Spots news

ယူနိုက်တက် အပယ်ခံ ပြင်သစ်ဂတုံးကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ဂျူဗင်တပ်

Unicode Version

စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် တိုက်စစ် ကစားသမားများစွာကို ပစ်မှတ်ထားနေရတာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ် ကစားသမား အန်တိုနီမာရှယ် ပါဝင်လျက် ရှိနေတယ်လို့ သိရပါတယ်။

ဂျုဗင်တပ်အသင်းဟာ လက်ရှိ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် လာမယ့် ဆောင်းရာသီ စျေးကွက်မှာပဲ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဗလာဟိုဗစ် ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အီကာဒီ အာဆင်နယ် တိုက်စစ်ကစားသမား လာကာဇက်နဲ့ ယူနိုက်တက် တိုက်စစ်ကစားသမား မာရှယ်တို့ကို ပစ်မှတ်ထားလို့နေတာ ဖြစ်ပါတယ်။

ဒီလို ပစ်မှတ်ထားနေတဲ့ ကစားသမား တွေထဲမှာ မာစီယဲလ်က ဖြစ်နိုင်ခြေ အရှိဆုံး ကစားသမားတစ်ယောက် ဖြစ်လို့နေပြီး ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ မလွယ်ကူတော့တာကြောင့် မာရှယ်အနေနဲ့ ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာ နိုင်ဖွယ် ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မာရှယ်ဟာ ၂၀၁၅ ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ၆ညရာသီမြောက်ဖြစ်တဲ့ မနှစ်က ဘောလုံးရာသီမှာပဲ သူရဲ့ဂိုးသွင်းနှုန်းက အံ့အားသင့်စရာကောင်းလှအောင် ၇ ဂိုးအထိ ကျဆင်း သွားခဲ့ရပါတယ်။

ဒါ့အပြင် မာရှယ်ဟာ ဒီနှစ်ရာသီမှာ သွင်းဂိုး ၁ ဂိုးတည်းကိုသာ သွင်းယူထားနိုင်တဲ့အပြင် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇ ပွဲသာ ကစားထားရတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိနေပြီး သူ့ကိုလည်း ဂျုဗင်တပ် အပါအဝင် ကလပ်အသင်းများစွာက ပစ်မှတ်ထား လာခဲ့ပါတယ်။

ဒါ့အပြင် မာရှယ်ကို ဂျုဗင်တပ် အသင်းအပြင် မကြာသေးခင်ကမှ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ နယူးကာဆယ်ကပါ စိတ်ဝင်စားလျက်ရှိနေပြီး နယူးကာဆယ်ရဲ့ လက်ရှိ ရလဒ်ပိုင်းက အတတ်ဘက် မရောက်သေးတာဖြစ်လို့ မာရှယ် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို အလိုရှိနေတာရတာ ဖြစ်ပါတယ်။

Zawgyi Version

စီးရီးေအ ထိပ္သီးကလပ္ ဂ်ဳဗင္တပ္အသင္းအေနနဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔အတြက္ တိုက္စစ္ ကစားသမားမ်ားစြာကို ပစ္မွတ္ထားေနရတာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ေနရာတစ္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ ျပင္သစ္တိုက္စစ္ ကစားသမား အန္တိုနီမာရွယ္ ပါဝင္လ်က္ ရွိေနတယ္လို႔ သိရပါတယ္။

ဂ်ဳဗင္တပ္အသင္းဟာ လက္ရွိ အသင္းရဲ႕တိုက္စစ္ပိုင္းကို အင္အားျမင့္တင္ဖို႔အတြက္ လာမယ့္ ေဆာင္းရာသီ ေစ်းကြက္မွာပဲ ဖီအိုရင္တီးနား တိုက္စစ္ကစားသမား ဗလာဟိုဗစ္ ပီအက္စ္ဂ်ီ တိုက္စစ္ကစားသမား အီကာဒီ အာဆင္နယ္ တိုက္စစ္ကစားသမား လာကာဇက္နဲ႕ ယူနိုက္တက္ တိုက္စစ္ကစားသမား မာရွယ္တို႔ကို ပစ္မွတ္ထားလို႔ေနတာ ျဖစ္ပါတယ္။

ဒီလို ပစ္မွတ္ထားေနတဲ့ ကစားသမား ေတြထဲမွာ မာစီယဲလ္က ျဖစ္နိုင္ေျခ အရွိဆုံး ကစားသမားတစ္ေယာက္ ျဖစ္လို႔ေနၿပီး ယူနိုက္တက္မွာ ပုံမွန္ေနရာရဖို႔ မလြယ္ကူေတာ့တာေၾကာင့္ မာရွယ္အေနနဲ႕ ေဆာင္းေစ်းကြက္မွာပဲ အသင္းကေန ထြက္ခြာ နိုင္ဖြယ္ ရွိေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား မာရွယ္ဟာ ၂၀၁၅ ခုႏွစ္ကမွ မိုနာကိုကေန ယူနိုက္တက္ အသင္းဆီကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းနဲ႕အတူ ၆ညရာသီေျမာက္ျဖစ္တဲ့ မႏွစ္က ေဘာလုံးရာသီမွာပဲ သူရဲ႕ဂိုးသြင္းႏႈန္းက အံ့အားသင့္စရာေကာင္းလွေအာင္ ၇ ဂိုးအထိ က်ဆင္း သြားခဲ့ရပါတယ္။

ဒါ့အျပင္ မာရွယ္ဟာ ဒီႏွစ္ရာသီမွာ သြင္းဂိုး ၁ ဂိုးတည္းကိုသာ သြင္းယူထားနိုင္တဲ့အျပင္ အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၇ ပြဲသာ ကစားထားရတာေၾကာင့္ အသင္းနဲ႕ လက္တြဲျဖဳတ္သြားဖို႔ ဆႏၵရွိေနၿပီး သူ႕ကိုလည္း ဂ်ဳဗင္တပ္ အပါအဝင္ ကလပ္အသင္းမ်ားစြာက ပစ္မွတ္ထား လာခဲ့ပါတယ္။

ဒါ့အျပင္ မာရွယ္ကို ဂ်ဳဗင္တပ္ အသင္းအျပင္ မၾကာေသးခင္ကမွ ပိုင္ရွင္အေျပာင္းအလဲ ျဖစ္ထားခဲ့တဲ့ နယူးကာဆယ္ကပါ စိတ္ဝင္စားလ်က္ရွိေနၿပီး နယူးကာဆယ္ရဲ႕ လက္ရွိ ရလဒ္ပိုင္းက အတတ္ဘက္ မေရာက္ေသးတာျဖစ္လို႔ မာရွယ္ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရွိ ကစားသမားတစ္ဦးကို အလိုရွိေနတာရတာ ျဖစ္ပါတယ္။