ္ အျဖစ္ လက္ရွိ လက္စတာ အသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာကို ခန႔္အပ္ဖို႔ အႀကိဳသေဘာတူညီမႈ ရရွိေၾကာင္း သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။

မန္ယူနိုက္တက္ဟာ လီဗာပူးကို ၅-၀ နဲ႕ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ အပါအ၀င္ ေနာက္ဆုံး လိဂ္ပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲထိ ရႈံးထားခဲ့ၿပီ ျဖစ္ပါတယ္။ တာဝန္ရွိသူေတြဟာ လီဗာပူးကို ၅ ဂိုးျပတ္ ရႈံးနိမ့္ၿပီးေနာက္မွာ စပါး၊ အတၱလန္တာ၊ အခု မန္စီးတီးတို႔နဲ႕ပြဲေတြအတြက္ အခြင့္အေရးထပ္ေပးခဲ့ေပမယ့္ ယခုပြဲအၿပီးမွာ ေတာ့ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ ပရိတ္သတ္မ်ားက ေမွ်ာ္လင့္ေနတာပါ။

ဒီရာသီမွာ အသင္းအတြက္ ဆန္ခ်ိဳ ဗာရန္း ေရာ္္နယ္ဒို စတဲ့ ကစားသမားေကာင္းေတြကို ေခၚယူေပးထား ခဲ့ေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ လက္ရွိ အခ်ိန္အထိ တိက်တဲ့ ကစားကြက္ကို ပုံေဖာ္နိုင္ျခင္း မရွိပဲ ရလဒ္ေတြ ဆိုး႐ြားေနတာပါ။ လက္ရွိ ရလဒ္ေတြအရ ဒီရာသီကေတာ့ လာမယ့္ရာသီ ဥေရာပၿပိဳင္ပြဲေတြ ဝင္ခြင့္ အတြက္ကိုပဲ တိုက္ပြဲဝင္ရမယ့္ အေနအထားကို ေရာက္ေနခဲ့ၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာ ညေနခင္းသတင္းစာက ေဖာ္ျပခဲ့ရာမွာေတာ့ ယူနိုက္တက္ ဘုတ္အဖြဲ႕ဟာ ဆိုးလ္ရွား ေနရာအတြက္ လတ္စတာ နည္းျပ ေရာ္ဂ်ာကို အစားထိုးဖို႔ စီစဥ္ေနကာ ေရာ္ဂ်ာကလည္း

ယူနိုက္တက္ နည္းျပရာထူးကို လက္ခံဖို႔အသင့္ရွိ ေနတယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ယူနိုက္တက္ဘက္က ခ်က္ခ်င္းအလို ရွိေနေပမယ့္ ဘရန္ဒန္ ေရာ္ဂ်ာကေတာ့ ရာသီကုန္ထိ ေစာင့္ဆိုင္းေနခ်င္တယ္ လို႔လည္း ဆိုပါတယ္။

လက္ရွိမွာလည္း ယူနိုက္တက္နည္းျပရာထူးအတြက္ ေရာ္ဂ်ာက ေရပန္းအစားဆုံး ျဖစ္ေနၿပီး သူ႕ေနာက္မွာ ဇီဒန္း၊ ရန္ဂ္နစ္၊ ပိုခ်က္တီနို၊ တန္ဟက္၊ အယ္လီဂရီတို႔ အစဥ္လိုက္ရွိေနပါတယ္။

ေရာ္ဂ်ာနဲ႕ ႏႈတ္အားျဖင့္ သေဘာတူညီ ထားတယ္ဆိုတာကို အျခားေသာ သတင္းဌာနႀကီးေတြက ေဖာ္ျပျခင္း မ်ိဳးမရွိတာေၾကာင့္ ယုံၾကည္ဖို႔ခက္ေနၿပီး ေကာလာဟလ သတင္းသာ ျဖစ္မယ္လို႔လည္း ယူဆရပါတယ္။