Spots news

နည်းပြဖာဂူဆန်ရဲ့ ထောက်ခံမှုနဲ့ အတူ ရာသီကုန်ထိဆက်ရှိနေမှာ သေချာသွားတဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၅ပွဲ အထိ ရှုံးနိမ့်ထားပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား အပေါ် နည်းပြဟောင်း ဖာဂူဆန် ဦးဆောင်တဲ့ ဘုတ်အဖွဲ့ဟာ ယုံကြည်မှု အပြည့် ရှိနေသေးကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ယူနိုက်တက်ဟာ ဆန်ချို ဗာရန်း ရော််နယ်ဒို စတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူထား ပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ လက်ရှိ အချိန်အထိ တိကျတဲ့ ကစားကွက်ကို ပုံဖော်နိုင်ခြင်း မရှိပဲ ရလဒ်တွေ ဆိုးရွားနေတာပါ။ လက်ရှိ ရလဒ်တွေအရ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ဝင်ခွင့် အတွက်ကိုပဲ တိုက်ပွဲဝင်ရမယ့် အနေအထားကို ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံး ဆိုတဲ့ အရှက်ရဖွယ် ရလဒ်တခုကို ရရှိခဲ့သလို ချန်ပီယံလိဂ် မှာလည်း ဗီလာရီးရဲလ်နဲ့ အတ္တလန်တာတို့ကို ခြေစွမ်းပိုင်း အသာစီး ရယူနိုင်ခြင်း မရှိပဲ ရော်နယ်ဒိုရဲ့ အဖိုးတန် သွင်းဂိုးတွေကြောင့်သာ အနိုင်ရလဒ်နဲ့ သရေရလဒ် တို့ကိုသာ ပိုင်ဆိုင်ခဲ့တာပါ။

ထို့ကြောင့် ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူတို့က အသင်းအနေနဲ့ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုက်တွန်းနေကြပေမယ့် ဆာအဲလက်စ် ဖာဂူဆန် ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကို ယုံကြည်နေဆဲ ဖြစ်ပါတယ်။

Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲမှာ ခါးသီးပြိုင်ဘက်တွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ကို ၀-၅ ၊ ၀-၂ ဆိုတဲ့ ရလဒ်တွေနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ဆိုးလ်ရှားဟာ အသင်းအတွက် သင့်တော်တဲ့ နည်းပြဖြစ်ကြောင်း

ယုံကြည်နေဆဲ ဖြစ်ပြီး ဆိုးလ်ရှားကို ဆက်လက် တာဝန်ပေးဖို့ ထောက်ခံထားကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုကသာ ဆိုးလ်ရှားကို ရာထူးကနေ မထုတ်ခဲ့ရင် ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဆက်ပြီး ကိုင်တွယ်နေဦးမယ်လို့ သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၀ပြဲမွာ ၅ပြဲ အထိ ရႈံးနိမ့္ထားေပမယ့္ အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွား အေပၚ နည္းျပေဟာင္း ဖာဂူဆန္ ဦးေဆာင္တဲ့ ဘုတ္အဖြဲ႕ဟာ ယုံၾကည္မႈ အျပည့္ ရွိေနေသးေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳ ဗာရန္း ေရာ္္နယ္ဒို စတဲ့ ကစားသမားေကာင္းေတြကို ေခၚယူထား ေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ လက္ရွိ အခ်ိန္အထိ တိက်တဲ့ ကစားကြက္ကို ပုံေဖာ္နိုင္ျခင္း မရွိပဲ ရလဒ္ေတြ ဆိုး႐ြားေနတာပါ။ လက္ရွိ ရလဒ္ေတြအရ လာမယ့္ရာသီ ဥေရာပၿပိဳင္ပြဲေတြ ဝင္ခြင့္ အတြက္ကိုပဲ တိုက္ပြဲဝင္ရမယ့္ အေနအထားကို ေရာက္ေနခဲ့ၿပီ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၁ ပြဲနိုင္ ၁ ပြဲသေရ ၄ ပြဲရႈံး ဆိုတဲ့ အရွက္ရဖြယ္ ရလဒ္တခုကို ရရွိခဲ့သလို ခ်န္ပီယံလိဂ္ မွာလည္း ဗီလာရီးရဲလ္နဲ႕ အတၱလန္တာတို႔ကို ေျခစြမ္းပိုင္း အသာစီး ရယူနိုင္ျခင္း မရွိပဲ ေရာ္နယ္ဒိုရဲ႕ အဖိုးတန္ သြင္းဂိုးေတြေၾကာင့္သာ အနိုင္ရလဒ္နဲ႕ သေရရလဒ္ တို႔ကိုသာ ပိုင္ဆိုင္ခဲ့တာပါ။

ထို႔ေၾကာင့္ ယူနိုက္တက္အသင္းရဲ႕ ပရိသတ္ေတြနဲ႕ ေဘာလုံးေရးရာ သုံးသပ္ ေဝဖန္သူတို႔က အသင္းအေနနဲ႕ နည္းျပဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ တိုက္တြန္းေနၾကေပမယ့္ ဆာအဲလက္စ္ ဖာဂူဆန္ ဦးေဆာင္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ဘုတ္အဖြဲ႕ဟာ ဆိုးလ္ရွားကို ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။

Guardian သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေနာက္ဆုံး ကစားခဲ့တဲ့ အိမ္ကြင္းႏွစ္ပြဲမွာ ခါးသီးၿပိဳင္ဘက္ေတြ ျဖစ္တဲ့ လီဗာပူးနဲ႕ မန္ခ်က္စတာ စီးတီးတို႔ကို ၀-၅ ၊ ၀-၂ ဆိုတဲ့ ရလဒ္ေတြနဲ႕ ဂိုးျပတ္ အေရးနိမ့္ခဲ့ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ ဘုတ္အဖြဲ႕က ဆိုးလ္ရွားဟာ အသင္းအတြက္ သင့္ေတာ္တဲ့ နည္းျပျဖစ္ေၾကာင္း

ယုံၾကည္ေနဆဲ ျဖစ္ၿပီး ဆိုးလ္ရွားကို ဆက္လက္ တာဝန္ေပးဖို႔ ေထာက္ခံထားေၾကာင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပိုင္ရွင္ မိသားစု ျဖစ္တဲ့ ဂေလဇာမိသားစုကသာ ဆိုးလ္ရွားကို ရာထူးကေန မထုတ္ခဲ့ရင္ ဆိုးလ္ရွားဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ဆက္ၿပီး ကိုင္တြယ္ေနဦးမယ္လို႔ သိရပါတယ္။