Spots news

ယူနိုက်တက်ရဲ့ ပစ်မှတ် ရူဘင်နီးဗက်စ်ကို အပြိုင်လိုက်မယ့် ရီးရဲလ်

Unicode Version

ဝုလ်ဗ် အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင်နီးဗတ်စ် ကို ခေါ်ယူလို နေတဲ့ အသင်းတွေထဲမှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းလည်း ပါဝင်လာပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ စပိန်သတင်း မီဒီယာများက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကာလ တုန်းက ကွင်းလယ်ခံစစ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ပြင်ဆင်ခဲ့ပြီး ပေါ်တူဂီ ကွင်းလယ် ကစားသမား ရူဘင်နီးဗတ်စ်ကို ခေါ်ယူဖို့ ချိတ်ဆက် ခဲ့တယ်လို့သတင်းထွက် ခဲ့ပေမယ့် အပြောင်းအရွှေ့က တရားဝင် ဖြစ် မလာခဲ့ပါဘူး။

အသက် ၂၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင် နီးဗတ်စ်ဟာ ၂၀၁၇ ခုနှစ်မှာ ပေါ်တို အသင်းကနေ ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့အဓိက ကစားသမား အဖြစ် ပါဝင်ခွင့် ရနေသလို စုစုပေါင်း ၁၈၇ ပွဲကစား ၂၁ ဂိုး သွင်းယူ
ထားသူ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ကွင်းလယ်ပိုင်း အားနည်းချက်ကြောင့် ရုန်းကန်နေရတဲ့အတွက် ရူဘင်နီးဗတ်စ်ကို ပြန်လည် ကြိုးပမ်းမယ့် အနေအထား ရှိနေပြီး ယူနိုက်တက်အပြင် ရူဘင် နီးဗတ်စ်ကို လီဗာပူး၊ ရီးရဲလ် အသင်းတို့ကလည်း စိတ်ဝင်စား နေတဲ့ အတွက် အပြိုင်ကြိုးပမ်းရဖို့ ရှိနေပါပြီ။

ရူဘင်နီးဗက်စ်ဟာ ဝုလ်ဗ်အသင်းနဲ့ စာချုပ် သက်တမ်း ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်သလို ဥရောပ ထိပ်သီး အသင်းများကလဲ စိတ်ဝင်စားနေတာ ဖြစ်လို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးရမှ ဝုလ်ဗ်အသင်းက အပြောင်း အရွှေ့ကို လက်ခံ စဉ်းစား သွားမယ့် အနေအထားပါပဲ။

Zawgyi Version

ဝုလ္ဗ္ အသင္းရဲ႕ ေပၚတူဂီ လက္ေ႐ြးစင္ ကြင္းလယ္လူ ႐ူဘင္နီးဗတ္စ္ ကို ေခၚယူလို ေနတဲ့ အသင္းေတြထဲမွာ လာလီဂါ ထိပ္သီး ရီးရဲလ္မက္ဒရစ္ အသင္းလည္း ပါဝင္လာၿပီး မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕ အၿပိဳင္ ႀကိဳးပမ္းသြားဖို႔ ရွိေနတယ္လို႔ စပိန္သတင္း မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလ တုန္းက ကြင္းလယ္ခံစစ္ ကစားသမား တစ္ဦးကို ေခၚယူဖို႔ျပင္ဆင္ခဲ့ၿပီး ေပၚတူဂီ ကြင္းလယ္ ကစားသမား ႐ူဘင္နီးဗတ္စ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ ခဲ့တယ္လို႔သတင္းထြက္ ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕က တရားဝင္ ျဖစ္ မလာခဲ့ပါဘူး။

အသက္ ၂၄ ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေပၚတူဂီ လက္ေ႐ြးစင္ ကြင္းလယ္လူ ႐ူဘင္ နီးဗတ္စ္ဟာ ၂၀၁၇ ခုႏွစ္မွာ ေပၚတို အသင္းကေန ဝုလ္ဗ္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းရဲ႕အဓိက ကစားသမား အျဖစ္ ပါဝင္ခြင့္ ရေနသလို စုစုေပါင္း ၁၈၇ ပြဲကစား ၂၁ ဂိုး သြင္းယူ
ထားသူ ျဖစ္ပါတယ္။

ယူနိုက္တက္ အသင္းဟာ ဒီရာသီမွာ ကြင္းလယ္ပိုင္း အားနည္းခ်က္ေၾကာင့္ ႐ုန္းကန္ေနရတဲ့အတြက္ ႐ူဘင္နီးဗတ္စ္ကို ျပန္လည္ ႀကိဳးပမ္းမယ့္ အေနအထား ရွိေနၿပီး ယူနိုက္တက္အျပင္ ႐ူဘင္ နီးဗတ္စ္ကို လီဗာပူး၊ ရီးရဲလ္ အသင္းတို႔ကလည္း စိတ္ဝင္စား ေနတဲ့ အတြက္ အၿပိဳင္ႀကိဳးပမ္းရဖို႔ ရွိေနပါၿပီ။

႐ူဘင္နီးဗက္စ္ဟာ ဝုလ္ဗ္အသင္းနဲ႕ စာခ်ဳပ္ သက္တမ္း ၂၀၂၃ ခုႏွစ္အထိ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။ အသင္းရဲ႕ အဓိက ကစားသမား တစ္ဦး ျဖစ္သလို ဥေရာပ ထိပ္သီး အသင္းမ်ားကလဲ စိတ္ဝင္စားေနတာ ျဖစ္လို႔ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးရမွ ဝုလ္ဗ္အသင္းက အေျပာင္း အေ႐ႊ႕ကို လက္ခံ စဥ္းစား သြားမယ့္ အေနအထားပါပဲ။