Spots news

နည်းစနစ်များတဲ့ ဆိုးလ်ရှားကြောင့် နောက်တန်းဆင်းကန်ရတော့မယ့် ဆန်ချို

Unicode Version

ယူနိုက်တက် တောင်ပံကစားသမား ဆန်ချိုဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ပုံမှန်ပွဲထွက်ခွင့်အတွက် နေရာပါပြောင်းကစားဖို့ စီစဥ်နေရပြီလို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဆန်ချိုဟာ

ညာတောင်ပံတိုက်စစ်မှာ အဓိက ကစားတဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တက်က သူတို့ရဲ့ညာခြမ်းတိုက်စစ်အတွက် ဆန်ချိုကို ပြီးခဲ့တဲ့နွေရာသီမှာ အသည်းအသန်ခေါ်ယူခဲ့တာပါ။

ဆန်ချိုကိုခေါ်ယူဖို့ ယူနိုက်တက်တို့ အနည်းဆုံး (၁) နှစ်ကြာ ကြိုးပမ်းခဲ့ရပေမယ့် အသင်းကိုရောက်လာချိန်မှာတော့ ဆန်ချိုက ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေရပါတယ်။

ဆန်ချိုကို အခွင့်အရေးမပေးတဲ့ ဆိုးလ်ရှားကို ဝေဖန်မှုတွေရှိနေပေမယ့် ဆိုးလ်ရှားကတော့ ခေါင်းမာမာနဲ့ ရှေ့ဆက်နေဆဲပါ။

နောက်ပိုင်းပွဲစဥ်တွေမှာ ဆိုးလ်ရှားက နောက်တန်း (၃) ယောက်အထိုင်နဲ့ ၃-၅-၂ ကစားကွက်ကို ပြောင်းလဲအသုံးပြုလာတာကြောင့် လင်ဂတ်၊ ဆန်ချိုတို့လို တောင်ပံကစားသမားတွေ

အတွက်ကတော့ နေရာပျောက်ဖို့ပဲရှိပါတော့တယ်။ အဲ့ဒါကြောင့်လည်း ဆန်ချိုက အခုချိန်မှာ Wing Back နေရာပြောင်းကစားဖို့ စီစဥ်နေရပြီလို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

The Athletic ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကလည်း ဆန်ချိုကို Wing Back တစ်ယောက်အဖြစ် ကစားဖို့ ဆန္ဒရှိနေပြီး တိုက်စစ်လိုက်ပါမှုအပိုင်းမှာ အားနည်းတဲ့ ဝမ်ဘစ်ဆာကာရဲ့ နေရာအတွက်

ဆန်ချိုကို အသုံးပြုချင်နေပါတယ်။ ဝမ်ဘစ်ဆာကာဟာ တိုက်စစ်လိုက်ပါတဲ့နေရာမှာ ဘောလုံးနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခြင်းမရှိတာကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆန်ချိုဟာ အရင်ရက်တွေတည်းက ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာ Wing Back တစ်ယောက်အဖြစ် နောက်ကိုပိုမို ဆင်းကစားနိုင်ဖို့ စတင်လေ့ကျင့်နေပြီလို့လည်း သိရပါတယ်။

အခြားသော သတင်းတစ်ရပ်အနေနဲ့ ဆန်ချို ရာသီအစမှာ ခြေစွမ်းမပြနိုင်တာက ပြင်းထန်တဲ့ နားပိုးဝင်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းအစီအစဥ်တွေမှာ နားထဲကို ဂွမ်းလုံးထည့်ပြီး လေ့ကျင့်နေရတာကြောင့်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာ ပိုမိုဆိုးရွားသွားတာက သူ့အနေနဲ့ ခြေသလုံးဒဏ်ရာကိုပါ ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ ယူနိုက်တက်အတွက် တစ်ဂိုးမှမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားနိုင်ခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။

Zawgyi Version

ယူနိုက္တက္ ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ လက္ရွိအခ်ိန္မွာေတာ့ သူ႕ရဲ႕ပုံမွန္ပြဲထြက္ခြင့္အတြက္ ေနရာပါေျပာင္းကစားဖို႔ စီစဥ္ေနရၿပီလို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ ဆန္ခ်ိဳဟာ

