Spots news

ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စောင့်ကြည့် နေပါတယ်။ ရူဒီဂါဟာ ရာသီအကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရူဒီဂါအနေနဲ့ ဇန်နဝါရီမှာ တင် အခြားတစ်သင်းနဲ့ ကြိုတင် စာချုပ် ချုပ်ဆိုခွင့် ရှိနေပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ် ခံစစ်မှာ အလာဘာနဲ့ မီလီတာအိုတို့က တွဲဖက်ညီညီ ခြေစွမ်းပြနေပြီး ရူဒီဂါသာ ရောက်ရှိ လာရင်တော့ ပိုမို ပြည့်စုံသွားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အလွတ်ပြောင်းရွှေ့ကြေး ဖြစ်တဲ့အတွက် ရူဒီဂါကို တစ်ပါတ် လုပ်ခ ပေါင်၂ သိန်း အထိပေးကာ ကမ်းလှမ်း သွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ရာသီအကုန်မှာ အသင်းကနာမည်ကျော် အချို့ကိုလည်း ထုတ်ရောင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးကနေ ပြောင်းရွှေ့ ကြေးမြင့်မားစွာ ပေးချေ ခေါ်ယူထားတဲ့ အီဒင်ဟာဇက်ကို ရောင်းချဖို့ ရှိသလို ဂါရတ်ဘေးလ် အစ္စကို မာဆယ်လို တို့လည်း ထွက်ခွာဖို့ ရှိပါတယ်။

 

ရာသီကုန်မှာ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်လို့ ရိုဒီဂါကို စာချုပ်တိုးမြှင့်ဖို့ ချဲလ်ဆီး အသင်းဘက်က ကြိုးစား ခဲ့ပေမယ့် အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပါတယ်။ ၂၀၁၇ တုန်းက ရိုးမားကနေ ပြောင်းရွှေ့လာတဲ့ ရူဒီဂါဟာ အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြသ ကစားနေသလို ချဲလ်ဆီးကို ချန်ပီယံလိဂ် ဖလား ရရှိအောင်လည်း ကူညီ စွမ်းဆောင် ပေးထားပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ေႏြမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ရရွိနိုင္မယ့္ ခ်ဲလ္ဆီးေနာက္ခံလူ ႐ူဒီဂါကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူရန္ ေစာင့္ၾကည့္ ေနပါတယ္။ ႐ူဒီဂါဟာ ရာသီအကုန္မွာ ခ်ဲလ္ဆီးနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ူဒီဂါအေနနဲ႕ ဇန္နဝါရီမွာ တင္ အျခားတစ္သင္းနဲ႕ ႀကိဳတင္ စာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ ရွိေနပါတယ္။

လက္ရွိ ရီးရဲလ္မက္ဒရစ္ ခံစစ္မွာ အလာဘာနဲ႕ မီလီတာအိုတို႔က တြဲဖက္ညီညီ ေျခစြမ္းျပေနၿပီး ႐ူဒီဂါသာ ေရာက္ရွိ လာရင္ေတာ့ ပိုမို ျပည့္စုံသြားနိုင္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကး ျဖစ္တဲ့အတြက္ ႐ူဒီဂါကို တစ္ပါတ္ လုပ္ခ ေပါင္၂ သိန္း အထိေပးကာ ကမ္းလွမ္း သြားဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ရာသီအကုန္မွာ အသင္းကနာမည္ေက်ာ္ အခ်ိဳ႕ကိုလည္း ထုတ္ေရာင္းဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးကေန ေျပာင္းေ႐ႊ႕ ေၾကးျမင့္မားစြာ ေပးေခ် ေခၚယူထားတဲ့ အီဒင္ဟာဇက္ကို ေရာင္းခ်ဖိဳ႕ ရွိသလို ဂါရတ္ေဘးလ္ အစၥကို မာဆယ္လို တို႔လည္း ထြက္ခြာဖို႔ ရွိပါတယ္။

ရာသီကုန္မွာ စာခ်ဳပ္ ကုန္ဆုံးေတာ့မွာ ျဖစ္လို႔ ရိုဒီဂါကို စာခ်ဳပ္တိုးျမႇင့္ဖို႔ ခ်ဲလ္ဆီး အသင္းဘက္က ႀကိဳးစား ခဲ့ေပမယ့္ အႀကိမ္ႀကိမ္ ျငင္းပယ္ခဲ့ပါတယ္။ ၂၀၁၇ တုန္းက ရိုးမားကေန ေျပာင္းေ႐ႊ႕လာတဲ့ ႐ူဒီဂါဟာ အသင္းရဲ႕ အဓိကေနာက္ခံလူတစ္ဦးအျဖစ္ ေျခစြမ္းျပသ ကစားေနသလို ခ်ဲလ္ဆီးကို ခ်န္ပီယံလိဂ္ ဖလား ရရွိေအာင္လည္း ကူညီ စြမ္းေဆာင္ ေပးထားပါတယ္။