Unicode Version
စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းတို့ဟာ သူတို့အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒီဂျောင်နဲ့ စတာလင်းတို့ကို အလဲအထပ် လုပ်ဖို့ စဉ်းစားနေကြကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။
ဘာစီလိုနာအသင်းဟာ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် ဇာဗီရဲ့ တောင်းဆိုချက် အတိုင်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး မန်စီးတီးအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။
ဇာဗီဟာ ဘာစီလိုနာ အသင်းကို တောင်းဆိုမှု သုံးခု ပြုလုပ်ခဲ့ပြီး အဆိုပါ တောင်းဆိုမှုတွေထဲမှာ တောင်ပံတိုက်စစ် ကစားသမား တဦးကို မဖြစ်မနေ ခေါ်ယူပေးဖို့နဲ့ စတာလင်းကို ခေါ်ယူနိုင်ဖို့ အဓိကထား ကြိုးစားပေးဖို့ တိုက်တွန်းထားကြောင်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက အတည်ပြု ထားပါတယ်။
ဘာစီလိုနာဟာ ပြောင်းရွှေ့ကြေး များစွာ မသုံးနိုင်တဲ့ အနေအထားကြောင့် အသင်းရဲ့ ကစားသမားတွေထဲက တဦးကို အလိုက်ပေးကာ စတာလင်းကို ခေါ်ယူချင်နေပြီး တချိန်က ဂွာဒီယိုလာ ခေါ်ယူဖို့ ကြိုးစားဖူးတဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ အလဲအထပ် လုပ်ဖို့ ကမ်းလှမ်းဖွယ် ရှိကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာနများက ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ စတာလင်းကို ခေါ်ယူဖို့ ကြိုးစားနေသလို မန်စီးတီး အသင်းကလည်း အသက်အရွယ် ရလာတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုရဲ့ နေရာ အတွက် ဒီဂျောင်ကို သဘောကျနေတာကြောင့် စတာလင်းနဲ့ ဒီဂျောင်တို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ မကြာခင်မှာပဲ ဆွေးနွေးဖွယ် ရှိကြောင်း သိရပါတယ်။
စတာလင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပြီး ဒီဂျောင်ကလည်း ဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့် ရမယ့် အနေအထားကြောင့် မန်စီးတီး အသင်းဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်နိုင်ပြီး ဒီအလဲအထပ်ဟာ ဖြစ်ပေါ်ဖို့ လမ်းစများနေကြောင်း အတည်ပြုထားပါတယ်။
Zawgyi Version
စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းနဲ႕ အဂၤလန္ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ စီးတီးအသင္းတို႔ဟာ သူတို႔အသင္းရဲ႕ ကစားသမားေတြ ျဖစ္တဲ့ ဒီေဂ်ာင္နဲ႕ စတာလင္းတို႔ကို အလဲအထပ္ လုပ္ဖို႔ စဥ္းစားေနၾကေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။
ဘာစီလိုနာအသင္းဟာ ဇာဗီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ၿပီးေနာက္ ဇာဗီရဲ႕ ေတာင္းဆိုခ်က္ အတိုင္း ေတာင္ပံတိုက္စစ္ ကစားသမား တဦးကို ေခၚယူဖို႔ စီစဥ္ထားၿပီး မန္စီးတီးအသင္း ကေန ထြက္ခြာဖို႔ စဥ္းစားေနတဲ့ ေတာင္ပံတိုက္စစ္ ကစားသမား စတာလင္းဟာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမားပဲ ျဖစ္ပါတယ္။
ဇာဗီဟာ ဘာစီလိုနာ အသင္းကို ေတာင္းဆိုမႈ သုံးခု ျပဳလုပ္ခဲ့ၿပီး အဆိုပါ ေတာင္းဆိုမႈေတြထဲမွာ ေတာင္ပံတိုက္စစ္ ကစားသမား တဦးကို မျဖစ္မေန ေခၚယူေပးဖို႔နဲ႕ စတာလင္းကို ေခၚယူနိုင္ဖို႔ အဓိကထား ႀကိဳးစားေပးဖို႔ တိုက္တြန္းထားေၾကာင္း ဘာစီလိုနာအသင္းနဲ႕ နီးစပ္သူေတြက အတည္ျပဳ ထားပါတယ္။
ဘာစီလိုနာဟာ ေျပာင္းေ႐ႊ႕ေၾကး မ်ားစြာ မသုံးနိုင္တဲ့ အေနအထားေၾကာင့္ အသင္းရဲ႕ ကစားသမားေတြထဲက တဦးကို အလိုက္ေပးကာ စတာလင္းကို ေခၚယူခ်င္ေနၿပီး တခ်ိန္က ဂြာဒီယိုလာ ေခၚယူဖို႔ ႀကိဳးစားဖူးတဲ့ ကြင္းလယ္လူ ဒီေဂ်ာင္နဲ႕ အလဲအထပ္ လုပ္ဖို႔ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း နာမည္ႀကီး စပိန္ အေျခစိုက္ သတင္းဌာနမ်ားက ေဖာ္ျပခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ စတာလင္းကို ေခၚယူဖို႔ ႀကိဳးစားေနသလို မန္စီးတီး အသင္းကလည္း အသက္အ႐ြယ္ ရလာတဲ့ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ဟိုရဲ႕ ေနရာ အတြက္ ဒီေဂ်ာင္ကို သေဘာက်ေနတာေၾကာင့္ စတာလင္းနဲ႕ ဒီေဂ်ာင္တို႔ကို တိုက္ရိုက္ အလဲအထပ္ ျပဳလုပ္ဖို႔ မၾကာခင္မွာပဲ ေဆြးေႏြးဖြယ္ ရွိေၾကာင္း သိရပါတယ္။
စတာလင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ထဲက ဘာစီလိုနာအသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ခဲ့တာ ျဖစ္ၿပီး ဒီေဂ်ာင္ကလည္း ဂြာဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားခြင့္ ရမယ့္ အေနအထားေၾကာင့္ မန္စီးတီး အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ေခါင္းညိတ္နိုင္ၿပီး ဒီအလဲအထပ္ဟာ ျဖစ္ေပၚဖို႔ လမ္းစမ်ားေနေၾကာင္း အတည္ျပဳထားပါတယ္။