Spots news

ဆိုးလ်ရှားရဲ့ အပယ်ခံ ဗန်ဒီဘိခ်အပြင် ဇန်နဝါရီမှာ လေးဦးလောက်ခေါ်မယ့် နယူးကာဆယ်

Unicode Version

နယူးကာဆယ် အသင်းဟာ နည်းပြသစ် အဖြစ်အက်ဒီဟိုဝီကို တရားဝင် ခန့်အပ်ခဲ့ ပြီးနောက် ကစားသမားသစ် လေးဦးအထိ ဇန်နဝါရီမှာ ဝယ်ယူ ပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။

ဘုန်းမောက်မှာ လူငယ်နည်းပြ တစ်ဦးအနေနဲ့ လက်စောင်း ထက်ခဲ့တဲ့ ဟိုဝီဟာ ငှက်ကျားတွေရဲ့ ပဲ့ကိုင်ရှင်အသစ် ဖြစ်လာခဲ့ပြီး ပိုင်ရှင်သစ် တွေရဲ့ အမြင့်ပျံရေး ခရီးစဉ်မှာ တစိတ်တပိုင်း ပါဝင်ရတော့မှာ ဖြစ်ပါတယ်။

ဝါရင့်နည်းပြကြီး စတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီးနောက် ဟိုဝီကို ခန့်အပ်ခဲ့တာ ဖြစ်ပြီး နယူးကာဆယ်အသင်း ဒါရိုက်တာ အာမန်ဒါက ကစားသမားသစ် ဝယ်ယူပေးဖို့ ကတိပေး ခဲ့တာပါ။

နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့စဉ်မှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပြီး စျေးကွက်အတွင်း အပြောင်းအလဲတွေ ဖန်တီးပေးမယ်လို့ ပြောဆို ခဲ့ကြောင်းလည်း Express က ဖော်ပြ ခဲ့ပါတယ်။

“ဇန်နဝါရီမှာ အင်အားသစ် အနည်းငယ်ဖြည့်တင်းမှု ပြုလုပ်သွားပါမယ်၊ သူတို့ရောက်လာမယ့် အကြောင်း ကျွန်တော့်ကို လာပြောတာက အပြုသဘော ဆောင်ပါတယ်” လို့ နယူးကာဆယ် ဂိုးသမား မာတင်ဒူဘရာကာက ပြောဆို ခဲ့ပါတယ်။

နယူးကာဆယ် ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကတော့ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ လင်ဂတ်နဲ့ ဗန်ဒီဘိခ်၊ ဘန်လေ နောက်ခံလူ တာကောစကီး၊ လီဗာပူး တိုက်စစ်မှူး အော်ရီဂီ တို့ဖြစ်တယ်လို့ သိရပါတယ်။

လင်ဂတ်နဲ့ ဗန်ဒီဘိခ်တို့ဟာ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန် ကစားခွင့် မရသူတွေဖြစ်ပြီး ခေါ်ယူနိုင်ဖို့အတွက် လွယ်ကူမယ်လို့ ယူဆထားပုံရပြီး ခြေစွမ်းပိုင်း အရလည်း အားကိုးရမယ့် သူတွေဖြစ်ပါတယ်။

တာကောစကီးကတော့ ဘန်လေရဲ့အဓိကကစားသမား ဖြစ်ကာ အော်ရီဂီက လူစားဝင်ကစားသမား အဖြစ်နဲ့ အန်ဖီးလ်မှာ အချိန်ဖြုန်းနေရသူ ဖြစ်လို့ နယူးကာဆယ်ရဲ့ ပစ်မှတ်တွေက ခေါ်ယူနိုင်ဖို့ရာ လွယ်ကူတဲ့ ကစားသမားတွေ ဖြစ်နေပါတယ်။

Zawgyi Version

နယူးကာဆယ္ အသင္းဟာ နည္းျပသစ္ အျဖစ္အက္ဒီဟိုဝီကို တရားဝင္ ခန႔္အပ္ခဲ့ ၿပီးေနာက္ ကစားသမားသစ္ ေလးဦးအထိ ဇန္နဝါရီမွာ ဝယ္ယူ ေပးမယ္လို႔ ကတိေပးခဲ့ေၾကာင္း သိရပါတယ္။

