Spots news

ဆိုးလ်ရှားရဲ့နေရာကို အေဂျက်နည်းပြ တန်ဟက်ကို စတင်ပစ်မှတ်ထားလာတဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့နည်းပြ ဆိုးလ်ရှားရဲ့ နေရာကို အစားထိုး ဝင်ရောက်နိုင်မယ့် နည်းပြတဦးကို စတင် ရှာဖွေနေပြီး

အေဂျက်အသင်းနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြထားနိုင်တဲ့ အေဂျက်နည်းပြ တန်ဟက်ကို ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေစဉ် ၂နှစ် အတွင်းမှာ အသင်းကို တိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကြောင့်

ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာပြီး ဆိုးလ်ရှားရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြကို ရှာဖွေရာမှာ အသင်းကို ရေရှည် ကိုင်တွယ်နိုင်သလို

ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အကယ်ဒမီထွက် ကစားသမားတွေကို ပေါင်းစပ် အသုံးပြုနိုင်မယ့် အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ နည်းပြတွေကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အေဂျက်အသင်းကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ တကြိမ် ပို့ဆောင်ပေးနိုင်ခဲ့သလို အကယ်ဒမီထွက် ကစားသမား အများစုကို

နေရာပေးလေ့ ရှိတဲ့ နည်းပြ တန်ဟက်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး တန်ဟက်ကို ခေါ်ယူ ခန့်အပ်ဖို့ သဘောတူညီမှု ရရှိသွားမှသာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ရလဒ္ေတြ ဆိုးဝါးေနတာေၾကာင့္ အသင္းရဲ႕နည္းျပ ဆိုးလ္ရွားရဲ႕ ေနရာကို အစားထိုး ဝင္ေရာက္နိုင္မယ့္ နည္းျပတဦးကို စတင္ ရွာေဖြေနၿပီး

ေအဂ်က္အသင္းနဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြကို ထုတ္ျပထားနိုင္တဲ့ ေအဂ်က္နည္းျပ တန္ဟက္ကို ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

ဆိုးလ္ရွားဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ကိုင္တြယ္ေနစဥ္ ၂ႏွစ္ အတြင္းမွာ အသင္းကို တိုးတက္လာေအာင္ စြမ္းေဆာင္နိုင္ခဲ့ေပမယ့္ သူ႕ရဲ႕ နည္းစနစ္ပိုင္း အားနည္းခ်က္ေတြေၾကာင့္

ယူနိုက္တက္အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ေကာင္းေတြ ရရွိဖို႔ ႐ုန္းကန္ေနရၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၁ ပြဲသာ အနိုင္ရရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္း ယူနိုက္တက္အသင္းဟာ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ စတင္ စဥ္းစားလာၿပီး ဆိုးလ္ရွားရဲ႕ ေနရာကို အစားဝင္နိုင္မယ့္ နည္းျပကို ရွာေဖြရာမွာ အသင္းကို ေရရွည္ ကိုင္တြယ္နိုင္သလို

ကမာၻ႔အဆင့္ ကစားသမားေတြနဲ႕ အကယ္ဒမီထြက္ ကစားသမားေတြကို ေပါင္းစပ္ အသုံးျပဳနိုင္မယ့္ အရည္အခ်င္းကို ပိုင္ဆိုင္ထားတဲ့ နည္းျပေတြကို ဦးစားေပး ပစ္မွတ္ အျဖစ္ သတ္မွတ္ထားပါတယ္။

မန္ခ်က္စတာ ညေနခင္း သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေအဂ်က္အသင္းကို ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ဆီ တႀကိမ္ ပို႔ေဆာင္ေပးနိုင္ခဲ့သလို အကယ္ဒမီထြက္ ကစားသမား အမ်ားစုကို

ေနရာေပးေလ့ ရွိတဲ့ နည္းျပ တန္ဟက္ကို နံပါတ္တစ္ ပစ္မွတ္ အျဖစ္ သတ္မွတ္ထားၿပီး တန္ဟက္ကို ေခၚယူ ခန႔္အပ္ဖို႔ သေဘာတူညီမႈ ရရွိသြားမွသာ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။