Spots news

အသင်းကို အကြိမ်ကြိမ်ကယ်တင်ပေးနေတာတောင် ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို

Unicode Version

အာဆင်နယ်ကွင်းလယ်လူဟောင်းလည်းဖြစ်၊ လက်ရှိ ဘောလုံးသုံးသပ်ရေးသမားလည်းဖြစ်တဲ့ ပေါလ်မာဆင်ကတော့ ယူနိုက်တက်က ရော်နယ်ဒိုမရောက်ခင်ကတောင် ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့သေးတယ်လို့ ဝေဖန်လာပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို အခြေပြုကစားနေရတဲ့ အသင်းလို့ဆိုနိုင်ပြီး သူ့ရဲ့ ကစားဟန်ကလည်း အသင်းရဲ့ ကစားပုံကို အဟန့်အတားဖြစ်နေစေတာပါ။

ရော်နယ်ဒိုနဲ့ပတ်သက်လို့ ရုပ်သံဝေဖန်သူတွေက ဒီမတိုင်ခင်တည်းက ဝေဖန်မှုတွေရှိခဲ့ပြီး လက်ရှိအချိန်မှာလည်း ဆိုးလ်ရှားတစ်ယောက် ရော်နယ်ဒိုကို အဓိကတည်ကစားရင်း ပြဿနာတက်နေတယ်လို့ ယုံကြည်နေသူတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ မန်ချက်စတာညနေခင်းသတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပေါလ်မာဆင်က အခုလိုပဲ ပြောကြားခဲ့တာပါ။

ပေါလ်မာဆင်က “ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကိုပြောရရင် ရော်နယ်ဒိုမရှိတဲ့ ယူနိုက်တက်က ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ မနှစ်ကတောင် ရှုံးပွဲမရှိပွဲဆက်တွေ ကစားနိုင်ခဲ့ပြီး အဲ့ဒီတုန်းက တန်ပြန်တိုက်စစ်ကို အဓိကအားပြုခဲ့တာပါ။ ဒါမျိုးကိုတော့ ရော်နယ်ဒိုနဲ့ကစားလို့မရပါဘူး”

“အခု အဲ့ဒီကစားကွက်က သွားပါပြီ။ သူတို့ အဲ့ဒီအချိန်ကလို ပြေးအား၊ ရုန်းအားမျိုး မရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် တစ်ရာသီကို ဂိုး (၂၀) အနည်းဆုံး သွင်းနိုင်တဲ့ တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတိုင်း အောင်မြင်မှုမရနိုင်တာကိုလည်း ပေါလ်မာဆင်က စပါးနဲ့ ဥပမာပေးပြီး သုံးသပ်ခဲ့ပါသေးတယ်။

ပေါလ်မာဆင်က “တစ်ရာသီကို ဂိုး (၂၀) လောက်သွင်းထားတဲ့ ကစားသမားရှိနေတိုင်း အောင်မြင်မှုမရဘူးလား? ဒါက စပါးမှာ ဟာရီကိန်းရှိနေသလိုပါပဲ။ ဂိုးတွေအများကြီးသွင်းနိုင်တဲ့ တိုက်စစ်မှူးကိုရထားတိုင်း ထိပ်ဆုံး (၄) နေရာအတွက် ဘာအာမခံချက်မှမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ထိပ်သီး (၄) သင်း ပြင်ပကိုရောက်ရှိသွားပြီး ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့ ခြေစွမ်းပြနေချိန်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းတို့ ခြေစွမ်းတက်လာချိန်မှာ ရုန်းကန်နေရတာကြောင့် ဒီတိုင်းဆက်သွားနေရင် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် မလွယ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

Zawgyi Version

အာဆင္နယ္ကြင္းလယ္လူေဟာင္းလည္းျဖစ္၊ လက္ရွိ ေဘာလုံးသုံးသပ္ေရးသမားလည္းျဖစ္တဲ့ ေပါလ္မာဆင္ကေတာ့ ယူနိုက္တက္က ေရာ္နယ္ဒိုမေရာက္ခင္ကေတာင္ ပိုမိုေကာင္းမြန္တဲ့ အသင္းတစ္သင္းျဖစ္ခဲ့ေသးတယ္လို႔ ေဝဖန္လာပါတယ္။ ယူနိုက္တက္ဟာ ေရာ္နယ္ဒိုကို အေျချပဳကစားေနရတဲ့ အသင္းလို႔ဆိုနိုင္ၿပီး သူ႕ရဲ႕ ကစားဟန္ကလည္း အသင္းရဲ႕ ကစားပုံကို အဟန့္အတားျဖစ္ေနေစတာပါ။

