Spots news

သုံးလ အနားယူရမယ့် ပေါ့ဘာကြောင့် ဖရက် နဲ့ တွမ်မီနေး အတွဲကို ပိုမို တွေ့ရ‌မယ့်မန်ယူ

Unicode Version

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး နှစ်ကုန်အထိ အနားယူရ တော့မယ်လို့ သိရှိ ရပါတယ်။

ပေါ့ဘာအနေနဲ့ ကာဇက်စတန်၊ ဖင်လန်တို့နဲ့ ကစားမယ့် (၂၀၂၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် ပြင်သစ် လူစာရင်းမှာ ရွေးချယ်ခံထားရတာပါ။

ဒါပေမယ့် မနေ့က ဒဏ်ရာကြောင့် ပေါ့ဘာအနေနဲ့ ပြင်သစ် လူစာရင်းကနေ နှုတ်ထွက်ခဲ့ပြီး ပြင်သစ်ကလည်း ပေါ့ဘာရဲ့ နေရာအတွက် ရိုးမားကစားသမား ဗာရီတော့ကို အစားထိုး ရွေးချယ်ခဲ့ရပါတယ်။

ပေါ့ဘာဟာ ဂိုးပေါက် ကန်သွင်းမှု လေ့ကျင့်ခန်း အစီအစဥ်မှာ ဘောလုံးကို ကန်လိုက်ရင်း ညာဘက် ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒါကိုတော့ RMC Sport ကတင်ထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ မြင်တွေ့ ခဲ့ရပါတယ်။

ပေါ့ဘာဟာ ဒီဒဏ်ရာကြောင့် (၈) ပတ်ကနေ (၁၀) ပတ်အထိ အနားယူရမယ်လို့ ဆေးစစ်ချက်ထွက်ပေါ်လာခဲ့ပြီး အနည်းဆုံး ဒီနှစ်ကုန်အထိ ယူနိုက်တက် ရဲ့ ပွဲစဥ်တွေကို လွဲချော်သွားဖို့ ရှိနေပါပြီ။

ယူနိုက်တက် ကွင်းလယ်က တော်တော်လေးအားနည်းနေတဲ့ နေရာဖြစ်ပြီး ပေါ့ဘာရဲ့ ဒဏ်ရာသတင်းက ရလဒ်တွေဆိုးနေတဲ့ ယူနိုက်တက်အတွက် တော်တော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ပေါ့ဘာဟာ လီဗာပူးနဲ့ပွဲမှာ အနီကတ်ထိခဲ့တာကြောင့် ပွဲပယ်ခံရ သေးပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ သူ့ကို အသုံးပြုဖို့ထက် ဖရက်ဒ်နဲ့ တွမ်မီနေး အတွဲကိုသာ ပိုမိုအသုံးပြုဖို့ ဆန္ဒရှိ နေတာပါ။

ဒီကစားသမား နှစ်ယောက်လုံးရဲ့ ခြေစွမ်းက တော်တော်လေး ဆိုးရွားလွန်းပြီး ပရိသတ်တွေရော၊ ရုပ်သံ ဝေဖန်သုံးသပ်သူ တွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်နေ ကြပါတယ်။

ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆိုရင် ဖရက်ဒ်နဲ့ တွမ်မီနေး နှစ်ယောက်လုံးက ယူနိုက်တက်အတွက် သင့်တော်တဲ့ ကစားသမားတွေ မဟုတ်ဘူးလို့တောင် ဆိုထားပေမယ့် ဆိုးလ်ရှားကတော့ ဒီကစားသမား တွေကို

ကာကွယ် ပေးနေဆဲလည်း ဖြစ်ပါတယ်။ လက်ရှိယူနိုက်တက် လူစာရင်းမှာ အဓိက နောက်ခံလူ ဗာရန်းလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ဗာရန်းကတော့ နိုဝင်ဘာလ ကုန်အထိ အနားယူရမှာဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာဟာ မေန႕က ျပဳလုပ္ခဲ့တဲ့ ျပင္သစ္ လက္ေ႐ြးစင္ရဲ႕ ေလ့က်င့္ခန္း အစီအစဥ္မွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ အနည္းဆုံး ႏွစ္ကုန္အထိ အနားယူရ ေတာ့မယ္လို႔ သိရွိ ရပါတယ္။

