Spots news

သူငယ်ချင်းဟောင်းကို ပြန်ခေါ်ဖို့ ဆွေးနွေးမှုတွေ စတင်နေတဲ့ နည်းပြသစ် ဇာဗီ

Unicode Version

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ တချိန်က အသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့် ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၃၈နှစ် အရွယ် ဝါရင့် ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်ဟာ ၂၀၀၈ခုနှစ် ကနေ ၂၀၁၆ခုနှစ် အထိ ဘာစီလိုနာအသင်းမှာ ကစားခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ရွှေခေတ်လို့ ပြောရမယ့် ၂၀၀၉ခုနှစ်နဲ့ ၂၀၁၄ခုနှစ်ကြား ကာလအတွင်းမှာ အဓိက ညာနောက်ခံလူ အဖြစ် အစွမ်းပြခဲ့သူပါ။

အဲလ်ဗက်ဟာ ဘာစီလိုနာအသင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၉၁ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀၂ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလား ၃ကြိမ် ၊ လာလီဂါ ၆ကြိမ် ၊ စပိန်ဘုရင့်ဖလား ၅ကြိမ် ၊ စပိန်စူပါဖလား ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၃ကြိမ်နဲ့ ဥရောပ စူပါဖလား ၃ကြိမ်တို့ကို အရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နည်းပြသစ် ဖြစ်လာသူ ဇာဗီက သူ့ရဲ့ အသင်းဖော်ဟောင်း ဒန်နီ အဲလ်ဗက်ကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ထံ တိုက်တွန်း အကြံပေးခဲ့တာ ဖြစ်ပြီး ဇာဗီရဲ့ အကြံပေးချက်ကြောင့် ဘာစီလိုနာအသင်းဟာ ဒန်နီ အဲလ်ဗက်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက သတင်းဌာနတွေကို အတည်ပြု ပြောကြားထားပါတယ်။

ဒန်နီ အဲလ်ဗက်ကတော့ ဘာစီလိုနာအသင်းထံ ပြန်လာချင်ကြောင်း ဝန်ခံထားပြီး ဘာစီလိုနာအသင်းဟာ ယခုတပတ် အတွင်းမှာ အဲလ်ဗက်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားပြီး တွေ့ဆုံ ဆွေးနွေးမှုသာ အောင်မြင်သွားပါက အဲလ်ဗက်ကို လာမယ့်အပတ်မှာပဲ ဘာစီလိုနာအသင်းရဲ့ ဝတ်စုံနဲ့ ပြန်လည် မြင်တွေ့ရနိုင်ကြောင်း သိရပါတယ်။

Zawgyi Version

စပိန္လာလီဂါ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ တခ်ိန္က အသင္းမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ဝါရင့္ ဘရာဇီးလ္ ညာေနာက္ခံလူ ဒန္နီအဲလ္ဗက္ကို အသင္းထံ ျပန္လည္ ေခၚယူဖို႔ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

အသက္ ၃၈ႏွစ္ အ႐ြယ္ ဝါရင့္ ဘရာဇီးလ္ ညာေနာက္ခံလူ ဒန္နီ အဲလ္ဗက္ဟာ ၂၀၀၈ခုႏွစ္ ကေန ၂၀၁၆ခုႏွစ္ အထိ ဘာစီလိုနာအသင္းမွာ ကစားခဲ့သူ ျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ႕ ေ႐ႊေခတ္လို႔ ေျပာရမယ့္ ၂၀၀၉ခုႏွစ္နဲ႕ ၂၀၁၄ခုႏွစ္ၾကား ကာလအတြင္းမွာ အဓိက ညာေနာက္ခံလူ အျဖစ္ အစြမ္းျပခဲ့သူပါ။

အဲလ္ဗက္ဟာ ဘာစီလိုနာအသင္းမွာ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၃၉၁ပြဲ ပါဝင္ ကစားခဲ့ရာ သြင္းဂိုး ၂၁ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၀၂ႀကိမ္ အထိ ျပဳလုပ္နိုင္ခဲ့ကာ ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္ ၊ လာလီဂါ ၆ႀကိမ္ ၊ စပိန္ဘုရင့္ဖလား ၅ႀကိမ္ ၊ စပိန္စူပါဖလား ၄ႀကိမ္ ၊ ကမာၻ႔ကလပ္ဖလား ၃ႀကိမ္နဲ႕ ဥေရာပ စူပါဖလား ၃ႀကိမ္တို႔ကို အရယူနိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း နည္းျပသစ္ ျဖစ္လာသူ ဇာဗီက သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း ဒန္နီ အဲလ္ဗက္ကို ေခၚယူေပးဖို႔ ဘုတ္အဖြဲ႕ထံ တိုက္တြန္း အႀကံေပးခဲ့တာ ျဖစ္ၿပီး ဇာဗီရဲ႕ အႀကံေပးခ်က္ေၾကာင့္ ဘာစီလိုနာအသင္းဟာ ဒန္နီ အဲလ္ဗက္ကို ျပန္လည္ ေခၚယူဖို႔ စီစဥ္ခဲ့တာ ျဖစ္ေၾကာင္း ဘာစီလိုနာအသင္းနဲ႕ နီးစပ္သူေတြက သတင္းဌာနေတြကို အတည္ျပဳ ေျပာၾကားထားပါတယ္။

ဒန္နီ အဲလ္ဗက္ကေတာ့ ဘာစီလိုနာအသင္းထံ ျပန္လာခ်င္ေၾကာင္း ဝန္ခံထားၿပီး ဘာစီလိုနာအသင္းဟာ ယခုတပတ္ အတြင္းမွာ အဲလ္ဗက္နဲ႕ ေတြ႕ဆုံကာ အေျပာင္းအေ႐ႊ႕ကိစၥကို ေဆြးေႏြးဖို႔ စီစဥ္ထားၿပီး ေတြ႕ဆုံ ေဆြးေႏြးမႈသာ ေအာင္ျမင္သြားပါက အဲလ္ဗက္ကို လာမယ့္အပတ္မွာပဲ ဘာစီလိုနာအသင္းရဲ႕ ဝတ္စုံနဲ႕ ျပန္လည္ ျမင္ေတြ႕ရနိုင္ေၾကာင္း သိရပါတယ္။