Spots news

အက်စတွန်ဗီလာနဲ့ အတူ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ရေပန်းစားနေတဲ့ ဂျရတ်

Unicode Version

စတီဗင် ဂျာရတ်ဟာ အက်စတွန်ဗီလာနည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲ ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆောက်သမ်တန်နဲ့ပွဲအပါအဝင် ၅ပွဲဆက် ရှုံးခဲ့ပြီးနောက် နည်းပြ ဒင်းစမစ်ကို ထုတ်ပယ်ခဲ့တာပါ။

ယခုနှဏ်ရာသီ ပရီးမီးယားလိဂ်မှာ ဒင်းစမစ်အပါအဝင်ဆိုရင် ရာသီတစ်ဝက်မကျိုးခင် နည်းပြ ၅ဦးအထိ ထုတ်ပယ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ရိန်းဂျားစ်မှာ အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ ဂျရတ်ကို ဗီလာ တာဝန်ရှိသူတွေက သဘောကျလျက် ရှိနေပါတယ်။

လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ ရိန်းဂျားစ်မှာ ၂၀၂၄ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ ရိန်းဂျားစ်ကို ၂၀၁၈မှာ စတင်ကိုင်တွယ်ခဲ့ပြီးနောက် ဂျရတ်ဟာ ယမန်နှစ်ရာသီက စကော့တလန် လိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ယူရိုပါလိဂ် ၁၆သင်းအဆင့်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

ယခုနှစ်ရာသီမှာလည်း ချန်ပီယံလိဂ် ခြေစစ်ပွဲကနေ ထွက်ခဲ့ရပေမဲ့ စကော့တလန်လိဂ်မှာတော့ ထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဂျရတ်တစ်ဦးတည်းကို လျာထားတာ မဟုတ်ပဲ ဆောက်သမ်တန်နည်းပြ ဟတ်ဆန်ဟတ်တီ၊ ဘရန်ဖို့ဒ်နည်းပြ သောမက်စ် ဖရန့်ခ်၊ ဒိန်းမတ်နည်းပြ ဟာဂျူမန်းတို့ကိုလည်း ချိတ်ဆက်နေခဲ့ပါတယ်။

ဒင်းစမစ်ဟာ ၂၀၁၈ခုနှစ် ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ဗီလာကို ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဗီလာဟာ ယမန်နှစ်ရာသီက အဆင့်၁၁နဲ့ ရာသီပိတ်သိမ်းခဲ့ပေမဲ့ ယခုနစ်ရာသီမှာတော့ ရုန်းကန်နေရကာ ၅ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Zawgyi Version

စတီဗင္ ဂ်ာရတ္ဟာ အက္စတြန္ဗီလာနည္းျပသစ္ ျဖစ္လာမယ့္ စာရင္းထဲ ထိပ္ဆုံးကေန ေရပန္းစားေနတယ္လို႔ သိရပါတယ္။ အက္စတြန္ဗီလာအသင္းဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႕က ေဆာက္သမ္တန္နဲ႕ပြဲအပါအဝင္ ၅ပြဲဆက္ ရႈံးခဲ့ၿပီးေနာက္ နည္းျပ ဒင္းစမစ္ကို ထုတ္ပယ္ခဲ့တာပါ။

ယခုႏွဏ္ရာသီ ပရီးမီးယားလိဂ္မွာ ဒင္းစမစ္အပါအဝင္ဆိုရင္ ရာသီတစ္ဝက္မက်ိဳးခင္ နည္းျပ ၅ဦးအထိ ထုတ္ပယ္ခံခဲ့ရၿပီး ျဖစ္ပါတယ္။ ရိန္းဂ်ားစ္မွာ အေကာင္းဆုံး စြမ္းေဆာင္ျပေနတဲ့ ဂ်ရတ္ကို ဗီလာ တာဝန္ရွိသူေတြက သေဘာက်လ်က္ ရွိေနပါတယ္။

လီဗာပူး အသင္းေခါင္းေဆာင္ေဟာင္းဟာ ရိန္းဂ်ားစ္မွာ ၂၀၂၄ခုႏွစ္ထိ စာခ်ဳပ္သက္တမ္း ရွိေနတယ္လို႔လည္း ဆိုပါတယ္။ ရိန္းဂ်ားစ္ကို ၂၀၁၈မွာ စတင္ကိုင္တြယ္ခဲ့ၿပီးေနာက္ ဂ်ရတ္ဟာ ယမန္ႏွစ္ရာသီက စေကာ့တလန္ လိဂ္ဆုဖလားကို ဆြတ္ခူးနိုင္ခဲ့သလို ယူရိုပါလိဂ္ ၁၆သင္းအဆင့္ကိုလည္း တက္ေရာက္နိုင္ခဲ့ပါတယ္။

ယခုႏွစ္ရာသီမွာလည္း ခ်န္ပီယံလိဂ္ ေျခစစ္ပြဲကေန ထြက္ခဲ့ရေပမဲ့ စေကာ့တလန္လိဂ္မွာေတာ့ ထိပ္ဆုံးမွာ ဦးေဆာင္ထားနိုင္ခဲ့ပါတယ္။ အက္စတြန္ဗီလာအသင္း နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ဂ်ရတ္တစ္ဦးတည္းကို လ်ာထားတာ မဟုတ္ပဲ ေဆာက္သမ္တန္နည္းျပ ဟတ္ဆန္ဟတ္တီ၊ ဘရန္ဖို႔ဒ္နည္းျပ ေသာမက္စ္ ဖရန႔္ခ္၊ ဒိန္းမတ္နည္းျပ ဟာဂ်ဴမန္းတို႔ကိုလည္း ခ်ိတ္ဆက္ေနခဲ့ပါတယ္။

ဒင္းစမစ္ဟာ ၂၀၁၈ခုႏွစ္ ခ်န္ပီယံရွစ္မွာ ႐ုန္းကန္ေနရတဲ့ ဗီလာကို ကိုင္တြယ္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို တန္းတက္နိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။ ဗီလာဟာ ယမန္ႏွစ္ရာသီက အဆင့္၁၁နဲ႕ ရာသီပိတ္သိမ္းခဲ့ေပမဲ့ ယခုနစ္ရာသီမွာေတာ့ ႐ုန္းကန္ေနရကာ ၅ပြဲဆက္ အရႈံးနဲ႕ ရင္ဆိုင္ခဲ့ရပါတယ္။