Spots news

ကာလရှည်နားရမယ့် ပေါ့ဘာကြောင့် ယူနိုက်တက်မှာ နေရာရလာဖွယ်ရှိတဲ့ ဗန်ဒီဘိခ်

Unicode Version

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အသင်းနဲ့ ပူးပေါင်းခဲ့ပြီး လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာမှာ မမျှော်လင့်ပဲ ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လက်ရွေးစင် လူစာရင်းကနေ နုတ်ထွက်ခဲ့ရသလို ဒဏ်ရာပြသာနာကြောင့် ၈ ပတ်ကနေ ၁၀ ပတ်လောက်အထိကို အနားယူရတော့မှာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ပေါင်ဒဏ်ရာကြောင့် လာမယ့် ၂၀၂၂ခုနှစ် အစောပိုင်းလောက်မှသာ ဘောလုံးပြန်လည် ကစားနိုင်တော့မှာဖြစ်ပြီး ချယ်လ်ဆီး အာဆင်နယ် အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲကျပ်များအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုလက်ကျန် ပွဲတွေကိုပါ အားလုံး လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါ့ဘာ မပါဝင်နိုင်မယ့် ပွဲစဉ်တွေက ယူနိုက်တက် အတွက် အရမ်ခက်ခဲလောက်နိုင်တဲ့ ပွဲစဉ်တွေမဟုတ်ပဲ နောဝစ် နယူးကာဆယ် ဘန်လေတို့လို အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေသာ ဖြစ်လို့နေပါတယ်။ သို့ပေမယ့် ယူနိုက်တက်အသင်းက ဒီလို အသင်းမျိုးတွေနဲ့ တွေ့ဆုံရချိန်မှာတောင် ရလဒ် တိမ်းစောင်းမှုတွေ ဖြစ်တတ်တာပါပဲ။

ပေါ့ဘာအနေနဲ့ ဘယ်လောက်ထိ တိတိကျကျ အနားယူရမလဲဆိုတာ မဖော်ပြထားပေမယ့် ၂၀၂၂ ခုနှစ် နှစ်အစပိုင်းလောက်မှာပဲ ပေါ့ဘာ ပြန်ကစားနိုင်လိမ့်မယ်လို့ ယူဆထားကြပြီး ပေါ့ဘာမပါဝင်နိုင်တော့မယ့် အချိန်မှာ နယ်သာလန် ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ် နေရာပိုပေးဖို့ ယူနိုက်တက် ပရိသတ်များစွာက တောင်းဆို ထားကြပါတယ်။

နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ သူ့စိတ်ကြိုက် ကစားသမားတွေ ဖြစ်တဲ့ ဖရက်နဲ့ တော်မီနေးတို့ကိုသာ နေရာပေးတတ်သူဖြစ်လို့ ပေါ့ဘာ မပါနိုင်ရင်လည်း ဖရက် တွမ်မီနေးတို့ အတွဲအဖက်ကိုသာ ဆက်လက်အသုံးပြုလာဖွယ် ရှိနေပါတယ်။ ဒီလိုသာ ဆိုရင် ဗန်ဒီဘိခ်အနေနဲ့ လာမယ့် ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ခြေ ရှိနေပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ ျပင္သစ္လက္ေ႐ြးစင္ အသင္းနဲ႕အတူ ကမာၻ႔ဖလား ေျခစစ္ပြဲ အတြက္ အသင္းနဲ႕ ပူးေပါင္းခဲ့ၿပီး ေလ့က်င့္ခန္း ျပဳလုပ္ခဲ့ရာမွာ မေမွ်ာ္လင့္ပဲ ေပါင္ဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ လက္ေ႐ြးစင္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရသလို ဒဏ္ရာျပသာနာေၾကာင့္ ၈ ပတ္ကေန ၁၀ ပတ္ေလာက္အထိကို အနားယူရေတာ့မွာ ျဖစ္ပါတယ္။

ေပါ့ဘာဟာ ေပါင္ဒဏ္ရာေၾကာင့္ လာမယ့္ ၂၀၂၂ခုႏွစ္ အေစာပိုင္းေလာက္မွသာ ေဘာလုံးျပန္လည္ ကစားနိုင္ေတာ့မွာျဖစ္ၿပီး ခ်ယ္လ္ဆီး အာဆင္နယ္ အသင္းေတြနဲ႕ ရင္ဆိုင္ရမယ့္ ယူနိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ ပြဲက်ပ္မ်ားအျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုလက္က်န္ ပြဲေတြကိုပါ အားလုံး လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေပါ့ဘာ မပါဝင္နိုင္မယ့္ ပြဲစဥ္ေတြက ယူနိုက္တက္ အတြက္ အရမ္ခက္ခဲေလာက္နိုင္တဲ့ ပြဲစဥ္ေတြမဟုတ္ပဲ ေနာဝစ္ နယူးကာဆယ္ ဘန္ေလတို႔လို အသင္းမ်ိဳးေတြနဲ႕ ရင္ဆိုင္ရမယ့္ ပြဲေတြသာ ျဖစ္လို႔ေနပါတယ္။ သို႔ေပမယ့္ ယူနိုက္တက္အသင္းက ဒီလို အသင္းမ်ိဳးေတြနဲ႕ ေတြ႕ဆုံရခ်ိန္မွာေတာင္ ရလဒ္ တိမ္းေစာင္းမႈေတြ ျဖစ္တတ္တာပါပဲ။

ေပါ့ဘာအေနနဲ႕ ဘယ္ေလာက္ထိ တိတိက်က် အနားယူရမလဲဆိုတာ မေဖာ္ျပထားေပမယ့္ ၂၀၂၂ ခုႏွစ္ ႏွစ္အစပိုင္းေလာက္မွာပဲ ေပါ့ဘာ ျပန္ကစားနိုင္လိမ့္မယ္လို႔ ယူဆထားၾကၿပီး ေပါ့ဘာမပါဝင္နိုင္ေတာ့မယ့္ အခ်ိန္မွာ နယ္သာလန္ ကြင္းလယ္လူ ဒြန္နီဗန္ဒီဘိခ္ ေနရာပိုေပးဖို႔ ယူနိုက္တက္ ပရိသတ္မ်ားစြာက ေတာင္းဆို ထားၾကပါတယ္။

နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ သူ႕စိတ္ႀကိဳက္ ကစားသမားေတြ ျဖစ္တဲ့ ဖရက္နဲ႕ ေတာ္မီေနးတို႔ကိုသာ ေနရာေပးတတ္သူျဖစ္လို႔ ေပါ့ဘာ မပါနိုင္ရင္လည္း ဖရက္ တြမ္မီေနးတို႔ အတြဲအဖက္ကိုသာ ဆက္လက္အသုံးျပဳလာဖြယ္ ရွိေနပါတယ္။ ဒီလိုသာ ဆိုရင္ ဗန္ဒီဘိခ္အေနနဲ႕ လာမယ့္ ေဆာင္းေစ်းကြက္မွာပဲ အသင္းကေန ထြက္ခြာသြားနိုင္ေျခ ရွိေနပါတယ္။