Spots news

ဆာလာ နဲ့ ရော်နယ်ဒို အတူတူပါပဲ လို့ဆိုလာတဲ့ လီဗာပူးကစားသမား ဂျိုတာ

Unicode Version

လီဗာပူးတိုက်စစ် ကစားသမား တစ်ယောက်ဖြစ်တဲ့ ဒီယေဂိုဂျိုတာက သူ့ရဲ့အသင်းဖော် မိုဟာမက် ဆာလာဟာ ရော်နယ်ဒိုလို အဆင့်မျိုးကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ ချီးကျူး စကားပြောကြားခဲ့ပါတယ်။

ဆာလာဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၄) ပွဲကစား၊ (၁၅) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားပြီး ရော်နယ်ဒို ပါဝင်တဲ့ ယူနိုက်တက်ကိုလည်း ဟက်ထရစ် သွင်းယူ ထားနိုင်ခဲ့ သေးတာပါ။

လက်ရှိအချိန်မှာ လီဗာပူးက ဆာလာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နေသလို ချန်ပီယံလိဂ် မှာလည်း အုပ်စု (၄) ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင် ပွဲနဲ့ ရှုံးထွက် (၁၆) သင်း အဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။

Sky Sports ရုပ်သံနဲ့ တွေ့ဆုံခန်းမှာ ဒီရာသီမှာ ဆာလာရဲ့ လီဗာပူးအတွက် အကျိုးသက်ရောက်မှုအပေါ် ဂျိုတာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂျိုတာက “ဆာလာက ထိပ်တန်း ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။

သူ့ရဲ့နည်းစနစ်ပိုင်း ကြွယ်ဝမှုကို ဒီရာသီမှာ တစ်ကမ္ဘာလုံး မြင်တွေ့နေရပါတယ်။ သူက ဂိုးတွေသွင်းရတာ ပျော်နေတယ်၊ ထိပ်တန်းဂိုးတွေ၊ တစ်ကိုယ်တော် အရည်အချင်းနဲ့ ဂိုးတွေ သွင်းပြနေပါတယ်”

“ဒါက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတွက် ကွင်းထဲမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တစ်ယောက်ကို ပိုင်ဆိုင်ထားလို့လေ။ ပြိုင်ဘက်တွေ အနေနဲ့ ကြည့်ရင် ဆာလာနဲ့ပတ်သက်လို့ သူတို့အများကြီး ဂရုစိုက်ပြီး စိုးရိမ်နေရတာပေါ့”

“ကျွန်တော် ဆာလာနဲ့ တွဲကစားရတော့ လက်ရွေးစင် အသင်းမှာ ရော်နယ်ဒိုနဲ့အတူ ပထမဆုံး တွဲကစားတုန်းက ရတဲ့ ခံစားချက်မျိုး ပြန်ရပါတယ်။ ကျွန်တော်ထင်ပါတယ်။ ဆာလာက ရော်နယ်ဒိုနဲ့  အဆင့်အတန်းတူတဲ့ ကစားသမားမျိုး ဖြစ်နေပါပြီ”

“ရော်နယ်ဒို ကတော့ ဒါမျိုးကို အချိန် အကြာကြီး လုပ်ပြ ထားခဲ့တာပေါ့။ ကွင်းထဲမှာဆိုရင် သူတို့နှစ်ယောက်လုံးက အရမ်းအန္တရာယ် ပေးနိုင်ပြီး ဘယ်အချိန် မဆို ဂိုးသွင်းနိုင် ကြတဲ့သူတွေပါ” လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

လီဗာပူး တိုက္စစ္ကစားသမား တစ္ေယာက္ျဖစ္တဲ့ ဒီေယဂိုဂ်ိဳတာက သူ႕ရဲ႕အသင္းေဖာ္ မိုဟာမက္ဆာလာဟာ ေရာ္နယ္ဒိုလို အဆင့္မ်ိဳးကို ေရာက္ရွိဖို႔ နီးစပ္ေနၿပီလို႔ ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။

