Articles

မက်ဆီက စာပို့ပြီး ဝမ်းသာအားရ ဂုဏ်ပြခဲ့ပါတယ် ဆိုတဲ့ နည်းပြသစ် ဇာဗီ

Unicode Version

စပိန်လာလီဂါ ကလပ် ဘာစီလိုနာ ဟာ အသင်းရဲ့ ဂန္တဝင်ကွင်းလယ် ကစားသမားဟောင်း ဇာဗီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာ အသင်းနဲ့ အတူ ၂၀၂၄ ခုနှစ်အထိ သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပြီး နူးကမ့်ကွင်းမှာ ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။

ဇာဗီဟာ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ရအပြီးမှာ ကာတာ စူပါလိဂ် ကလပ် အယ်လ်ဆတ် အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းကာ အသင်းဟောင်း သို့ ပြန်လာဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အသင်းကို ကိုင်တွယ်ရမှာ ဖြစ်လို့ ဇာဗီ အတွက် ခက်မယ့် အလုပ် ဖြစ်မယ်လို့ အများက ခန့်မှန်းနေကြပါတယ်။

အထူးသဖြင့် ဘာစီလိုနာ အတွက် ၂၁နှစ်ကြာ ကစားပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီသို့ ပြောင်းရွေ့သွားခဲ့တဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ မရှိတဲ့ ပထမဆုံးနှစ်မှာ ဇာဗီဟာ ယင်း ကတ်တလန် အခြေစိုက် ကလပ် ကို ပိုပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ရမယ့် သဘောမှာ ရှိနေပါတယ်။

မက်ဆီ ကတော့ ကလပ်ဟောင်းနဲ့ မိတ်ဆွေအရင်း ဖြစ်သူ အပေါ် သံယောဇဉ် မပြတ်တဲ့ အတွက် ဘာစီလိုနာ နည်းပြသစ် ဖြစ်လာခြင်းနဲ့ ပတ်သက်ကာ ဇာဗီထံ ကံကောင်းစေကြောင်း ဆုမွန်ကောင်းတောင်း မက်ဆေ့ခ်ျ ပေးပို့ခဲ့တယ်လို့ ဇာဗီကိုယ်တိုင်က ဖွင့်ဟခဲ့ပါတယ်။

မနေ့က မိတ်ဆက်ပွဲမှာ ဇာဗီ က ” မက်ဆီ ၊ အီတူး ၊ ရော်နယ်ဒင်ဟိုတို့ ကျွန်တော့ဆီ မက်ဆေ့ခ်ျ ပို့ခဲ့ကြပါတယ်။ဟုတ်ပါတယ်။သူတို့က ဒီအသင်းမှာ မရှိကြတော့ပါဘူး။ မက်ဆီ ဆိုရင် ကျွန်တော့ရဲ့ မိတ်ဆွေကောင်း တဦးပါ။ သူက ကျွန်တော့ကို ကံကောင်းပါစေလို့ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ်။ ”

” ဒါပေမယ့် ကျွန်တော်တို့ဟာ လက်ရှိ အသင်းမှာ မရှိတော့တဲ့ ကစားသမားတွေ အကြောင်း စဉ်းစားနေလို့ မရပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဘာစီလိုနာ အသင်းမှာ ဒဏ်ရာ ပြဿနာ အရမ်း များပြားနေပြီး ၊ ဇာဗီ အနေနဲ့ ဒီ နွံကြားထဲကနေ အသင်းကို တည်ငြိမ်အောင် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

Zawgyi Version

စပိန္လာလီဂါ ကလပ္ ဘာစီလိုနာ ဟာ အသင္းရဲ႕ ဂႏၲဝင္ကြင္းလယ္ ကစားသမားေဟာင္း ဇာဗီကို အသင္းရဲ႕ နည္းျပသစ္ အျဖစ္ ခန့္အပ္ေၾကာင္း တရားဝင္ ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ ဇာဗီဟာ ဘာစီလိုနာ အသင္းနဲ႕ အတူ ၂၀၂၄ ခုႏွစ္အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာ ျဖစ္ၿပီး ႏူးကမ့္ကြင္းမွာ ပရိသတ္ေတြနဲ႕ တရားဝင္ မိတ္ဆက္မႈေတြ လုပ္ခဲ့ပါတယ္။

