Spots news

အသင်းခေါင်းဆောင်ရာထူး အတွက် အရမ်းကျေးဇူးတင်နေတဲ့ တော်မီနေး

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ FA cup ရဲ့ တတိယ အဆင့်မှာ ဝက်ဖို့ဒ် အသင်းကို အိုးလ် ထရပ်ဖို့ဒ် မှာ ဧည့်ခံ ကစား ခဲ့ပြီး အသင်းခေါင်းဆောင် တော်မီနေး ရဲ့ ခေါင်းတိုက် သွင်းဂိုး ဖြင့် ၁-၀ ရလဒ် ရ ယူကာ နောက် တစ်ဆင့် သို့ တက်လှမ်း နိုင်ခဲ့ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နည်းပြ ဆိုလ်းရှား ရဲ့ စကား အတိုင်း ပွဲဆက် များနေတဲ့ ကစားသမား တွေကို အနားပေး ခဲ့ ပါတယ်။

ပွဲထွက် ခွင့် နည်းပါး ခဲ့တဲ့ အရံ ကစားသမား တွေကို ပွဲထုတ် ခဲ့ပြီး ဗဟို ခံစစ်မှာ ဘိုင်လီ နဲ့ တွမ်ဇီဘီ ၊ ညာခြမ်း မှာ ဘရန်ဒန် ဝီလီယမ်စ် ၊ ဘယ်ခြမ်း မှာ တဲလက်စ် တို့ နဲ့အတူ ဗန်ဒီဘိခ်၊ မာတာ၊ ဂျိမ်းမ်၊ လင်ဂတ်၊ ဂရင်းဝုဒ် တို့ နဲ့ အတူ ပွဲထွက် လာခဲ့ ပါတယ် ။

မက်ဂွိုင်းယား မပါဝင် တာမို့ တော်မီးနေး က အသင်း ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့ပြီး ပွဲ စ ၅ မိနစ် မှာပဲ ဘယ် တောင်ပံ ကနေ ဂျိမ်းစ် ရဲ့ ကန်သွင်း မှုကို ဝတ်ဖို့ဒ် ဂိုးသမား ဘက်ချ်မန်း ကာကွယ် သွားခဲ့ ပြီး ဒီ ကနေ ရတဲ့ ထောင့်ကန်ဘော ကိုတော့ အဲလက်စ် တဲလက်စ် ကန်ပို့ ရာမှာ ကွင်းလယ် လူ မက်တော်မီနေး က မြေထောက်ခေါင်းတိုက် ချက်နဲ့ အဖွင့်ဂိုး အဖြစ် ပြောင်းလဲနိုင် ခဲ့ပါတယ်။

ပွဲစဉ် ရဲ့ တစ်လုံး တည်းသော အနိုင်ဂိုး ကို သွင်းယူ ခဲ့ပြီး အသင်း ခေါင်းဆောင် ဖြစ်ခဲ့ တဲ့ မက်တော်မီနေး ကတော့ သူ ငယ်စဉ် ကတည်းက ကစား လာခဲ့ တဲ့ အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်ခွင့် ရခဲ့တာ အိမ်မက် တစ်ခု လိုဖြစ်ပြီး ၊ ယူနိုက်တက် ချစ် မြတ်နိုးပြီး ပေးဆပ် ကစားမည် ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ်။

“ မင်း အသင်း ခေါင်းဆောင် လုပ် ရမယ်လို့ နည်းပြ က ကျွန်တော့်ကို ပြောခဲ့တဲ့ အချိန်မှာ တကယ် မယုံနိုင် ဘူးဗျာ ။ အရမ်း ကို အိမ်မက် ဆန် ပါတယ် ။ ယူနိုက်တက်မှာ ကျွန်တော် ငါးနှစ်သား ကတည်း က ဘောလုံးကန် လာခဲ့ တာပါ။ ကျွန်တော် ဒီ အသင်းကို အရမ်းချစ် ပါတယ် ။ အသင်းမှာ နှစ်ပေါင်း များ စွာ‌ နေလာတဲ့ ကျွန်တော့် အတွက် ဂုဏ်ပြု ခံရ ခြင်း ပါပဲ ” လို့ တော်မီနေး က ပွဲပြီး အင်တာဗျူး မှာ ဖြေကြား သွားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ FA cup ရဲ႕ တတိယ အဆင့္မွာ ဝက္ဖို႔ဒ္ အသင္းကို အိုးလ္ ထရပ္ဖို႔ဒ္ မွာ ဧည့္ခံ ကစား ခဲ့ၿပီး အသင္းေခါင္းေဆာင္ ေတာ္မီေနး ရဲ႕ ေခါင္းတိုက္ သြင္းဂိုး ျဖင့္ ၁-၀ ရလဒ္ ရ ယူကာ ေနာက္ တစ္ဆင့္ သို႔ တက္လွမ္း နိုင္ခဲ့ ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ နည္းျပ ဆိုလ္းရွား ရဲ႕ စကား အတိုင္း ပြဲဆက္ မ်ားေနတဲ့ ကစားသမား ေတြကို အနားေပး ခဲ့ ပါတယ္။

