Spots news
ပေါ့ဘာကို ပေါင် ၇၅ သန်း ခန့်ဖြင့် ခေါ်ယူရရှိရန် ကြိုးပမ်းမည့် ပီအက်စ်ဂျီ
Unicode Version
နည်းပြ တူချယ် ကို ထုတ်ပယ် ပြီး နောက် ပိုချက်တီနို ကို အစားထိုး ခန့်အပ် ခဲ့တဲ့ ပီအက်စ်ဂျီ အသင်း ဟာ ချန်ပီယံလိဂ် ရယူဖို့ အတွက် အသင်းကို လိုအပ်တဲ့ အင်အား ဖြည့်တင်းမှု ပြုလုပ် မည် ဖြစ်ကြောင်း ကြေငြာ လိုက်ပါတယ်။
နည်းပြ ပိုချက်တီနို ဟာ ‌ချန်ပီယံလိဂ် ဖလား ရယူရေး အတွက် ဖိအား ပေးခံ နေရ သူပါ။
ပိုချက် အနေနဲ့ အသင်း အတွက် ထိန်းကျောင်းပေးမယ့် ကစားသမား မျိူးကို ရှာဖွေ နေပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမား ပေါ့ဘာကို ခေါ်ယူ လိုလျက် ရှိကြောင်း Daily Star သတင်းစာက ဖော်ပြ ထားပါတယ်။
လက်ရှိ အချိန်မှာ ပေါ့ဘာကို ခေါ်ယူရန် ဂျူဗင်တပ်စ် ၊ ရီးရဲ မက်ဒရစ် စတဲ့ အသင်း များက စုံစမ်းမှု များ ပြုလုပ် နေကြပြီး ပေါ့ဘာရဲ့ အေးဂျင့် ဖြစ်သူ ရွိင်အိုလာက ပေါ့ဘာ အနေနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ပျော်ရွှင် မှု မရှိတော့ ကြောင်း ၊ ယူနိုက်တက် နဲ့ ပေါ့ဘာ ရဲ့ ဇာတ်လမ်း  ပြီးဆုံး သွားပြီ ဖြစ်ကြောင်း ပြောကြား ခဲ့ပါ
သေးတယ် ။
ပေါ့ဘာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ စာချုပ် သက်တမ်း တိုးရန် ဆွေးနွေးမှု မှာ တိုးတက်မှု မရှိသေးတဲ့ အတွက် ပီအက်စ်ဂျီ  နည်းပြ ပိုချက်တီနို က ပေါ့ဘာ ကို ပေါင် ၇၅ သန်း ခန့်ဖြင့် ခေါ်ယူ ရရှိရန် မျှော်လင့် ထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရဲ့ အမှူဆောင်ချုပ်  အက်ဝုဒ် ကတော့ ပေါ့ဘာ ကို အသင်း မှာ ဆက်ရှိ နေစေရန် အတွက် စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ကြိုးပမ်း လုပ်ဆောင် လျက်ရှိ နေပါတယ်။
ပိုချက်တီနိုဟာ စပါး အသင်းကို ကိုင်တွယ်စဉ် ကတည်းက ပေါ့ဂ်ဘာ၏ ခြေစွမ်းကို နှစ်ခြိုက် နေသူ ဖြစ်ပြီး ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် အဓိက အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် ကြိုးစား သွားမည် ဖြစ်ကြောင်း Daily Star သတင်းစာ က ရေးသား ဖော်ပြ ထားပါတယ်။
အသင်း ရဲ့ လက်ရှိ လူစာရင်း အရ နေမာ နှင့် ဘာပေ တို့ကြောင့် တိုက်စစ် အင်အား ပြည့်စုံ သော်လည်း ကွင်းလယ် ဖန်တီးရှင် လိုအပ်နေသော ပီအက်စ်ဂျီ အသင်း အတွက် ပေါ့ဂ်ဘာ ဟာ ခေါ်ယူ သင့်သော ကစားသမား ဖြစ်ပြီး ပီအက်စ်ဂျီ ၏ ငွေကြေး တောင့်တင်းမှု ကြောင့် ပေါ့ဘာ နဲ့ ပီအက်စ်ဂျီ တို့ရဲ့ အပြောင်း အရွေ့  ဖြစ်မြောက် ဖို့ ရာနှုန်း များ လျက် ရှိနေပါတယ်။
Zawgyi Version
သေးတယ် ။