ဇာဗီဟာ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို ရအၿပီးမွာ ကာတာ စူပါလိဂ္ ကလပ္ အယ္လ္ဆတ္ အသင္းနဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းကာ အသင္းေဟာင္း သို႔ ျပန္လာဖို႔ ခ်က္ခ်င္း ဆုံးျဖတ္ခဲ့ပါတယ္။ လက္ရွိမွာ ရလဒ္ေတြ ဆိုး႐ြားေနတဲ့ အသင္းကို ကိုင္တြယ္ရမွာ ျဖစ္လို႔ ဇာဗီ အတြက္ ခက္မယ့္ အလုပ္ ျဖစ္မယ္လို႔ အမ်ားက ခန့္မွန္းေနၾကပါတယ္။

အထူးသျဖင့္ ဘာစီလိုနာ အတြက္ ၂၁ႏွစ္ၾကာ ကစားေပးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ပီအက္စ္ဂ်ီသို႔ ေျပာင္းေ႐ြ႕သြားခဲ့တဲ့ အသင္းရဲ႕ အဓိက တိုက္စစ္မႉး အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီ မရွိတဲ့ ပထမဆုံးႏွစ္မွာ ဇာဗီဟာ ယင္း ကတ္တလန္ အေျခစိုက္ ကလပ္ ကို ပိုၿပီး ခက္ခက္ခဲခဲ ကိုင္တြယ္ရမယ့္ သေဘာမွာ ရွိေနပါတယ္။

မက္ဆီ ကေတာ့ ကလပ္ေဟာင္းနဲ႕ မိတ္ေဆြအရင္း ျဖစ္သူ အေပၚ သံေယာဇဥ္ မျပတ္တဲ့ အတြက္ ဘာစီလိုနာ နည္းျပသစ္ ျဖစ္လာျခင္းနဲ႕ ပတ္သက္ကာ ဇာဗီထံ ကံေကာင္းေစေၾကာင္း ဆုမြန္ေကာင္းေတာင္း မက္ေဆ့ခ္် ေပးပို႔ခဲ့တယ္လို႔ ဇာဗီကိုယ္တိုင္က ဖြင့္ဟခဲ့ပါတယ္။

မေန႕က မိတ္ဆက္ပြဲမွာ ဇာဗီ က ” မက္ဆီ ၊ အီတူး ၊ ေရာ္နယ္ဒင္ဟိုတို႔ ကြၽန္ေတာ့ဆီ မက္ေဆ့ခ္် ပို႔ခဲ့ၾကပါတယ္။ဟုတ္ပါတယ္။သူတို႔က ဒီအသင္းမွာ မရွိၾကေတာ့ပါဘူး။ မက္ဆီ ဆိုရင္ ကြၽန္ေတာ့ရဲ႕ မိတ္ေဆြေကာင္း တဦးပါ။ သူက ကြၽန္ေတာ့ကို ကံေကာင္းပါေစလို႔ မက္ေဆ့ခ္် ေပးခဲ့ပါတယ္။ ”

” ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ လက္ရွိ အသင္းမွာ မရွိေတာ့တဲ့ ကစားသမားေတြ အေၾကာင္း စဥ္းစားေနလို႔ မရပါဘူး။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ လက္ရွိ ဘာစီလိုနာ အသင္းမွာ ဒဏ္ရာ ျပႆနာ အရမ္း မ်ားျပားေနၿပီး ၊ ဇာဗီ အေနနဲ႕ ဒီ ႏြံၾကားထဲကေန အသင္းကို တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ရမွာ ျဖစ္ပါတယ္။