Spots news

မန်ယူက ကမ်းလှမ်းလာရင်တောင် ပုံစံမကြိုက်လို့ မလိုက်နိုင်ဘူးဆိုတဲ့ ဇီဒန်း

Unicode Version

ရီးရဲယ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ယူနိုက်တက်ကို ကိုင်တွယ်ဖို့အတွက် ဆန္ဒမရှိဘဲ တိကျသေချာစွာ ကမ်းလှမ်းလာခဲ့ရင်တောင် ငြင်းဆန်သွားမယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ အသက် (၄၉) နှစ်အရွယ် ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းဟာ ရီးရဲယ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတာပါ။

လက်ရှိယူနိုက်တက်မှာ နည်းပြ ဆိုးလ်ရှားအတွက် တော်တော်လေးဖိအားများနေပြီး ဒီနည်းပြနေရာမှာ အစားထိုးဖို့ ယူနိုက်တက်တို့ ဘရန်ဒန်ရော်ဂျာနဲ့ နှုတ်အားဖြင့်သဘောတူညီမှုရထားတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဘရန်ဒန်ရော်ဂျာကို ချက်ချင်းကိုင်တွယ်စေလိုတာဖြစ်ပြီး ဘရန်ဒန်ရော်ဂျာကတော့ ရာသီကုန်ထိ စောင့်ဆိုင်းဖို့ ဆန္ဒရှိနေပါတယ်။

စပိန်နာမည်ကြီးသတင်းစာ AS ကလည်း ယူနိုက်တက်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုရလာရင်တောင် ဇီဒန်းက အသင်းရဲ့စီမံကိန်းအနေအထားကိုမကြိုက်တာကြောင့် လက်ခံမှာမဟုတ်ဘဲ ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်ခွင့်ရဖို့အတွက်သာ စောင့်ဆိုင်းသွားမယ်လို့ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ဇီဒန်းအနေနဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ဖို့အတွက် အဲ့ဒီအသင်းရဲ့ စီမံကိန်းတွေကိုလည်း အကဲခတ်လိုပြီး အောင်မြင်ချင်တဲ့စီမံကိန်းမရှိရင်တော့ ကိုင်တွယ်သွားမှာမဟုတ်ဘူးလို့ AS ကပဲ ဖော်ပြခဲ့ပါသေးတယ်။ လက်ရှိယူနိုက်တက်အနေအထားက တော်တော်လေးရှုပ်ထွေးနေပြီး အသင်းတာဝန်ရှိသူတွေကလည်း သူတို့ကြိုးဆွဲရာကပေးတဲ့ ဆိုးလ်ရှားလိုနည်းပြမျိုးကိုသာ အလိုရှိနေတာပါ။

အဲ့ဒါကြောင့်လည်း ရီးရဲယ်မက်ဒရစ်မှာတောင် အသင်းဥက္ကဌ ပီရက်ဇ်ကို ဝင်ရောက်စွက်ဖက်ခွင့်မပေးချင်တဲ့ ဇီဒန်းအနေနဲ့ ယူနိုက်တက်ကို လာရောက်ကိုင်တွယ်ဖို့ ခဲယဥ်းနေပါတယ်။ ယူနိုက်တက်ဟာ ကွန်တီကို ခန့်အပ်ဖို့ သတင်းတွေထွက်ခဲ့သေးပေမယ့် လက်ရှိအချိန်မှာ ကွန်တီက စပါးကို ရောက်ရှိသွားခဲ့ပါပြီ။

လက်ရှိပရီးမီးယားလိဂ်မှာ နည်းပြအပြောင်းအလဲတွေ ခပ်ကြမ်းကြမ်းဖြစ်ပေါ်နေပြီး ဒီ (၂၄) နာရီအတွင်းမှာပဲ နော့ဝစ်ချ်နည်းပြ ဖာကီ၊ အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်တို့ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းတွေက ဆိုးလ်ရှားကို ယူနိုက်တက်မှာဆက်ရှိစေချင်တာကြောင့် ယူနိုက်တက်အနေနဲ့ နည်းပြအပြောင်းအလဲ အမြန်ဆုံးပြုလုပ်သင့်ပြီလို့ ပရီးမီးယားလိဂ်ကစားသမားဟောင်း မာဖီကလည်း သတိပေးထားပါတယ်။

Zawgyi Version

ရီးရဲယ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းက ယူနိုက္တက္ကို ကိုင္တြယ္ဖို႔အတြက္ ဆႏၵမရွိဘဲ တိက်ေသခ်ာစြာ ကမ္းလွမ္းလာခဲ့ရင္ေတာင္ ျငင္းဆန္သြားမယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ အသက္ (၄၉) ႏွစ္အ႐ြယ္ ျပင္သစ္လူမ်ိဳးနည္းျပ ဇီဒန္းဟာ ရီးရဲယ္မက္ဒရစ္နဲ႕ လမ္းခြဲခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္ထိ အသင္းလက္မဲ့ျဖစ္ေနတာပါ။