ညာေတာင္ပံတိုက္စစ္မွာ အဓိက ကစားတဲ့ ကစားသမားျဖစ္ၿပီး ယူနိုက္တက္က သူတို႔ရဲ႕ညာျခမ္းတိုက္စစ္အတြက္ ဆန္ခ်ိဳကို ၿပီးခဲ့တဲ့ေႏြရာသီမွာ အသည္းအသန္ေခၚယူခဲ့တာပါ။

ဆန္ခ်ိဳကိုေခၚယူဖို႔ ယူနိုက္တက္တို႔ အနည္းဆုံး (၁) ႏွစ္ၾကာ ႀကိဳးပမ္းခဲ့ရေပမယ့္ အသင္းကိုေရာက္လာခ်ိန္မွာေတာ့ ဆန္ခ်ိဳက ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနရပါတယ္။

ဆန္ခ်ိဳကို အခြင့္အေရးမေပးတဲ့ ဆိုးလ္ရွားကို ေဝဖန္မႈေတြရွိေနေပမယ့္ ဆိုးလ္ရွားကေတာ့ ေခါင္းမာမာနဲ႕ ေရွ႕ဆက္ေနဆဲပါ။

ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဆိုးလ္ရွားက ေနာက္တန္း (၃) ေယာက္အထိုင္နဲ႕ ၃-၅-၂ ကစားကြက္ကို ေျပာင္းလဲအသုံးျပဳလာတာေၾကာင့္ လင္ဂတ္၊ ဆန္ခ်ိဳတို႔လို ေတာင္ပံကစားသမားေတြ

အတြက္ကေတာ့ ေနရာေပ်ာက္ဖို႔ပဲရွိပါေတာ့တယ္။ အဲ့ဒါေၾကာင့္လည္း ဆန္ခ်ိဳက အခုခ်ိန္မွာ Wing Back ေနရာေျပာင္းကစားဖို႔ စီစဥ္ေနရၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့တာပါ။

The Athletic ရဲ႕ေဖာ္ျပခ်က္အရ ယူနိုက္တက္ကလည္း ဆန္ခ်ိဳကို Wing Back တစ္ေယာက္အျဖစ္ ကစားဖို႔ ဆႏၵရွိေနၿပီး တိုက္စစ္လိုက္ပါမႈအပိုင္းမွာ အားနည္းတဲ့ ဝမ္ဘစ္ဆာကာရဲ႕ ေနရာအတြက္

ဆန္ခ်ိဳကို အသုံးျပဳခ်င္ေနပါတယ္။ ဝမ္ဘစ္ဆာကာဟာ တိုက္စစ္လိုက္ပါတဲ့ေနရာမွာ ေဘာလုံးနဲ႕အတူ အေကာင္းဆုံးစြမ္းေဆာင္ျပနိုင္ျခင္းမရွိတာေၾကာင့္လည္း ေဝဖန္မႈေတြနဲ႕ ရင္ဆိုင္ေနရပါတယ္။

ဆန္ခ်ိဳဟာ အရင္ရက္ေတြတည္းက ယူနိုက္တက္ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ Wing Back တစ္ေယာက္အျဖစ္ ေနာက္ကိုပိုမို ဆင္းကစားနိုင္ဖို႔ စတင္ေလ့က်င့္ေနၿပီလို႔လည္း သိရပါတယ္။

အျခားေသာ သတင္းတစ္ရပ္အေနနဲ႕ ဆန္ခ်ိဳ ရာသီအစမွာ ေျခစြမ္းမျပနိုင္တာက ျပင္းထန္တဲ့ နားပိုးဝင္ဒဏ္ရာေၾကာင့္ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ နားထဲကို ဂြမ္းလုံးထည့္ၿပီး ေလ့က်င့္ေနရတာေၾကာင့္လို႔လည္း သိရပါတယ္။

ေနာက္ပိုင္းမွာ ပိုမိုဆိုး႐ြားသြားတာက သူ႕အေနနဲ႕ ေျခသလုံးဒဏ္ရာကိုပါ ခံစားခဲ့ရတာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ယူနိုက္တက္အတြက္ တစ္ဂိုးမွမသြင္းနိုင္ေသးသလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္ထားနိုင္ျခင္းမရွိေသးဘူးလို႔ သိရွိရပါတယ္။