Spots news

အပယ်ခံ ဒဏ်ရာရ ကစားသမားတွေနဲ့ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ ဇာဗီ

Unicode Version

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဇာဗီဟာ အသင်းရဲ့တောင်ပံ တိုက်စစ် ကစားသမား ဒမ်ဘီလီအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်။ ဘာစီလိုနာ အသင်းဟာ ၂၀၁၇ ခုနှစ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တိုက်စစ်မှူးနေမာကို လက်လွှတ်ခဲ့ ရပြီးနောက် ဒမ်ဘီလီကို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ ယခုအချိန်မှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန် နေရတာပါ။

ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အပေါ် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အဆိုပါကစားသမားကို ယုံကြည်မှု ပြသလိုက်ခြင်းကလည်း နည်းပြ ရော်နယ်ကိုးမန်း လက်ထက်မှာ အခွင့်အရေး မရခဲ့တဲ့ ဆမ်မြူရယ် အမ်တီတီ၊ ကလဲမန့် လန့်လက် အစရှိတဲ့ ကစားသမားတွေအတွက်လည်း အခွင့်အရေး ရရှိလာမယ်လို့ ယူဆရပါတယ်။

ဇာဗီက “ကျွန်တော် တိတိကျကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ နဂိုနဲ့မတူတဲ့ အသင်းမျိုးကိုတည်ဆောက် သွားမှာပါ။ ဒါဟာ ကျွန်တော်တို့အလုပ်ပါ။ ကစားသမားတွေရဲ့ သူတို့အသင်းအပေါ် ဘယ်လောက် ကြိုးစား ပေးနိုင်မလဲ ဆိုတာကို မျှော်လင့်ထားပါတယ်။ လေ့ကျင့်ရေးကွင်းမှာ လိုအပ်ချက်တွေကို အဖြေရှာ ရပါမယ်။ အားလုံး အစကနေ ပြန်စရမှာပါ။” လို့ ပြောခဲ့ပါတယ်။

ဇာဗီဟာ ဇန်နဝါရီ အပြောင်းအရွှေ့ မတိုင်မှာ အသင်းကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် ကစားသမားသစ် ခေါ်ယူရန် အတွက်တော့ အစီအစဉ် မရှိသေးပါဘူး။ ဇာဗီက ” ကျွန်တော်တို့ဟာ အသင်းနဲ့ အတူ ချင့်ချိန် ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချကြမှာပါ။ ကစားသမားသစ် ခေါ်ယူခြင်း မခေါ်ယူခြင်းဟာ ပြောဖို့အတွက် စောလွန်း နေပါသေးတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ အသင်းကို တောင့်တင်းလာစေရန် ဆောင်ရွက်သွားမှာဖြစ်ပြီး ကစားသမား ခေါ်ယူခွင့် ကလည်း အခွင့်အရေး တစ်ရပ် အဖြစ်ရှိနေမှာပါ။ ကျွန်တော် တို့ဟာ အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်ဖို့ လိုအပ်နေပြီး ကစားသမား တွေကလည်း ပွဲအတွင်း ဘာလုပ်ရမလဲ ဆိုတာ သိမြင် နေပါတယ်။” လို့ပြောခဲ့ပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ နည္းျပသစ္ဇာဗီဟာ အသင္းရဲ႕ေတာင္ပံ တိုက္စစ္ ကစားသမား ဒမ္ဘီလီအေပၚ အျပည့္အဝ ယုံၾကည္မႈ ရွိေနပါတယ္။ ဘာစီလိုနာ အသင္းဟာ ၂၀၁၇ ခုႏွစ္မွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ တိုက္စစ္မႉးေနမာကို လက္လႊတ္ခဲ့ ရၿပီးေနာက္ ဒမ္ဘီလီကို ေခၚယူခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါ ျပင္သစ္ ကစားသမားဟာ ယခုအခ်ိန္မွာေတာ့ ဒဏ္ရာ ျပႆနာေတြနဲ႕ ႐ုန္းကန္ ေနရတာပါ။

ဒဏ္ရာ ျပႆနာေတြနဲ႕ ႐ုန္းကန္ေနရတဲ့ အေပၚ ေဝဖန္မႈေတြနဲ႕ ႀကဳံေတြ႕ေနရတဲ့ အဆိုပါကစားသမားကို ယုံၾကည္မႈ ျပသလိုက္ျခင္းကလည္း နည္းျပ ေရာ္နယ္ကိုးမန္း လက္ထက္မွာ အခြင့္အေရး မရခဲ့တဲ့ ဆမ္ျမဴရယ္ အမ္တီတီ၊ ကလဲမန႔္ လန႔္လက္ အစရွိတဲ့ ကစားသမားေတြအတြက္လည္း အခြင့္အေရး ရရွိလာမယ္လို႔ ယူဆရပါတယ္။

ဇာဗီက “ကြၽန္ေတာ္ တိတိက်က်ေတာ့ မေျပာနိုင္ေသးပါဘူး။ ဒါေပမဲ့ နဂိုနဲ႕မတူတဲ့ အသင္းမ်ိဳးကိုတည္ေဆာက္ သြားမွာပါ။ ဒါဟာ ကြၽန္ေတာ္တို႔အလုပ္ပါ။ ကစားသမားေတြရဲ႕ သူတို႔အသင္းအေပၚ ဘယ္ေလာက္ ႀကိဳးစား ေပးနိုင္မလဲ ဆိုတာကို ေမွ်ာ္လင့္ထားပါတယ္။ ေလ့က်င့္ေရးကြင္းမွာ လိုအပ္ခ်က္ေတြကို အေျဖရွာ ရပါမယ္။ အားလုံး အစကေန ျပန္စရမွာပါ။” လို႔ ေျပာခဲ့ပါတယ္။

ဇာဗီဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ မတိုင္မွာ အသင္းကို ေရာက္လာခဲ့တာ ျဖစ္ေပမယ့္ ကစားသမားသစ္ ေခၚယူရန္ အတြက္ေတာ့ အစီအစဥ္ မရွိေသးပါဘူး။ ဇာဗီက ” ကြၽန္ေတာ္တို႔ဟာ အသင္းနဲ႕ အတူ ခ်င့္ခ်ိန္ ေဆြးေႏြးၿပီး ဆုံးျဖတ္ခ်က္ ခ်ၾကမွာပါ။ ကစားသမားသစ္ ေခၚယူျခင္း မေခၚယူျခင္းဟာ ေျပာဖို႔အတြက္ ေစာလြန္း ေနပါေသးတယ္။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ အသင္းကို ေတာင့္တင္းလာေစရန္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ကစားသမား ေခၚယူခြင့္ ကလည္း အခြင့္အေရး တစ္ရပ္ အျဖစ္ရွိေနမွာပါ။ ကြၽန္ေတာ္ တို႔ဟာ ေအာင္ျမင္မႈေတြကို ျပန္လည္ ရယူနိုင္ဖို႔ လိုအပ္ေနၿပီး ကစားသမား ေတြကလည္း ပြဲအတြင္း ဘာလုပ္ရမလဲ ဆိုတာ သိျမင္ ေနပါတယ္။” လို႔ေျပာခဲ့ပါတယ္။