Spots news

ပွဲထွက်ခွင့်လိုချင်လို့ အသင်းကထွက်ခွာချင်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတဲ့ ဂိုးသမား ဟန်ဒါဆင်ဟာ အဓိက ဂိုးသမားအဖြစ် ဒီဂီယာကိုပဲ ဆက်လက် အသုံးပြု နေမယ် ဆိုရင်တော့ အခုရာသီကုန် ကျရင် အသင်းနဲ့ လမ်းခွဲဖို့ အတွက်ပြင်ဆင် နေပါပြီ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်သူ ဟန်ဒါဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဒီဂီယာ လက်စွမ်း ကျဆင်းနေချိန်မှာ ပွဲထွက် ဂိုးသမား အဖြစ် ပါဝင်ကစားခွင့် ရခဲ့ပေမယ့် ဒီရာသီ အစပိုင်းမှာ

ကိုဗစ်ရောဂါ ကူးစက် ခံစားခဲ့ရ တာကြောင့် ရာသီအစ ပွဲတွေကို လွဲချော်ခဲ့သလို ဒီဂီယာကလည်း လက်စွမ်းပြ ကစားနေတာကြောင့် ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ဟန်ဒါဆင်ဟာ စက်တင်ဘာလ တုန်းက ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ဘလိဂ်ဖလားပွဲမှာသာ အသင်းအတွက် ပါဝင်ကစားခွင့် ရခဲ့ပြီး ကလပ် အသင်းအတွက် ပုံမှန်ဘကစားခွင့် မရတဲ့အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ၃ ကြိမ် ဆက်တိုက် ချန်လှပ် ခံခဲ့ရပါတယ်။

အဲဒါကြောင့် ဟန်ဒါဆင်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျရင် အင်္ဂလန် အသင်းမှာ ရွေးချယ်ခံရဖို့ အတွက် ပုံမှန် ကစားခွင့် ရမယ့်အသင်း တစ်သင်းဆီ ပြောင်းရွှေ့လို နေပြီး သူ့ကိုခေါ်ယူဖို့ နယူးကာဆယ် အသင်းက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ စာချုပ် သက်တမ်း ၄ နှစ်ခွဲ ကျန်ရှိနေတဲ လူငယ်ကြယ်ပွင့် ဂိုးသမား ဟန်ဒါဆင်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကထွက်ခွာခွင့် ပေးမယ့် အနေအထား မရှိပါဘူး။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ပုံမွန္ကစားခြင့္ ေပ်ာက္ဆုံးေနတဲ့ ဂိုးသမား ဟန္ဒါဆင္ဟာ အဓိက ဂိုးသမားအျဖစ္ ဒီဂီယာကိုပဲ ဆက္လက္ အသုံးျပဳ ေနမယ္ ဆိုရင္ေတာ့ အခုရာသီကုန္ က်ရင္ အသင္းနဲ႕ လမ္းခြဲဖို႔ အတြက္ျပင္ဆင္ ေနပါၿပီ။

အသက္ ၂၄ ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္သူ ဟန္ဒါဆင္ဟာ ၿပီးခဲ့တဲ့ရာသီက ဒီဂီယာ လက္စြမ္း က်ဆင္းေနခ်ိန္မွာ ပြဲထြက္ ဂိုးသမား အျဖစ္ ပါဝင္ကစားခြင့္ ရခဲ့ေပမယ့္ ဒီရာသီ အစပိုင္းမွာ

ကိုဗစ္ေရာဂါ ကူးစက္ ခံစားခဲ့ရ တာေၾကာင့္ ရာသီအစ ပြဲေတြကို လြဲေခ်ာ္ခဲ့သလို ဒီဂီယာကလည္း လက္စြမ္းျပ ကစားေနတာေၾကာင့္ ပုံမွန္ကစားခြင့္ ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။

ဟန္ဒါဆင္ဟာ စက္တင္ဘာလ တုန္းက ဝက္စ္ဟမ္းနဲ႕ ကစားခဲ့တဲ့ဘလိဂ္ဖလားပြဲမွာသာ အသင္းအတြက္ ပါဝင္ကစားခြင့္ ရခဲ့ၿပီး ကလပ္ အသင္းအတြက္ ပုံမွန္ဘကစားခြင့္ မရတဲ့အတြက္ အဂၤလန္အသင္း လူစာရင္းမွာ ၃ ႀကိမ္ ဆက္တိုက္ ခ်န္လွပ္ ခံခဲ့ရပါတယ္။

အဲဒါေၾကာင့္ ဟန္ဒါဆင္အေနနဲ႕ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ က်ရင္ အဂၤလန္ အသင္းမွာ ေ႐ြးခ်ယ္ခံရဖို႔ အတြက္ ပုံမွန္ ကစားခြင့္ ရမယ့္အသင္း တစ္သင္းဆီ ေျပာင္းေ႐ႊ႕လို ေနၿပီး သူ႕ကိုေခၚယူဖို႔ နယူးကာဆယ္ အသင္းက စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကေတာ့ စာခ်ဳပ္ သက္တမ္း ၄ ႏွစ္ခြဲ က်န္ရွိေနတဲ လူငယ္ၾကယ္ပြင့္ ဂိုးသမား ဟန္ဒါဆင္ကို လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အသင္းကထြက္ခြာခြင့္ ေပးမယ့္ အေနအထား မရွိပါဘူး။