ေရာ္နယ္ဒိုနဲ႕ပတ္သက္လို႔ ႐ုပ္သံေဝဖန္သူေတြက ဒီမတိုင္ခင္တည္းက ေဝဖန္မႈေတြရွိခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း ဆိုးလ္ရွားတစ္ေယာက္ ေရာ္နယ္ဒိုကို အဓိကတည္ကစားရင္း ျပႆနာတက္ေနတယ္လို႔ ယုံၾကည္ေနသူေတြရွိပါတယ္။ ဒါေတြနဲ႕ ပတ္သက္လို႔ မန္ခ်က္စတာညေနခင္းသတင္းဌာနနဲ႕ ေတြ႕ဆုံခန္းမွာ ေပါလ္မာဆင္က အခုလိုပဲ ေျပာၾကားခဲ့တာပါ။

ေပါလ္မာဆင္က “ကြၽန္ေတာ့္ရဲ႕ ပုဂၢိဳလ္ေရးအျမင္ကိုေျပာရရင္ ေရာ္နယ္ဒိုမရွိတဲ့ ယူနိုက္တက္က ပိုမိုေကာင္းမြန္တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ မႏွစ္ကေတာင္ ရႈံးပြဲမရွိပြဲဆက္ေတြ ကစားနိုင္ခဲ့ၿပီး အဲ့ဒီတုန္းက တန္ျပန္တိုက္စစ္ကို အဓိကအားျပဳခဲ့တာပါ။ ဒါမ်ိဳးကိုေတာ့ ေရာ္နယ္ဒိုနဲ႕ကစားလို႔မရပါဘူး”

“အခု အဲ့ဒီကစားကြက္က သြားပါၿပီ။ သူတို႔ အဲ့ဒီအခ်ိန္ကလို ေျပးအား၊ ႐ုန္းအားမ်ိဳး မရွိေတာ့ပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္ တစ္ရာသီကို ဂိုး (၂၀) အနည္းဆုံး သြင္းနိုင္တဲ့ တိုက္စစ္မႉးကို ပိုင္ဆိုင္ထားတိုင္း ေအာင္ျမင္မႈမရနိုင္တာကိုလည္း ေပါလ္မာဆင္က စပါးနဲ႕ ဥပမာေပးၿပီး သုံးသပ္ခဲ့ပါေသးတယ္။

ေပါလ္မာဆင္က “တစ္ရာသီကို ဂိုး (၂၀) ေလာက္သြင္းထားတဲ့ ကစားသမားရွိေနတိုင္း ေအာင္ျမင္မႈမရဘူးလား? ဒါက စပါးမွာ ဟာရီကိန္းရွိေနသလိုပါပဲ။ ဂိုးေတြအမ်ားႀကီးသြင္းနိုင္တဲ့ တိုက္စစ္မႉးကိုရထားတိုင္း ထိပ္ဆုံး (၄) ေနရာအတြက္ ဘာအာမခံခ်က္မွမရွိပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ဟာ လက္ရွိအခ်ိန္မွာ ထိပ္သီး (၄) သင္း ျပင္ပကိုေရာက္ရွိသြားၿပီး ခ်ဲလ္ဆီး၊ လီဗာပူး၊ မန္စီးတီးတို႔ ေျခစြမ္းျပေနခ်ိန္၊ အာဆင္နယ္၊ ဝက္စ္ဟမ္းတို႔ ေျခစြမ္းတက္လာခ်ိန္မွာ ႐ုန္းကန္ေနရတာေၾကာင့္ ဒီတိုင္းဆက္သြားေနရင္ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေတာင္ မလြယ္နိုင္ဘူးလို႔ သုံးသပ္ေနၾကပါတယ္။