Spots news

ရီးရဲလ် နဲ့ ယူနိုက်တက်ကို ငြင်းပယ်ခဲ့လို့ နောင်တရနေတဲ့ အာဆင်ဝင်းဂါး

Unicode Version

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး ကတော့ အာဆင်နယ်အသင်းကို ကိုင်တွယ်နေစဉ်မှာ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်တို့လို ထိပ်တန်းအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ကြောင်း ESPN သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ အမ်းမရိတ်ကွင်းကို တည်ဆောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းကမှ ရယူနိုင်ခြင်း မရှိတဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ အမှတ်ပေးဖလားကိုလည်း အရယူနိုင်ခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်ကို ၁၉၉၆ခုနှစ် ကနေ စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ ၂၂နှစ် ကြာအောင် ကိုင်တွယ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၃ကြိမ် ၊ အက်ဖ်အေဖလား ၇ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၇ကြိမ် စုစုပေါင်း ဆုဖလား ၁၇လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အာစင်ဝင်းဂါး အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားဖူးတဲ့ အသင်းတွေ ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ်တို့လို အသင်းကြီးတွေဟာ အာစင်ဝင်းဂါးဆီ ချဉ်းကပ်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း အာစင်ဝင်းဂါးကို မျက်စိကျခဲ့ဖူးပါတယ်။

အာစင်ဝင်းဂါးကတော့ ဥရောပ ထိပ်သီးအသင်း အများစုဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစားဖူးကြောင်း အတည်ပြုသွားခဲ့ကာ သူက အာဆင်နယ်အသင်းကို တွယ်တာပြီး အဆိုပါအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ဖူးလို့ နောင်တရကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးက “ကျွန်တော် ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ ၂ကြိမ်တောင် အခွင့်အရေး ရခဲ့ပါတယ်။ ပြီးတော့ ဂျူဗင်တပ် ၊ ပီအက်စ်ဂျီတို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရဖူးပါတယ်။ ထပ်ပြောရရင် မန်ချက်စတာ ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုကိုတောင် ရခဲ့ဖူးပါတယ်။

ကျွန်တော့် အတွက် အခုချိန်မှာ နောင်တအရဆုံး အရာက အာဆင်နယ်အသင်းကို အရမ်း ချစ်မိခဲ့တာပါပဲ။ ကျွန်တော် တကယ်ပဲ နောင်တရပါတယ်။ ကျွန်တော်က အာဆင်နယ်အသင်းကို စွန့်ခွာပြီး အသင်းကြီး တသင်းဆီ သွားခဲ့သင့်တာပါ” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ နည္းျပႀကီး အာစင္ဝင္းဂါး ကေတာ့ အာဆင္နယ္အသင္းကို ကိုင္တြယ္ေနစဥ္မွာ ရီးရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာ ယူနိုက္တက္တို႔လို ထိပ္တန္းအသင္းႀကီးေတြရဲ႕ ကမ္းလွမ္းမႈေတြကို ရရွိခဲ့ေၾကာင္း ESPN သတင္းဌာနနဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

အာစင္ဝင္းဂါးဟာ အာဆင္နယ္အသင္းကို ပရီးမီးယားလိဂ္ရဲ႕ အင္အားႀကီးအသင္း တသင္း ျဖစ္လာေအာင္ ျပဳစု ပ်ိဳးေထာင္ေပးခဲ့ၿပီး သူ႕ရဲ႕ လက္ထက္မွာ အမ္းမရိတ္ကြင္းကို တည္ေဆာက္နိုင္ခဲ့သလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဘယ္အသင္းကမွ ရယူနိုင္ျခင္း မရွိတဲ့ ရႈံးပြဲမရွိ စံခ်ိန္နဲ႕ အမွတ္ေပးဖလားကိုလည္း အရယူနိုင္ခဲ့ပါတယ္။

အာစင္ဝင္းဂါးဟာ အာဆင္နယ္ကို ၁၉၉၆ခုႏွစ္ ကေန စတင္ တာဝန္ယူ ကိုင္တြယ္ခဲ့ၿပီး ၂၀၁၈ခုႏွစ္မွာေတာ့ အသင္းကေန ထြက္ခြာခဲ့ပါတယ္။ အာစင္ဝင္းဂါးဟာ ၂၂ႏွစ္ ၾကာေအာင္ ကိုင္တြယ္ခဲ့ရာမွာ ပရီးမီးယားလိဂ္ဖလား ၃ႀကိမ္ ၊ အက္ဖ္ေအဖလား ၇ႀကိမ္နဲ႕ ကြန္ျမဴနတီဒိုင္း ၇ႀကိမ္ စုစုေပါင္း ဆုဖလား ၁၇လုံး အထိ ရယူနိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း အာစင္ဝင္းဂါး အာဆင္နယ္အသင္းကို ကိုင္တြယ္ခဲ့စဥ္မွာ သူ႕ကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔ ႀကိဳးစားဖူးတဲ့ အသင္းေတြ ရွိခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ ၊ ပီအက္စ္ဂ်ီ ၊ ဂ်ဴဗင္တပ္တို႔လို အသင္းႀကီးေတြဟာ အာစင္ဝင္းဂါးဆီ ခ်ဥ္းကပ္ခဲ့သလို မန္ခ်က္စတာ ယူနိုက္တက္အသင္းကလည္း အာစင္ဝင္းဂါးကို မ်က္စိက်ခဲ့ဖူးပါတယ္။

အာစင္ဝင္းဂါးကေတာ့ ဥေရာပ ထိပ္သီးအသင္း အမ်ားစုဟာ သူ႕ကို ေခၚယူဖို႔ ႀကိဳးစားဖူးေၾကာင္း အတည္ျပဳသြားခဲ့ကာ သူက အာဆင္နယ္အသင္းကို တြယ္တာၿပီး အဆိုပါအသင္းေတြရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ့ဖူးလို႔ ေနာင္တရေၾကာင္းလည္း ဝန္ခံသြားခဲ့ပါတယ္။

အာစင္ဝင္းဂါးက “ကြၽန္ေတာ္ ရီးရဲလ္မက္ဒရစ္အသင္းကို ကိုင္တြယ္ဖို႔ ၂ႀကိမ္ေတာင္ အခြင့္အေရး ရခဲ့ပါတယ္။ ၿပီးေတာ့ ဂ်ဴဗင္တပ္ ၊ ပီအက္စ္ဂ်ီတို႔ရဲ႕ ကမ္းလွမ္းမႈေတြကိုလည္း ရဖူးပါတယ္။ ထပ္ေျပာရရင္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီက ကမ္းလွမ္းမႈကိုေတာင္ ရခဲ့ဖူးပါတယ္။

ကြၽန္ေတာ့္ အတြက္ အခုခ်ိန္မွာ ေနာင္တအရဆုံး အရာက အာဆင္နယ္အသင္းကို အရမ္း ခ်စ္မိခဲ့တာပါပဲ။ ကြၽန္ေတာ္ တကယ္ပဲ ေနာင္တရပါတယ္။ ကြၽန္ေတာ္က အာဆင္နယ္အသင္းကို စြန႔္ခြာၿပီး အသင္းႀကီး တသင္းဆီ သြားခဲ့သင့္တာပါ” လို႔ ေျပာၾကားခဲ့တာပါ။