ပြဲထြက္ ခြင့္ နည္းပါး ခဲ့တဲ့ အရံ ကစားသမား ေတြကို ပြဲထုတ္ ခဲ့ၿပီး ဗဟို ခံစစ္မွာ ဘိုင္လီ နဲ႕ တြမ္ဇီဘီ ၊ ညာျခမ္း မွာ ဘရန္ဒန္ ဝီလီယမ္စ္ ၊ ဘယ္ျခမ္း မွာ တဲလက္စ္ တို႔ နဲ႕အတူ ဗန္ဒီဘိခ္၊ မာတာ၊ ဂ်ိမ္းမ္၊ လင္ဂတ္၊ ဂရင္းဝုဒ္ တို႔ နဲ႕ အတူ ပြဲထြက္ လာခဲ့ ပါတယ္ ။

မက္ဂြိုင္းယား မပါဝင္ တာမို႔ ေတာ္မီးေနး က အသင္း ေခါင္းေဆာင္ အျဖစ္ တာဝန္ ယူ ခဲ့ၿပီး ပြဲ စ ၅ မိနစ္ မွာပဲ ဘယ္ ေတာင္ပံ ကေန ဂ်ိမ္းစ္ ရဲ႕ ကန္သြင္း မႈကို ဝတ္ဖို႔ဒ္ ဂိုးသမား ဘက္ခ်္မန္း ကာကြယ္ သြားခဲ့ ၿပီး ဒီ ကေန ရတဲ့ ေထာင့္ကန္ေဘာ ကိုေတာ့ အဲလက္စ္ တဲလက္စ္ ကန္ပို႔ ရာမွာ ကြင္းလယ္ လူ မက္ေတာ္မီေနး က ေျမေထာက္ေခါင္းတိုက္ ခ်က္နဲ႕ အဖြင့္ဂိုး အျဖစ္ ေျပာင္းလဲနိုင္ ခဲ့ပါတယ္။

ပြဲစဥ္ ရဲ႕ တစ္လုံး တည္းေသာ အနိုင္ဂိုး ကို သြင္းယူ ခဲ့ၿပီး အသင္း ေခါင္းေဆာင္ ျဖစ္ခဲ့ တဲ့ မက္ေတာ္မီေနး ကေတာ့ သူ ငယ္စဥ္ ကတည္းက ကစား လာခဲ့ တဲ့ အသင္း ရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္ခြင့္ ရခဲ့တာ အိမ္မက္ တစ္ခု လိုျဖစ္ၿပီး ၊ ယူနိုက္တက္ ခ်စ္ ျမတ္နိုးၿပီး ေပးဆပ္ ကစားမည္ ျဖစ္ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္။

“ မင္း အသင္း ေခါင္းေဆာင္ လုပ္ ရမယ္လို႔ နည္းျပ က ကြၽန္ေတာ့္ကို ေျပာခဲ့တဲ့ အခ်ိန္မွာ တကယ္ မယုံနိုင္ ဘူးဗ်ာ ။ အရမ္း ကို အိမ္မက္ ဆန္ ပါတယ္ ။ ယူနိုက္တက္မွာ ကြၽန္ေတာ္ ငါးႏွစ္သား ကတည္း က ေဘာလုံးကန္ လာခဲ့ တာပါ။ ကြၽန္ေတာ္ ဒီ အသင္းကို အရမ္းခ်စ္ ပါတယ္ ။ အသင္းမွာ ႏွစ္ေပါင္း မ်ား စြာ‌ ေနလာတဲ့ ကြၽန္ေတာ့္ အတြက္ ဂုဏ္ျပဳ ခံရ ျခင္း ပါပဲ ” လို႔ ေတာ္မီေနး က ပြဲၿပီး အင္တာဗ်ဴး မွာ ေျဖၾကား သြားခဲ့ပါတယ္။