ဘုန္းေမာက္မွာ လူငယ္နည္းျပ တစ္ဦးအေနနဲ႕ လက္ေစာင္း ထက္ခဲ့တဲ့ ဟိုဝီဟာ ငွက္က်ားေတြရဲ႕ ပဲ့ကိုင္ရွင္အသစ္ ျဖစ္လာခဲ့ၿပီး ပိုင္ရွင္သစ္ ေတြရဲ႕ အျမင့္ပ်ံေရး ခရီးစဥ္မွာ တစိတ္တပိုင္း ပါဝင္ရေတာ့မွာ ျဖစ္ပါတယ္။

ဝါရင့္နည္းျပႀကီး စတိဗ္ဘ႐ုစ္ကို ထုတ္ပယ္ၿပီးေနာက္ ဟိုဝီကို ခန႔္အပ္ခဲ့တာ ျဖစ္ၿပီး နယူးကာဆယ္အသင္း ဒါရိုက္တာ အာမန္ဒါက ကစားသမားသစ္ ဝယ္ယူေပးဖို႔ ကတိေပး ခဲ့တာပါ။

ႏွစ္ဦးႏွစ္ဖက္ ညွိႏွိုင္းမႈေတြ ျပဳလုပ္ခဲ့စဥ္မွာ ထည့္သြင္း ေျပာၾကားခဲ့တာျဖစ္ၿပီး ေစ်းကြက္အတြင္း အေျပာင္းအလဲေတြ ဖန္တီးေပးမယ္လို႔ ေျပာဆို ခဲ့ေၾကာင္းလည္း Express က ေဖာ္ျပ ခဲ့ပါတယ္။

“ဇန္နဝါရီမွာ အင္အားသစ္ အနည္းငယ္ျဖည့္တင္းမႈ ျပဳလုပ္သြားပါမယ္၊ သူတို႔ေရာက္လာမယ့္ အေၾကာင္း ကြၽန္ေတာ့္ကို လာေျပာတာက အျပဳသေဘာ ေဆာင္ပါတယ္” လို႔ နယူးကာဆယ္ ဂိုးသမား မာတင္ဒူဘရာကာက ေျပာဆို ခဲ့ပါတယ္။

နယူးကာဆယ္ ပစ္မွတ္ထားေနတဲ့ ကစားသမားေတြကေတာ့ ယူနိုက္တက္ ကစားသမားေတြ ျဖစ္တဲ့ လင္ဂတ္နဲ႕ ဗန္ဒီဘိခ္၊ ဘန္ေလ ေနာက္ခံလူ တာေကာစကီး၊ လီဗာပူး တိုက္စစ္မႉး ေအာ္ရီဂီ တို႔ျဖစ္တယ္လို႔ သိရပါတယ္။

လင္ဂတ္နဲ႕ ဗန္ဒီဘိခ္တို႔ဟာ ဆိုးလ္ရွားလက္ေအာက္မွာ ပုံမွန္ ကစားခြင့္ မရသူေတြျဖစ္ၿပီး ေခၚယူနိုင္ဖို႔အတြက္ လြယ္ကူမယ္လို႔ ယူဆထားပုံရၿပီး ေျခစြမ္းပိုင္း အရလည္း အားကိုးရမယ့္ သူေတြျဖစ္ပါတယ္။

တာေကာစကီးကေတာ့ ဘန္ေလရဲ႕အဓိကကစားသမား ျဖစ္ကာ ေအာ္ရီဂီက လူစားဝင္ကစားသမား အျဖစ္နဲ႕ အန္ဖီးလ္မွာ အခ်ိန္ျဖဳန္းေနရသူ ျဖစ္လို႔ နယူးကာဆယ္ရဲ႕ ပစ္မွတ္ေတြက ေခၚယူနိုင္ဖို႔ရာ လြယ္ကူတဲ့ ကစားသမားေတြ ျဖစ္ေနပါတယ္။