လက္ရွိယူနိုက္တက္မွာ နည္းျပ ဆိုးလ္ရွားအတြက္ ေတာ္ေတာ္ေလးဖိအားမ်ားေနၿပီး ဒီနည္းျပေနရာမွာ အစားထိုးဖို႔ ယူနိုက္တက္တို႔ ဘရန္ဒန္ေရာ္ဂ်ာနဲ႕ ႏႈတ္အားျဖင့္သေဘာတူညီမႈရထားတယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေနပါတယ္။ ဒါေပမယ့္ ယူနိုက္တက္က ဘရန္ဒန္ေရာ္ဂ်ာကို ခ်က္ခ်င္းကိုင္တြယ္ေစလိုတာျဖစ္ၿပီး ဘရန္ဒန္ေရာ္ဂ်ာကေတာ့ ရာသီကုန္ထိ ေစာင့္ဆိုင္းဖို႔ ဆႏၵရွိေနပါတယ္။

စပိန္နာမည္ႀကီးသတင္းစာ AS ကလည္း ယူနိုက္တက္နည္းျပရာထူးအတြက္ ကမ္းလွမ္းမႈရလာရင္ေတာင္ ဇီဒန္းက အသင္းရဲ႕စီမံကိန္းအေနအထားကိုမႀကိဳက္တာေၾကာင့္ လက္ခံမွာမဟုတ္ဘဲ ျပင္သစ္လက္ေ႐ြးစင္ကို ကိုင္တြယ္ခြင့္ရဖို႔အတြက္သာ ေစာင့္ဆိုင္းသြားမယ္လို႔ ေဖာ္ျပခဲ့တာပါ။

ဒါ့အျပင္ ဇီဒန္းအေနနဲ႕ အသင္းတစ္သင္းကို ကိုင္တြယ္ဖို႔အတြက္ အဲ့ဒီအသင္းရဲ႕ စီမံကိန္းေတြကိုလည္း အကဲခတ္လိုၿပီး ေအာင္ျမင္ခ်င္တဲ့စီမံကိန္းမရွိရင္ေတာ့ ကိုင္တြယ္သြားမွာမဟုတ္ဘူးလို႔ AS ကပဲ ေဖာ္ျပခဲ့ပါေသးတယ္။ လက္ရွိယူနိုက္တက္အေနအထားက ေတာ္ေတာ္ေလးရႈပ္ေထြးေနၿပီး အသင္းတာဝန္ရွိသူေတြကလည္း သူတို႔ႀကိဳးဆြဲရာကေပးတဲ့ ဆိုးလ္ရွားလိုနည္းျပမ်ိဳးကိုသာ အလိုရွိေနတာပါ။

အဲ့ဒါေၾကာင့္လည္း ရီးရဲယ္မက္ဒရစ္မွာေတာင္ အသင္းဥကၠဌ ပီရက္ဇ္ကို ဝင္ေရာက္စြက္ဖက္ခြင့္မေပးခ်င္တဲ့ ဇီဒန္းအေနနဲ႕ ယူနိုက္တက္ကို လာေရာက္ကိုင္တြယ္ဖို႔ ခဲယဥ္းေနပါတယ္။ ယူနိုက္တက္ဟာ ကြန္တီကို ခန့္အပ္ဖို႔ သတင္းေတြထြက္ခဲ့ေသးေပမယ့္ လက္ရွိအခ်ိန္မွာ ကြန္တီက စပါးကို ေရာက္ရွိသြားခဲ့ပါၿပီ။

လက္ရွိပရီးမီးယားလိဂ္မွာ နည္းျပအေျပာင္းအလဲေတြ ခပ္ၾကမ္းၾကမ္းျဖစ္ေပၚေနၿပီး ဒီ (၂၄) နာရီအတြင္းမွာပဲ ေနာ့ဝစ္ခ်္နည္းျပ ဖာကီ၊ အက္စတြန္ဗီလာနည္းျပ ဒင္းစမစ္တို႔ ရာထူးက ထုတ္ပယ္ခံခဲ့ရပါတယ္။ ၿပိဳင္ဘက္အသင္းေတြက ဆိုးလ္ရွားကို ယူနိုက္တက္မွာဆက္ရွိေစခ်င္တာေၾကာင့္ ယူနိုက္တက္အေနနဲ႕ နည္းျပအေျပာင္းအလဲ အျမန္ဆုံးျပဳလုပ္သင့္ၿပီလို႔ ပရီးမီးယားလိဂ္ကစားသမားေဟာင္း မာဖီကလည္း သတိေပးထားပါတယ္။