Spots news

မန်ယူအတွက် ဆိုးလ်းရှား တာဝန်ကျေခဲ့လို့ ထွက်သွားလို့ရပါပြီလို့ ဖာဒီနန်ပြော

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၄ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိလာပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဆိုးလ်ရှားကို အချိန်အနည်းငယ် ထပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန် အထိ အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေသေးတဲ့ ရီယို ဖာဒီနန်ကတော့ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝဟာ အဆုံးသတ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်းနဲ့ ဆိုးလ်ရှားက ပျက်စီးယိုယွင်းနေတဲ့

မန်ချက်စတာ ယူနိုက်တက်အသင်းကို အကောင်းဆုံး အနေအထား ရအောင် ပြန်လည် တည်ဆောက်ပေးနိုင်ခဲ့တာကြောင့် အသင်းကနေ ရင်ကော့ ခေါင်းမော့ပြီး ထွက်ခွာသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီယို ဖာဒီနန်က “ ကျွန်တော် မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို အပတ်တိုင်း ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေက တိကျတဲ့ နည်းစနစ်တခုနဲ့ ကစားနေတယ်လို့ မခံစားရပါဘူး။ သူတို့ကို ကြည့်ရတာ နည်းစနစ် လမ်းညွှန်ချက်တွေ မရထားတဲ့ လူတွေလိုပါပဲ။ ကျွန်တော်က အမြဲတမ်း အတွေးလွန်တတ်တဲ့ လူစားမျိုးပါ။

ဆိုးလ်ရှားက မန်ချက်စတာ ယူနိုက်တက်အသင်းကို ချန်ပီယံ ဖြစ်အောင် ပြုလုပ်ပေးနိုင်မယ့် နည်းပြလား။ ကျွန်တော်ကတော့ အဲ့ဒီလို မထင်ပါဘူး။ ဆိုးလ်ရှားအနေနဲ့ အသင်းကို အခြေပျက်နေတဲ့ အနေအထား ကနေ အခုလို ခိုင်မာတဲ့ အနေအထား ရောက်အောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူ့ရဲ့ တာဝန်ကျေပြီလို့ ပြောရင်လည်း မမှားပါဘူး။ အခုကတော့ သူ့အနေနဲ့ အသင်းကို ဆုဖလားတွေ ရယူပေးနိုင်မယ့် နည်းပြတဦးဆီ လွှဲပြောင်းပေးရမယ့် အချိန်ပါ။ ပြီးတော့ သူဟာ အသင်းကနေ ရင်ကော့ ခေါင်းမော့ပြီး ထွက်ခွာနိုင်ပါပြီ” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ ေနာက္ခံလူ တဦး ျဖစ္သူ ဖာဒီနန္ကေတာ့ သူ႕ရဲ႕ အသင္းေဟာင္းဟာ လက္ရွိနည္းျပ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္သင့္ၿပီလို႔ တိုက္တြန္း အႀကံေပးသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အဆင့္၂ေနရာနဲ႕ ရာသီသိမ္းနိုင္ခဲ့ေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ ရလဒ္ေကာင္းေတြ ရရွိဖို႔ ႐ုန္းကန္ေနရၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ပြဲမွာ ၄ပြဲအထိ ရႈံးနိမ့္ထားပါတယ္။

ဒါေၾကာင့္လည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုမႈေတြ ရွိလာၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေတာ့ ဆိုးလ္ရွားကို အခ်ိန္အနည္းငယ္ ထပ္ေပးဖို႔ ဆုံးျဖတ္ထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ ေနာက္ခံလူ တဦး ျဖစ္သလို လက္ရွိအခ်ိန္ အထိ အသင္းနဲ႕ ဆက္ဆံေရးေကာင္းေတြ ရွိေနေသးတဲ့ ရီယို ဖာဒီနန္ကေတာ့ ဆိုးလ္ရွားရဲ႕ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပဘဝဟာ အဆုံးသတ္ဖို႔ အခ်ိန္တန္ၿပီ ျဖစ္ေၾကာင္းနဲ႕ ဆိုးလ္ရွားက ပ်က္စီးယိုယြင္းေနတဲ့

မန္ခ်က္စတာ ယူနိုက္တက္အသင္းကို အေကာင္းဆုံး အေနအထား ရေအာင္ ျပန္လည္ တည္ေဆာက္ေပးနိုင္ခဲ့တာေၾကာင့္ အသင္းကေန ရင္ေကာ့ ေခါင္းေမာ့ၿပီး ထြက္ခြာသင့္ေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ရီယို ဖာဒီနန္က “ ကြၽန္ေတာ္ မန္ယူအသင္းရဲ႕ ပြဲစဥ္ေတြကို အပတ္တိုင္း ၾကည့္ျဖစ္ပါတယ္။ ဒါေပမယ့္ ကစားသမားေတြက တိက်တဲ့ နည္းစနစ္တခုနဲ႕ ကစားေနတယ္လို႔ မခံစားရပါဘူး။ သူတို႔ကို ၾကည့္ရတာ နည္းစနစ္ လမ္းၫႊန္ခ်က္ေတြ မရထားတဲ့ လူေတြလိုပါပဲ။ ကြၽန္ေတာ္က အၿမဲတမ္း အေတြးလြန္တတ္တဲ့ လူစားမ်ိဳးပါ။

ဆိုးလ္ရွားက မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ခ်န္ပီယံ ျဖစ္ေအာင္ ျပဳလုပ္ေပးနိုင္မယ့္ နည္းျပလား။ ကြၽန္ေတာ္ကေတာ့ အဲ့ဒီလို မထင္ပါဘူး။ ဆိုးလ္ရွားအေနနဲ႕ အသင္းကို အေျခပ်က္ေနတဲ့ အေနအထား ကေန အခုလို ခိုင္မာတဲ့ အေနအထား ေရာက္ေအာင္ တည္ေဆာက္ေပးနိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ သူ႕ရဲ႕ တာဝန္ေက်ၿပီလို႔ ေျပာရင္လည္း မမွားပါဘူး။ အခုကေတာ့ သူ႕အေနနဲ႕ အသင္းကို ဆုဖလားေတြ ရယူေပးနိုင္မယ့္ နည္းျပတဦးဆီ လႊဲေျပာင္းေပးရမယ့္ အခ်ိန္ပါ။ ၿပီးေတာ့ သူဟာ အသင္းကေန ရင္ေကာ့ ေခါင္းေမာ့ၿပီး ထြက္ခြာနိုင္ပါၿပီ” လို႔ ေျပာၾကားခဲ့တာပါ။