ေပါ့ဘာအေနနဲ႕ ကာဇက္စတန္၊ ဖင္လန္တို႔နဲ႕ ကစားမယ့္ (၂၀၂၂) ကမာၻ႔ဖလား ေျခစစ္ပြဲေတြအတြက္ ျပင္သစ္ လူစာရင္းမွာ ေ႐ြးခ်ယ္ခံထားရတာပါ။

ဒါေပမယ့္ မေန႕က ဒဏ္ရာေၾကာင့္ ေပါ့ဘာအေနနဲ႕ ျပင္သစ္ လူစာရင္းကေန ႏႈတ္ထြက္ခဲ့ၿပီး ျပင္သစ္ကလည္း ေပါ့ဘာရဲ႕ ေနရာအတြက္ ရိုးမားကစားသမား ဗာရီေတာ့ကို အစားထိုး ေ႐ြးခ်ယ္ခဲ့ရပါတယ္။

ေပါ့ဘာဟာ ဂိုးေပါက္ ကန္သြင္းမႈ ေလ့က်င့္ခန္း အစီအစဥ္မွာ ေဘာလုံးကို ကန္လိုက္ရင္း ညာဘက္ ေပါင္ၿခံဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး ဒါကိုေတာ့ RMC Sport ကတင္ထားတဲ့ ဗီဒီယိုမွတ္တမ္းမွာ ျမင္ေတြ႕ ခဲ့ရပါတယ္။

ေပါ့ဘာဟာ ဒီဒဏ္ရာေၾကာင့္ (၈) ပတ္ကေန (၁၀) ပတ္အထိ အနားယူရမယ္လို႔ ေဆးစစ္ခ်က္ထြက္ေပၚလာခဲ့ၿပီး အနည္းဆုံး ဒီႏွစ္ကုန္အထိ ယူနိုက္တက္ ရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္သြားဖို႔ ရွိေနပါၿပီ။

ယူနိုက္တက္ ကြင္းလယ္က ေတာ္ေတာ္ေလးအားနည္းေနတဲ့ ေနရာျဖစ္ၿပီး ေပါ့ဘာရဲ႕ ဒဏ္ရာသတင္းက ရလဒ္ေတြဆိုးေနတဲ့ ယူနိုက္တက္အတြက္ ေတာ္ေတာ္ေလး စိတ္ပ်က္စရာ ျဖစ္ခဲ့ပါတယ္။

ေပါ့ဘာဟာ လီဗာပူးနဲ႕ပြဲမွာ အနီကတ္ထိခဲ့တာေၾကာင့္ ပြဲပယ္ခံရ ေသးေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ သူ႕ကို အသုံးျပဳဖို႔ထက္ ဖရက္ဒ္နဲ႕ တြမ္မီေနး အတြဲကိုသာ ပိုမိုအသုံးျပဳဖို႔ ဆႏၵရွိ ေနတာပါ။

ဒီကစားသမား ႏွစ္ေယာက္လုံးရဲ႕ ေျခစြမ္းက ေတာ္ေတာ္ေလး ဆိုး႐ြားလြန္းၿပီး ပရိသတ္ေတြေရာ၊ ႐ုပ္သံ ေဝဖန္သုံးသပ္သူ ေတြကပါ ျပင္းျပင္းထန္ထန္ ေဝဖန္ေန ၾကပါတယ္။

ယူနိုက္တက္ အသင္း ေခါင္းေဆာင္ေဟာင္း ႐ြိုင္ကိန္းဆိုရင္ ဖရက္ဒ္နဲ႕ တြမ္မီေနး ႏွစ္ေယာက္လုံးက ယူနိုက္တက္အတြက္ သင့္ေတာ္တဲ့ ကစားသမားေတြ မဟုတ္ဘူးလို႔ေတာင္ ဆိုထားေပမယ့္ ဆိုးလ္ရွားကေတာ့ ဒီကစားသမား ေတြကို

ကာကြယ္ ေပးေနဆဲလည္း ျဖစ္ပါတယ္။ လက္ရွိယူနိုက္တက္ လူစာရင္းမွာ အဓိက ေနာက္ခံလူ ဗာရန္းလည္း ဒဏ္ရာျပႆနာနဲ႕ ရင္ဆိုင္ေနရၿပီး ဗာရန္းကေတာ့ နိုဝင္ဘာလ ကုန္အထိ အနားယူရမွာျဖစ္ပါတယ္။