Spots news

ဖရီးကစ် ၄၈ လုံးဆက်တိုက် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်ခဲ့တဲ့ မက်ဆီ

Unicode Version

မနေ့ညက ကစား ခဲ့တဲ့ လာလီဂါ ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဂရန်နာဒါ နဲ့ ဘာစီလိုနာ ပွဲစဉ်မှာတော့ အသင်း ခေါင်းဆောင် မက်ဆီ က ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၉ ပွဲ ဆက်ဂိုးပေါက် ပျောက်ဆုံး နေတဲ့ ဂရစ်ဇ်မန်းက ၂ ဂိုးသွင်း ၁ ဂိုး ဖန်တီးမှု ပြုလုပ် နိုင် ခဲ့ပြီး ၀-၄ ရလဒ် ဖြင့် အနိုင် ရရှိ ခဲ့ပါတယ်။

ဂရစ်ဇ်မန်း အတွက်တော့ ပြိုင်ပွဲဆက် ၉ ပွဲ ဆက် တိုက် ဂိုးပေါက် ပျောက်ဆုံး နေမှုကို ရပ်တန့် နိုင်ခဲ့ခြင်း ဖြစ်ပြီး မက်ဆီကလဲ ဖရီးကစ် ၄၈ လုံး ဆက်တိုက် ဂိုး မရ ရှိ နေမှူကို ရပ်တန့် နိုင်ခဲ့ ပြီ ဖြစ်ပါတယ်။

မက်ဆီ ဟာ ပွဲ ချိန် ၄၂ မိနစ် မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ဂိုးသွင်း ယူ နိုင်ခဲ့တာ ဖြစ်ပြီး လာလီဂါ မှာ ဘောလုံးရာသီ ၁၅ ရာသီ ဆက်တိုက် ၁၀ ဂိုးအထက် သွင်းယူနိုင် ခဲ့ တဲ့ မှတ်တမ်းကောင်း ကို ပိုင်ဆိုင် နိုင်ခဲ့ ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းကစားသမားဟောင်း ရီဗယ်ဒို ကတော့ မက်‌ဆီ အနေနဲ့ ခြေစွမ်း ကျဆင်းမှု လုံးဝ မရှိသေးပဲ နောက်ထပ် သုံးရာသီ လောက်အထိ ယခုခြေစွမ်း အတိုင်း ကစားနိုင်သေးတယ် ဆိုးပြီး ပြော ဆိုသွား ခဲ့ပါတယ်။

ရာသီအစမှာ အသင်းနဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ မက်ဆီဟာ ခရစ်စမတ် ကာလ အနားယူပြီး နောက် သူ့ရဲ့ ပုံမှန် ဂိုးသွင်းခြေကို ပြန်မြင်လာ‌ရကြောင်း နည်းပြ ကိုးမန်း ကလဲ ပြောကြား လိုက် ပါသေးတယ်။

“မက်ဆီဟာ အမြဲတမ်း အနိုင်ရ ယူ လိုသူပါ။ လေ့ကျင့်ရေးမှာ ပွဲကစား ရာမှာ မခိုမကပ်ကြိုးစား ပါတယ်။ ဆောင်းရာသီ နားရက်ပြီး ကတည်းက မက်ဆီဟာ အသင်းအတွက်အကောင်းဆုံး ခြေစွမ်းပြ နေပါတယ်။ မက်ဆီကြောင့် နိုင်ပွဲ တွေလည်း ရပါတယ်”ဟု ပြောဆို ခဲ့ပါတယ်။

မက်ဆီဟာ ယခုရာသီမှာ ပွဲထွက် ကစားခဲ့တဲ့ ပွဲစဉ် ၂၀ မှာ ၁၂ ဂိုးသွင်း ၄ ဂိုးဖန်တီး ထားတဲ့ မှတ်တမ်း ကောင်းကို ပိုင်ဆိုင် ထားပါတယ်။ ဘာစီလိုနာ ဟာ ၁၈ ပွဲ ကစား ရမှတ် ၃၄ မှတ်ဖြင့် အဆင့်တစ် နေရာမှ အက်သလက်တီကို မက်ဒရစ်နဲ့ ၄ မှတ်ကွာ ၊ အဆင့် နှစ် နေရာမှ ရီးရဲ မက်ဒရစ် နဲ့ ၃ မှတ်ကွာ အနေအထား မှာ ရပ် တည် နေပါတယ်။

Zawgyi Version






