Spots news

ပေါ့ဘာကို ရောင်းချဖို့ ပြောင်းရွေ့ကြေး သတ်မှတ်လိုက်တဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်ပေါ့ဘာကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၈လသာ ကျန်ရှိတော့ပြီး စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပေါလ်ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲက ကြိုးစားနေပေမယ့် ပေါ့ဘာဘက်က စံချိန်တင် လုပ်ခလစာကို လိုချင်နေတာကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အခက်တွေ့နေရကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ပေါ့ဘာဟာ စာချုပ်သစ် ချုပ်ဆိုချင်ပါက ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လုပ်ခလစာကို ပေးချေရမယ်လို့ ယူနိုက်တက် အသင်းထံ အသိပေးထားပြီး ယူနိုက်တက်အသင်း ကတော့ ပေါ့ဘာကို ဒီဂီယာနဲ့ တန်းတူ လုပ်ခလစာ ဖြစ်တဲ့ တပတ်လုပ်ခ ပေါင် ၃သိန်းပေးချေဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို ၂၀၂၁ခုနှစ် မကုန်ခင် အထိ စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပေမယ့် စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခြင်း မရှိတော့ပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် ပေါ့ဘာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ယူရို ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာကို ရာသီကုန်မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္လူ တဦး ျဖစ္သူ ေပါလ္ေပါ့ဘာကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

ေပါလ္ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ၾကယ္ပြင့္ ကစားသမားေတြထဲက တဦး ျဖစ္ေပမယ့္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၈လသာ က်န္ရွိေတာ့ၿပီး စာခ်ဳပ္သစ္သာ ထပ္မံ ခ်ဳပ္ဆိုျခင္း မရွိပါက ရာသီကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အသင္းေျပာင္းနိုင္မယ့္ ကစားသမားလည္း ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ေပါလ္ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီထဲက ႀကိဳးစားေနေပမယ့္ ေပါ့ဘာဘက္က စံခ်ိန္တင္ လုပ္ခလစာကို လိုခ်င္ေနတာေၾကာင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ အခက္ေတြ႕ေနရေၾကာင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ နီးစပ္သူေတြက ဆိုပါတယ္။

ေပါ့ဘာဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ပါက ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္တင္ လုပ္ခလစာကို ေပးေခ်ရမယ္လို႔ ယူနိုက္တက္ အသင္းထံ အသိေပးထားၿပီး ယူနိုက္တက္အသင္း ကေတာ့ ေပါ့ဘာကို ဒီဂီယာနဲ႕ တန္းတူ လုပ္ခလစာ ျဖစ္တဲ့ တပတ္လုပ္ခ ေပါင္ ၃သိန္းေပးေခ်ဖိဳ႕ ဆႏၵရွိေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္ အသင္းဟာ ေပါ့ဘာကို ၂၀၂၁ခုႏွစ္ မကုန္ခင္ အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ေအာင္ ႀကိဳးစားသြားမွာ ျဖစ္ေပမယ့္ စာခ်ဳပ္သစ္သာ ခ်ဳပ္ဆိုနိုင္ျခင္း မရွိေတာ့ပါက လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာတင္ ေပါ့ဘာကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားေၾကာင္းနဲ႕ ယူရို ၅၀သန္း ဝန္းက်င္ လိုခ်င္ေနေၾကာင္း သိရွိရပါတယ္။

လက္ရွိမွာေတာ့ ေပါ့ဘာကို ေခၚယူဖို႔ အတြက္ သူ႕ရဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္အသင္းနဲ႕ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းတို႔က စိတ္ဝင္စားေနၾကၿပီး ဂ်ဴဗင္တပ္အသင္းဟာ ေပါ့ဘာကို ရာသီကုန္မွသာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ စီစဥ္ထားတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ေပါ့ဘာကို ေခၚယူနိုင္ဖို႔ အလားအလာ အေကာင္းဆုံး ျဖစ္ေနပါတယ္။