Spots news

ပေါ်တူဂီ ကြယ်ပွင့် ရီနာတို ဆန်းချက်ဇ်ကို ခေါ်ယူဖို့ စတင်ပြင်ဆင်လာတဲ့ ဝုဗ်

Unicode Version

ဝုဗ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်အတွင်း လိုက်ပ်ဇစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကိုရီးယား တိုက်စစ်ကစားသမား ဟွမ်ဟီချန်ကို အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပြီး နောက်ထပ် အသင်းရဲ့ ပစ်မှတ် ပေါ်တူဂီကြယ်ပွင့် ရီနာတိုဆန်းချက်စ်ကိုပါ အရခေါ်ယူဖို့အတွက် ကမ်းလှမ်းချက်တွေ လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဟွမ်ဟီချန်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း လိုက်ပ်ဇစ်အသင်းကနေ ဝုဗ်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၇ ပွဲ ကစား သွင်းဂိုး ၄ ဂိုး သွင်းယူထားကာ ခြေစွမ်းပြသထားတာကြောင့် ဆောင်းရာသီဈေးကွက်မှာ ဝုဗ်အသင်းက အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝုဗ်အသင်းဟာ ဆောင်းရာသီစျေးကွက်ထဲမှာပဲ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ယူရို-၂၀၂ဝ ပြိုင်ပွဲမှာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်လီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကိုပါ ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ရှိနေပါတယ်။

ယူရို-၂၀၁၆ နဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဆန်းချက်စ်ကို ဝုဗ်အသင်းအပါအဝင် အသင်းဟောင်း ဘိုင်ယန်မြူးနစ် လီဗာပူးနဲ့ ဘာစီလိုနာ အသင်းတွေကပါ စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ဝုဗ်အသင်းကလည်း ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ဆန်းချက်စ်နဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ပါသေးတယ်။

ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းချခဲ့ရဖို့ နီးစပ်ခဲ့တဲ့အတွက် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဆန်းချက်စ်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း နေးဗက်စ်က

အသင်းမပြောင်းဖြစ်တဲ့အတွက် ဆန်းချက်စ်ကို ခေါ်ယူရေးက လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ လူအင်အား တောင့်တင်းဖို့အတွက် ဆန်းချက်စ်ကို ပြန်လည်အလိုရှိလာခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေကို အသေအချာ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Zawgyi Version

ဝုဗ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်း လိုက်ပ်ဇစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကိုရီးယား တိုက်စစ်ကစားသမား ဟွမ်ဟီချန်ကို အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပြီး နောက်ထပ် အသင်းရဲ့ ပစ်မှတ် ပေါ်တူဂီကြယ်ပွင့် ရီနာတိုဆန်းချက်စ်ကိုပါ အရခေါ်ယူဖို့အတွက် ကမ်းလှမ်းချက်တွေ လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဟွမ်ဟီချန်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်း လိုက်ပ်ဇစ်အသင်းကနေ ဝုဗ်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၇ ပွဲ ကစား သွင်းဂိုး ၄ ဂိုး သွင်းယူထားကာ ခြေစွမ်းပြသထားတာကြောင့် ဆောင်းရာသီဈေးကွက်မှာ ဝုဗ်အသင်းက အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝုဗ်အသင်းဟာ ဆောင်းရာသီဈေးကွက်ထဲမှာပဲ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ယူရို-၂၀၂ဝ ပြိုင်ပွဲမှာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်လီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကိုပါ ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ရှိနေပါတယ်။

ယူရို-၂၀၁၆ နဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဆန်းချက်စ်ကို ဝုဗ်အသင်းအပါအဝင် အသင်းဟောင်း ဘိုင်ယန်မြူးနစ် လီဗာပူးနဲ့ ဘာစီလိုနာ အသင်းတွေကပါ စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ဝုဗ်အသင်းကလည်း ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက ဆန်းချက်စ်နဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ပါသေးတယ်။

ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းချခဲ့ရဖို့ နီးစပ်ခဲ့တဲ့အတွက် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဆန်းချက်စ်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း နေးဗက်စ်က
