Spots news

အာဆင်နယ်ဟာ ပြိုင်ဘက်ကို လေးစားမှုမရှိတဲ့ အသင်းဟု ရာနီနေးရီ ဝေဖန်

Unicode Version

မနေ့ညက အာဆင်နယ်အသင်းနဲ့ ဝက်ဖိုဒ့်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ အိမ်ရှင်အာဆင်နယ်အသင်းက လူငယ်ကွင်းလယ် ကစားသမားလေး စမစ်ရိုးရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာထိ ရောက်ရှိအောင် တွန်းပို့နိုင်ခဲ့ပါတယ်။

သို့ပေမယ့် ဝက်ဖိုဒ့်နည်းပြ ရာနီရေးနီကတော့ အာဆင်နယ်အတွက် သွင်းဂိုးဟာ ပြစ်ဒဏ်ကျူးလွန်မှု တစ်ခုသာဖြစ်ပြီး ကစားသမားတစ်ဦး ဒဏ်ရာရနေလို့ ဘေးကန်ထုတ်ခဲ့တဲ့ ဘောလုံးကို အာဆင်နယ်ဘက် ကနေ ပြန်ပေးခဲ့ခြင်းမရှိပဲ ဂိုးသွင်းယူထိပါ လုပ်ဆောင်ခဲ့တာဟာ အရမ်းကို လေးစားမှု မရှိတဲ့ လုပ်ရပ်လို့ ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ သွင်းဂိုး မသွင်းယူနိုင်သေးခင် မိနစ်ပိုင်းမှာပဲ ဝက်ဖိုဒ့်ကွင်းလယ်လူ အိုဇန်တူဖန် ဒဏ်ရာရသွားခဲ့လို့ ဆေးကုသမှု ခံယူဖို့အတွက် ဘောလုံးကို ကွင်းဘေးစည်းဆီ ကန်ထုတ်ခဲ့ပေမယ့် အာဆင်နယ်ဘက်က ဒါကို ဝက်ဖိုဒ့်အသင်းဆီ ဘောလုံးပြန်မပေးခဲ့ပဲ

ဝက်ဖိုဒ့်ကွင်းဘက်မှာ ဆက်လက် တိုက်စစ်ဆင်ရင်းနဲ့ ဂိုးပါ ရရှိသွားခဲ့တာ ဖြစ်ကြောင်းနဲ့ အာဆင်နယ်အသင်းက ပြိုင်ဘက် အသင်းအပေါ် လေးစားမှုကင်းမဲ့ကြောင်းကို ပွဲအပြီး နည်းပြချင်း နှုတ်ဆက်ရာမှာ ရာနီရေးနီက အာဆင်နယ်နည်းပြ အာတီတာကို အသိပေး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ သွင်းဂိုးဖြစ်စဉ်မှာ အာဆင်နယ် ကစားသမား မီလန်းနိုင်းစ်က ဝက်ဖိုဒ့် တောင်ပံကစားသမား အစ္စမိုင်လာဆားဆီကို ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့ရာမှာလည်း ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်လို့ပါ ရာနီရေးနီက စွပ်စွဲပြောဆို ခဲ့ပါသေးတယ်။

Zawgyi Version

မေန႕ညက အာဆင္နယ္အသင္းနဲ႕ ဝက္ဖိုဒ့္အသင္းတို႔ရဲ႕ ပြဲစဥ္အတြင္းမွာ အိမ္ရွင္အာဆင္နယ္အသင္းက လူငယ္ကြင္းလယ္ ကစားသမားေလး စမစ္ရိုးရဲ႕ တစ္လုံးတည္းေသာသြင္းဂိုးနဲ႕ အနိုင္ရခဲ့ၿပီး အသင္းကိုလည္း ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာထိ ေရာက္ရွိေအာင္ တြန္းပို႔နိုင္ခဲ့ပါတယ္။

သို႔ေပမယ့္ ဝက္ဖိုဒ့္နည္းျပ ရာနီေရးနီကေတာ့ အာဆင္နယ္အတြက္ သြင္းဂိုးဟာ ျပစ္ဒဏ္က်ဴးလြန္မႈ တစ္ခုသာျဖစ္ၿပီး ကစားသမားတစ္ဦး ဒဏ္ရာရေနလို႔ ေဘးကန္ထုတ္ခဲ့တဲ့ ေဘာလုံးကို အာဆင္နယ္ဘက္ ကေန ျပန္ေပးခဲ့ျခင္းမရွိပဲ ဂိုးသြင္းယူထိပါ လုပ္ေဆာင္ခဲ့တာဟာ အရမ္းကို ေလးစားမႈ မရွိတဲ့ လုပ္ရပ္လို႔ ေဝဖန္သြားခဲ့ပါတယ္။

အာဆင္နယ္ အသင္းရဲ႕ သြင္းဂိုး မသြင္းယူနိုင္ေသးခင္ မိနစ္ပိုင္းမွာပဲ ဝက္ဖိုဒ့္ကြင္းလယ္လူ အိုဇန္တူဖန္ ဒဏ္ရာရသြားခဲ့လို႔ ေဆးကုသမႈ ခံယူဖို႔အတြက္ ေဘာလုံးကို ကြင္းေဘးစည္းဆီ ကန္ထုတ္ခဲ့ေပမယ့္ အာဆင္နယ္ဘက္က ဒါကို ဝက္ဖိုဒ့္အသင္းဆီ ေဘာလုံးျပန္မေပးခဲ့ပဲ

ဝက္ဖိုဒ့္ကြင္းဘက္မွာ ဆက္လက္ တိုက္စစ္ဆင္ရင္းနဲ႕ ဂိုးပါ ရရွိသြားခဲ့တာ ျဖစ္ေၾကာင္းနဲ႕ အာဆင္နယ္အသင္းက ၿပိဳင္ဘက္ အသင္းအေပၚ ေလးစားမႈကင္းမဲ့ေၾကာင္းကို ပြဲအၿပီး နည္းျပခ်င္း ႏႈတ္ဆက္ရာမွာ ရာနီေရးနီက အာဆင္နယ္နည္းျပ အာတီတာကို အသိေပး ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ အာဆင္နယ္အသင္းရဲ႕ သြင္းဂိုးျဖစ္စဥ္မွာ အာဆင္နယ္ ကစားသမား မီလန္းနိုင္းစ္က ဝက္ဖိုဒ့္ ေတာင္ပံကစားသမား အစၥမိုင္လာဆားဆီကို ေဘာလုံးရယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာလည္း ျပစ္ဒဏ္ က်ဴးလြန္ခဲ့တယ္လို႔ပါ ရာနီေရးနီက စြပ္စြဲေျပာဆို ခဲ့ပါေသးတယ္။