Spots news

နည်းစနစ်ဆရာ အာတီတာရဲ့ ဖုန်းကို မကိုင်တော့တဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်

Unicode Version

နာမည်ကျော် သတင်းထောက် ဂီအန်လူကာဒီမာဇီယိုရဲ့ ပြောဆိုချက်အရ အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ဆက်သွယ်နေပေမယ့် ကစားသမားရဲ့ အေးဂျင့်က ဖုန်းမကိုင်တာကြောင့် အခက်ကြုံ နေရတယ်လို့ သိရပါတယ်။

ဖီအိုရင်တီးနားရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ဗလာဟိုဗစ်ဟာ အာဆင်နယ်နဲ့ သဘော တူညီမှု ရရှိပြီလို့ သတင်းတွေ ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက်ခြေစွမ်းပြ နေပြီး

ထိပ်တန်း အဆင့် တိုက်စစ်မှူး ဖြစ်လာမယ့် အရည်အသွေးတွေ ရှိနေတဲ့ ဗလာဟိုဗစ်ကို အာဆင်နယ်က တော်တော်လေး စိတ်ဝင်စား နေကာ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ် ထားကြောင်း လည်း ဆိုပါတယ်။

ဖီအိုက သူတို့ ကစားသမားကို ယူရိုသန်း ၈၀ ရရှိမယ်ဆိုရင် ရောင်းချ သွားတော့မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အပြင် အခြားသော ထိပ်တန်းအသင်းတချို့ ကလည်း စိတ်ဝင်စား နေတယ်လို့ သိရပြီး

လာမယ့် ဇန်နဝါရီ စျေးကွက်ဖွင့်ချိန် မှာတော့ သူ့အတွက် လှုပ်ရှားမှုတွေကို မြင်တွေ့ရဖို့ ရှိနေကာ အာဆင်နယ်က လက်ဦးမှု ရယူဖို့အတွက် အားထုတ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက်နဲ့ စီမံကိန်းတွေကို ချပြကာ ကစားသမားကို ဆွဲဆောင်ဖို့ ဖုန်းဆက်နေခဲ့ပေမယ့် အေးဂျင့်က ဖုန်းတောင် မကိုင်တော့လို့ အဆင်မပြေဖြစ်နေပြီး တိုးတက်တဲ့အခြေအနေတွေ မရှိဘူးလို့ သိရပါတယ်။

ဒါဟာ ကစားသမား ဘက်က မှာကြားထားလို့ပဲလား၊ ဒါမှမဟုတ် အေးဂျင့်ဖြစ်သူကပဲ မကိုင်တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ရှိနေပါတယ်။

Zawgyi Version

နာမည္ေက်ာ္သတင္းေထာက္ ဂီအန္လူကာဒီမာဇီယိုရဲ႕ ေျပာဆိုခ်က္အရ အာဆင္နယ္အသင္းဟာ ဖီအိုရင္တီးနား တိုက္စစ္မႉး ဗလာဟိုဗစ္ကို ေခၚယူဖို႔ ဆက္သြယ္ေနေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္က ဖုန္းမကိုင္တာေၾကာင့္ အခက္ႀကဳံ ေနရတယ္လို႔ သိရပါတယ္။

ဖီအိုရင္တီးနားရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်ထားတဲ့ ဗလာဟိုဗစ္ဟာ အာဆင္နယ္နဲ႕ သေဘာ တူညီမႈ ရရွိၿပီလို႔ သတင္းေတြ ထြက္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒီရာသီမွာ အသင္းအတြက္ေျခစြမ္းျပ ေနၿပီး

ထိပ္တန္း အဆင့္ တိုက္စစ္မႉး ျဖစ္လာမယ့္ အရည္အေသြးေတြ ရွိေနတဲ့ ဗလာဟိုဗစ္ကို အာဆင္နယ္က ေတာ္ေတာ္ေလး စိတ္ဝင္စား ေနကာ ေခၚယူဖို႔ စိတ္ပိုင္းျဖတ္ ထားေၾကာင္း လည္း ဆိုပါတယ္။

ဖီအိုက သူတို႔ ကစားသမားကို ယူရိုသန္း ၈၀ ရရွိမယ္ဆိုရင္ ေရာင္းခ် သြားေတာ့မွာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္ အျပင္ အျခားေသာ ထိပ္တန္းအသင္းတခ်ိဳ႕ ကလည္း စိတ္ဝင္စား ေနတယ္လို႔ သိရၿပီး

လာမယ့္ ဇန္နဝါရီ ေစ်းကြက္ဖြင့္ခ်ိန္ မွာေတာ့ သူ႕အတြက္ လႈပ္ရွားမႈေတြကို ျမင္ေတြ႕ရဖို႔ ရွိေနကာ အာဆင္နယ္က လက္ဦးမႈ ရယူဖို႔အတြက္ အားထုတ္ေနၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔ရဲ႕ ရည္မွန္းခ်က္နဲ႕ စီမံကိန္းေတြကို ခ်ျပကာ ကစားသမားကို ဆြဲေဆာင္ဖို႔ ဖုန္းဆက္ေနခဲ့ေပမယ့္ ေအးဂ်င့္က ဖုန္းေတာင္ မကိုင္ေတာ့လို႔ အဆင္မေျပျဖစ္ေနၿပီး တိုးတက္တဲ့အေျခအေနေတြ မရွိဘူးလို႔ သိရပါတယ္။

ဒါဟာ ကစားသမား ဘက္က မွာၾကားထားလို႔ပဲလား၊ ဒါမွမဟုတ္ ေအးဂ်င့္ျဖစ္သူကပဲ မကိုင္တာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ ရွိေနပါတယ္။