Spots news

ပိုကောင်းတဲ့ ပေါ့ဘာအဖြစ် ယူနိုက်တက်အတွက် ပြန်လာမယ်လို့ ပေါ့ဘာကတိပေး

Unicode Version

ဒဏ်ရာက သက်သာလာတဲ့ အခါ အရင်ကထက်ပိုကောင်းစွာ ကစားသွားမယ်လို့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာက ကတိပြုပြောဆို လိုက်ပါတယ်။ ပေါ့ဘာဟာ ကာဇက်စတန်၊ ဖင်လန်တို့နဲ့ကစားရမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပြင်သစ် အသင်း အတွက် ပါဝင် ကစားပေးဖို့ လေ့ကျင့်နေရင်း

ပေါင်ခြံဒဏ်ရာ ရရှိသွားတာကြောင့် ဒီနှစ်ကုန်ပိုင်း အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ဒဏ်ရာရသွားတဲ့အတွက် ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်ကစားနိုင်မှာမဟုတ်တော့တဲ့အပြင် မန်ယူရဲ့အရေးကြီးပွဲတွေကိုလည်း လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ပေါ့ဘာက ” ခင်ဗျားတို့သိတဲ့ အတိုင်းပဲ၊ ကျွန်တော် ဒဏ်ရာနည်းနည်း ရခဲ့ပါတယ်။ အရမ်းမဆိုးပါစေနဲ့ လို့ မျှော်လင့်ပါတယ်။ ဒီရက်ပိုင်းမှာ ဒဏ်ရာ အခြေအနေကို အသေးစိတ် စစ်ဆေးရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော် အရင်ကထက် ပိုကောင်းစွာနဲ့ ပြန်လာမှာပါ။

ဒါကိုလည်း ပရိသတ်တွေ သိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယုံကြည်မှုတွေ ဆုံးရှုံးလို့ မရပါဘူး။ အကောင်းမြင်မှုတွေကို စွန့်ပစ်လို့ မရပါဘူး။ ကျွန်တော်တို့ ခေါင်းမော့ပြီး ပြန်လာမှာပါ ” လို့ ပေါ့ဘာက သူ့ရဲ့အင်စတာဂရမ်မှာ ဗီဒီယိုတင်ရင်း ပရိသတ်တွေကို သတင်းပေး ခဲ့ပါတယ်။

လက်ရှိအချိန် မှာတော့ ပေါ့ဘာ ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ပယ် ပြစ်ဒါဏ် ကျခံနေရတာဖြစ်ပြီး ဝက်ဖိုဒ့်အသင်းနဲ့ ပွဲစဉ်အထိ ယူနိုက်တက်အသင်း အတွက် ပွဲထွက်ပေးနိုင်မှာ မဟုတ်ပါဘူး။ သို့ပေမယ့် ပေါ့ဘာ အခု ရရှိထားတဲ့ ဒါဏ်ရာကြောင့် နိုဝင်ဘာလ ပွဲစဉ်များ မတိုင်မှီ ပြန်လာနိုင်မလား ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရပါမယ်။

Zawgyi Version

ဒဏ္ရာက သက္သာလာတဲ့ အခါ အရင္ကထက္ပိုေကာင္းစြာ ကစားသြားမယ္လို႔ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာက ကတိျပဳေျပာဆို လိုက္ပါတယ္။ ေပါ့ဘာဟာ ကာဇက္စတန္၊ ဖင္လန္တို႔နဲ႕ကစားရမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ျပင္သစ္ အသင္း အတြက္ ပါဝင္ ကစားေပးဖို႔ ေလ့က်င့္ေနရင္း ေပါင္ၿခံဒဏ္ရာ

ရရွိသြားတာေၾကာင့္ ဒီႏွစ္ကုန္ပိုင္း အထိ အနားယူရေတာ့မွာ ျဖစ္ပါတယ္။ ေပါ့ဘာဟာ ဒဏ္ရာရသြားတဲ့အတြက္ ျပင္သစ္အသင္းရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ပါဝင္ကစားနိုင္မွာမဟုတ္ေတာ့တဲ့အျပင္ မန္ယူရဲ႕အေရးႀကီးပြဲေတြကိုလည္း လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

ေပါ့ဘာက ” ခင္ဗ်ားတို႔သိတဲ့ အတိုင္းပဲ၊ ကြၽန္ေတာ္ ဒဏ္ရာနည္းနည္း ရခဲ့ပါတယ္။ အရမ္းမဆိုးပါေစနဲ႕ လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီရက္ပိုင္းမွာ ဒဏ္ရာ အေျခအေနကို အေသးစိတ္ စစ္ေဆးရဦးမွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္ အရင္ကထက္ ပိုေကာင္းစြာနဲ႕ ျပန္လာမွာပါ။

ဒါကိုလည္း ပရိသတ္ေတြ သိပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႕ ယုံၾကည္မႈေတြ ဆုံးရႈံးလို႔ မရပါဘူး။ အေကာင္းျမင္မႈေတြကို စြန႔္ပစ္လို႔ မရပါဘူး။ ကြၽန္ေတာ္တို႔ ေခါင္းေမာ့ၿပီး ျပန္လာမွာပါ ” လို႔ ေပါ့ဘာက သူ႕ရဲ႕အင္စတာဂရမ္မွာ ဗီဒီယိုတင္ရင္း ပရိသတ္ေတြကို သတင္းေပး ခဲ့ပါတယ္။

လက္ရွိအခ်ိန္ မွာေတာ့ ေပါ့ဘာ ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ ပြဲ ပယ္ ျပစ္ဒါဏ္ က်ခံေနရတာျဖစ္ၿပီး ဝက္ဖိုဒ့္အသင္းနဲ႕ ပြဲစဥ္အထိ ယူနိုက္တက္အသင္း အတြက္ ပြဲထြက္ေပးနိုင္မွာ မဟုတ္ပါဘူး။ သို႔ေပမယ့္ ေပါ့ဘာ အခု ရရွိထားတဲ့ ဒါဏ္ရာေၾကာင့္ နိုဝင္ဘာလ ပြဲစဥ္မ်ား မတိုင္မွီ ျပန္လာနိုင္မလား ဆိုတာေတာ့ ဆက္လက္ ေစာင့္ၾကည့္ရပါမယ္။