Spots news

မန်ယူကို ပြောင်းရွေ့ပြီး ဆိုးလ်ရှားရဲ့လက်အောက်မှာ ကစားချင်တဲ့ ထရစ်ပီယာ

Unicode Version

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာဟာ

အသင်းအပြောင်းအလဲ မလုပ်ခဲ့ရပဲ အသက်လက်တီကိုအသင်းမှာသာ ဆက်လက်ရှိနေခဲ့ရပေမယ့်လည်း ထရစ်ပီယာကိုယ်တိုင်ကတော့ ယူနိုက်တက်ဆီကို ပြောင်းရွှေ့ရဖို့ စိတ်ဝင်စားလျက် ရှိနေသေးတယ်လို့ စပိန်နာမည်ကျော် သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ၂၀၁၉ခုနှစ်ကမှ စပါးအသင်းကနေ အသက်လက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသက်လက်တီကိုအသင်းနဲ့ စပိန်လာလီဂါ ချန်ပီယံဆုဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် သူရဲ့အမိမြေ အင်္ဂလန်မြေကို ပြန်သွားချင်နေပြီး သူ့ကို အလိုရှိနေတဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားချင်နေပါတယ်။

ယူနိုက်တက်ဘက်ကလည်း ထရစ်ပီယာကို ခေါ်ယူချင်နေပေမယ့် အသက်လက်တီကိုဘက်က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ထရစ်ပီယာကို ရောင်းချသွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားဖို့ပဲ ဆုံးဖြတ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ထရစ်ပီယာကို အာဆင်နယ်အသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အသက်လက်တီကိုအသင်းက ငြင်းဆန်ခဲ့တာကြောင့် အာဆင်နယ်က ဂျပန်နောက်ခံအစွန်လူ တိုမီယာစုကို ခေါ်ယူခဲ့ရသလို ယူနိုက်တက်ကလည်း ဒါလော့ကို ဆက်လက်ထိန်းသိမ်းထားခဲ့ရပါတယ်။

လက်ရှိမှာ နယူးကာဆယ်အသင်းကပါ ထရစ်ပီယာကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဝမ်ဘစ်ဆာခါရဲ့ လတ်တလောခြေစွမ်း ကျဆင်းနေရတာကြောင့် ယူနိုက်တက်ကလည်း ထရစ်ပီယာကို ထပ်မံကမ်းလှမ်းလာဖွယ် ရှိနေရပါတယ်။

Zawgyi Version

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္းက မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ အေျပာင္းအေ႐ႊ႕ေကာလဟာလသတင္းေတြ အေတာ္ေလးကို ထြက္ေပၚခဲ့တဲ့ အသက္လက္တီကိုမက္ဒရစ္အသင္းရဲ႕ ညာေနာက္ခံကစားသမား ကီရန္ထရစ္ပီယာဟာ

အသင္းအေျပာင္းအလဲ မလုပ္ခဲ့ရပဲ အသက္လက္တီကိုအသင္းမွာသာ ဆက္လက္ရွိေနခဲ့ရေပမယ့္လည္း ထရစ္ပီယာကိုယ္တိုင္ကေတာ့ ယူနိုက္တက္ဆီကို ေျပာင္းေ႐ႊ႕ရဖို႔ စိတ္ဝင္စားလ်က္ ရွိေနေသးတယ္လို႔ စပိန္နာမည္ေက်ာ္ သတင္းစာ AS ကေန ေဖာ္ျပလာခဲ့ပါတယ္။

အသက္(၃၁)ႏွစ္အ႐ႊယ္ရွိ အဂၤလန္လက္ေ႐ြးစင္ ေနာက္ခံအစြန္လူ ထရစ္ပီယာဟာ ၂၀၁၉ခုႏွစ္ကမွ စပါးအသင္းကေန အသက္လက္တီကိုမက္ဒရစ္ဆီ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး လက္ရွိမွာ အသင္းနဲ႕ တတိယေျမာက္ ေဘာလုံးရာသီကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

ထရစ္ပီယာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက အသက္လက္တီကိုအသင္းနဲ႕ စပိန္လာလီဂါ ခ်န္ပီယံဆုဖလားကိုပါ ပိုင္ဆိုင္နိုင္ခဲ့ေပမယ့္ သူရဲ႕အမိေျမ အဂၤလန္ေျမကို ျပန္သြားခ်င္ေနၿပီး သူ႕ကို အလိုရွိေနတဲ့ ယူနိုက္တက္အသင္းဆီကို ေျပာင္းေ႐ႊ႕ကစားခ်င္ေနပါတယ္။

ယူနိုက္တက္ဘက္ကလည္း ထရစ္ပီယာကို ေခၚယူခ်င္ေနေပမယ့္ အသက္လက္တီကိုဘက္က သူတို႔ရဲ႕ အဓိက ကစားသမားျဖစ္တဲ့ ထရစ္ပီယာကို ေရာင္းခ်သြားဖို႔ ဆႏၵမရွိပဲ အသင္းမွာသာ ဆက္လက္ထိန္းသိမ္းထားဖို႔ပဲ ဆုံးျဖတ္သြားခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္တုန္းက ထရစ္ပီယာကို အာဆင္နယ္အသင္းနဲ႕အၿပိဳင္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္ အသက္လက္တီကိုအသင္းက ျငင္းဆန္ခဲ့တာေၾကာင့္ အာဆင္နယ္က ဂ်ပန္ေနာက္ခံအစြန္လူ တိုမီယာစုကို ေခၚယူခဲ့ရသလို ယူနိုက္တက္ကလည္း ဒါေလာ့ကို ဆက္လက္ထိန္းသိမ္းထားခဲ့ရပါတယ္။

လက္ရွိမွာ နယူးကာဆယ္အသင္းကပါ ထရစ္ပီယာကို ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီ ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနသလို ဝမ္ဘစ္ဆာခါရဲ႕ လတ္တေလာေျခစြမ္း က်ဆင္းေနရတာေၾကာင့္ ယူနိုက္တက္ကလည္း ထရစ္ပီယာကို ထပ္မံကမ္းလွမ္းလာဖြယ္ ရွိေနရပါတယ္။