Spots news

ရလဒ်တွေ တိုးတက်မှု မရှိပါက သူ့ရဲ့နေဝင်ချိန်လှပဖို့ အသင်းကထွက်ခွာမယ့် ရော်နယ်ဒို

Unicode Version

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းအနေနဲ့သာ လက်ရှိအခြေအနေဆိုးတွေက မရုန်းထွက်နိုင်ခဲ့ရင် အသင်းက ပြန်လည်ထွက်ခွာဖို့အထိ စဥ်းစားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ (၂၀၀၃) ကနေ (၂၀၀၉) အထိ ယူနိုက်တက်အတွက် ကစားပေးခဲ့ပြီး အဲ့ဒီနောက် ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ကို ပြောင်းရွှေ့ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာတော့ ရော်နယ်ဒိုက ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းနဲ့ အံ့အားသင့်ဖွယ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို ပြန်ရောက်ရောက်ချင်း ဂိုးတွေသွင်းပြီး အသင်းကို အစွမ်းကုန်ဆွဲတင်နေပေမယ့် အသင်းကတော့ ပရီးမီးယားလိဂ်နောက်ဆုံး (၆) ပွဲမှာ (၄) ပွဲရှုံးနဲ့ (၁) ပွဲသာနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်မှာလည်း ရော်နယ်ဒိုက အသင်းအတွက် (၄) ပွဲလုံးဂိုးသွင်းပေးခဲ့ရပြီး ရော်နယ်ဒိုရဲ့သွင်းဂိုးတွေသာမရှိခဲ့ရင် ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာပါ အခြေအနေဆိုးနေနိုင်ပါတယ်။

ရော်နယ်ဒိုဟာ အသင်းရလဒ်ဆိုးချိန်တိုင်း အမြဲတမ်းစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး သူ့ရဲ့ပုံစံက နည်းပြဆိုးလ်ရှားကိုပါ ဖိအားဖြစ်စေနိုင်တယ်လို့ ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ဖူးပါတယ်။

Express သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့လက်ကျန် ကစားသမားဘဝကို ဒီလိုမျိုးဖြတ်သန်းလိုခြင်းမရှိဘဲ

အခုအခြေအနေဆိုးတွေကို အသင်းနဲ့ဘုတ်အဖွဲ့က ပြောင်းလဲဖို့ မတတ်နိုင်ခဲ့ရင် လာမယ့်နွေရာသီမှာတင် အသင်းက ပြန်လည်ထွက်ခွာဖို့ ခွင့်တောင်းသွားမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝအတွက် အနည်းဆုံး နောက်ထပ် ချန်ပီယံလိဂ်ဖလားတစ်လုံးနဲ့ ဘလွန်းဒီအော်ဆုတစ်ဆုတို့ကို မျှော်လင့်နေပြီး ဒါတွေကိုဖြည့်ဆည်းပေးနိုင်မယ့် အသင်းတစ်သင်းကို ရှာဖွေသွားဖွယ်ရှိပါတယ်။

ရော်နယ်ဒိုဟာ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားမှာ ပေါ်တူဂီနဲ့အတူ အောင်မြင်မှုရရှိနိုင်ရေး ပစ်မှတ်ထားနေတဲ့အပြင် (၂၀၂၆) ကမ္ဘာ့ဖလားမှာပါ ပေါ်တူဂီအတွက် ပါဝင်ကစားပေးဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

 

Zawgyi Version

ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္းအေနနဲ႕သာ လက္ရွိအေျခအေနဆိုးေတြက မ႐ုန္းထြက္နိုင္ခဲ့ရင္ အသင္းက ျပန္လည္ထြက္ခြာဖို႔အထိ စဥ္းစားထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ (၂၀၀၃) ကေန (၂၀၀၉) အထိ ယူနိုက္တက္အတြက္ ကစားေပးခဲ့ၿပီး အဲ့ဒီေနာက္ ရီးရဲယ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္တို႔ကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာေတာ့ ေရာ္နယ္ဒိုက ယူနိုက္တက္ကို ေျပာင္းေ႐ႊ႕ေၾကး ယူရို (၁၅) သန္းနဲ႕ အံ့အားသင့္ဖြယ္ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုအေနနဲ႕ ယူနိုက္တက္ကို ျပန္ေရာက္ေရာက္ခ်င္း ဂိုးေတြသြင္းၿပီး အသင္းကို အစြမ္းကုန္ဆြဲတင္ေနေပမယ့္ အသင္းကေတာ့ ပရီးမီးယားလိဂ္ေနာက္ဆုံး (၆) ပြဲမွာ (၄) ပြဲရႈံးနဲ႕ (၁) ပြဲသာနိုင္ခဲ့တာပါ။

ခ်န္ပီယံလိဂ္မွာလည္း ေရာ္နယ္ဒိုက အသင္းအတြက္ (၄) ပြဲလုံးဂိုးသြင္းေပးခဲ့ရၿပီး ေရာ္နယ္ဒိုရဲ႕သြင္းဂိုးေတြသာမရွိခဲ့ရင္ ယူနိုက္တက္တို႔ ခ်န္ပီယံလိဂ္မွာပါ အေျခအေနဆိုးေနနိုင္ပါတယ္။

ေရာ္နယ္ဒိုဟာ အသင္းရလဒ္ဆိုးခ်ိန္တိုင္း အၿမဲတမ္းစိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့ၿပီး သူ႕ရဲ႕ပုံစံက နည္းျပဆိုးလ္ရွားကိုပါ ဖိအားျဖစ္ေစနိုင္တယ္လို႔ ဂယ္ရီနဗီးလ္က ေဝဖန္ခဲ့ဖူးပါတယ္။

Express သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အသက္ (၃၆) ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုအေနနဲ႕ သူ႕ရဲ႕လက္က်န္ ကစားသမားဘဝကို ဒီလိုမ်ိဳးျဖတ္သန္းလိုျခင္းမရွိဘဲ

အခုအေျခအေနဆိုးေတြကို အသင္းနဲ႕ဘုတ္အဖြဲ႕က ေျပာင္းလဲဖို႔ မတတ္နိုင္ခဲ့ရင္ လာမယ့္ေႏြရာသီမွာတင္ အသင္းက ျပန္လည္ထြက္ခြာဖို႔ ခြင့္ေတာင္းသြားမယ္လို႔ သိရပါတယ္။

ေရာ္နယ္ဒိုဟာ သူ႕ရဲ႕ကစားသမားဘဝအတြက္ အနည္းဆုံး ေနာက္ထပ္ ခ်န္ပီယံလိဂ္ဖလားတစ္လုံးနဲ႕ ဘလြန္းဒီေအာ္ဆုတစ္ဆုတို႔ကို ေမွ်ာ္လင့္ေနၿပီး ဒါေတြကိုျဖည့္ဆည္းေပးနိုင္မယ့္ အသင္းတစ္သင္းကို ရွာေဖြသြားဖြယ္ရွိပါတယ္။

ေရာ္နယ္ဒိုဟာ လာမယ့္ (၂၀၂၂) ကမာၻ႔ဖလားမွာ ေပၚတူဂီနဲ႕အတူ ေအာင္ျမင္မႈရရွိနိုင္ေရး ပစ္မွတ္ထားေနတဲ့အျပင္ (၂၀၂၆) ကမာၻ႔ဖလားမွာပါ ေပၚတူဂီအတြက္ ပါဝင္ကစားေပးဖို႔ ရည္႐ြယ္ထားတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါေသးတယ္။