ဆာလာဟာ လက္ရွိေဘာလုံးရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၄) ပြဲကစား၊ (၁၅) ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၆) ႀကိမ္ျပဳလုပ္ထားၿပီး ေရာ္နယ္ဒို ပါဝင္တဲ့ ယူနိုက္တက္ကိုလည္း ဟက္ထရစ္သြင္ းယူထားနိုင္ခဲ့ေသးတာပါ။

လက္ရွိအခ်ိန္မွာ လီဗာပူးက ဆာလာရဲ႕ေျခစြမ္းျပမႈနဲ႕အတူ ပရီးမီးယားလိဂ္ဆုဖလားကို စိန္ေခၚေနသလို ခ်န္ပီယံလိဂ္မွာလည္း အုပ္စု (၄) ပြဲကစားၿပီးခ်ိန္မွာ ရာႏႈန္းျပည့္နိုင္ပြဲနဲ႕ ရႈံးထြက္ (၁၆) သင္းအဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။

Sky Sports ႐ုပ္သံနဲ႕ေတြ႕ဆုံခန္းမွာ ဒီရာသီမွာ ဆာလာရဲ႕ လီဗာပူးအတြက္ အက်ိဳးသက္ေရာက္မႈအေပၚ ဂ်ိဳတာက အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။ ဂ်ိဳတာက “ဆာလာက ထိပ္တန္း ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္ပါ။

သူ႕ရဲ႕နည္းစနစ္ပိုင္းႂကြယ္ဝမႈကို ဒီရာသီမွာ တစ္ကမာၻလုံး ျမင္ေတြ႕ေနရပါတယ္။ သူက ဂိုးေတြသြင္းရတာေပ်ာ္ေနတယ္၊ ထိပ္တန္းဂိုးေတြ၊ တစ္ကိုယ္ေတာ္အရည္အခ်င္းနဲ႕ဂိုးေတြ သြင္းျပေနပါတယ္”

“ဒါက ကြၽန္ေတာ္တို႔အတြက္ အကူအညီျဖစ္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔အတြက္ ကြင္းထဲမွာ အဆုံးအျဖတ္ေပးနိုင္တဲ့ ကစားသမားတစ္ေယာက္ကို ပိုင္ဆိုင္ထားလို႔ေလ။ ၿပိဳင္ဘက္ေတြအေနနဲ႕ ၾကည့္ရင္ ဆာလာနဲ႕ပတ္သက္လို႔ သူတို႔အမ်ားႀကီး ဂ႐ုစိုက္ၿပီး စိုးရိမ္ေနရတာေပါ့”

“ကြၽန္ေတာ္ ဆာလာနဲ႕ တြဲကစားရေတာ့ လက္ေ႐ြးစင္အသင္းမွာ ေရာ္နယ္ဒိုနဲ႕အတူ ပထမဆုံးတြဲကစားတုန္းက ရတဲ့ ခံစားခ်က္မ်ိဳးျပန္ရပါတယ္။ ကြၽန္ေတာ္ထင္ပါတယ္။ ဆာလာက ေရာ္နယ္ဒိုနဲ႕ အဆင့္အတန္းတူတဲ့ ကစားသမားမ်ိဳးျဖစ္ေနပါၿပီ”

“ေရာ္နယ္ဒိုကေတာ့ ဒါမ်ိဳးကို အခ်ိန္အၾကာႀကီး လုပ္ျပထားခဲ့တာေပါ့။ ကြင္းထဲမွာဆိုရင္ သူတို႔ႏွစ္ေယာက္လုံးက အရမ္းအႏၲရာယ္ေပးနိုင္ၿပီး ဘယ္အခ်ိန္မဆို ဂိုးသြင္းနိုင္ၾကတဲ့သူေတြပါ” လို႔ ေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။