Spots news

သွင်းဂိုးတွေမများရင် ရွှေဘောလုံး မပေးတော့ဘူးလားဆိုတဲ့ ဂျော်ဂျင်ဟို

Unicode Version

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ယူရိုချန်ပီယံ အီတလီအသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို သွင်းဂိုးတွေ အပေါ် အခြေပြုပြီး မဆုံးဖြတ်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အီတလီအသင်းရဲ့ ယူရိုချန်ပီယံ ဖြစ်ခဲ့တဲ့ ခရီးလမ်းမှာလည်း အဓိကကျခဲ့တဲ့ ကစားသမားပါ။

ဒါကြောင့်လည်း ဂျော်ဂျင်ဟိုဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ UEFAက ပေးအပ် ချီးမြှင့်တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ရရှိခဲ့ပြီး ယခုလ ၂၉ရက်နေ့မှာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာလည်း ပါဝင်နေပါတယ်။

ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဂျော်ဂျင်ဟိုတို့က ရေပန်းစားနေကြတာ ဖြစ်ပြီး ဆုရဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာ ဂျော်ဂျင်ဟို တဦးထဲကသာ ကွင်းလယ်လူ ဖြစ်ကာ ကျန်တဲ့ ကစားသမား ၃ဦးကတော့ တိုက်စစ်မှူးတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဂျော်ဂျင်ဟိုက ရွှေဘောလုံးဆု ရသင့် ၊ မရသင့် ဆုံးဖြတ်တဲ့ နေရာမှာ သွင်းဂိုးတွေကို ထည့်သွင်းနေတဲ့ ဓလေ့ကို ဖျက်သိမ်းဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပြီး သူဟာ အရေးကြီးတဲ့ ဆုဖလားတွေကို ရရှိထားတာကြောင့် ရွှေဘောလုံးဆုကို ရရှိဖို့ ထိုက်တန်သူပါလို့လည်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက “ ကျွန်တော် ရွှေဘောလုံးဆု ရသင့်လား ၊ မရသင့်ဘူးလား ဆိုတာမျိုးကို ဆုံးဖြတ်ရမယ့် တာဝန်က ကျွန်တော့်အပေါ်မှာ မရှိပါဘူး။ ဒါပေမယ့် ရွှေဘောလုံးဆုကို သွင်းဂိုးတွေ အပေါ် အခြေပြုပြီး မဆုံးဖြတ်ဘူး ဆိုရင် တခြား ကစားသမားတွေလည်း ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ကြိုးစားမယ် ဆိုတဲ့ စိတ်မျိုး ဝင်လာမယ် လို့ ထင်ပါတယ်။

ကျွန်တော်ကတော့ ဒီဆုနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက် အများကြီး မထားမိပါဘူး။ ဒါပေမယ့် ဒီဆုကို မလိုချင်ဘူးလို့ ပြောပြန်ရင်လည်း လိမ်ရာကျပါမယ်။ ရွှေဘောလုံးဆုကို ရခဲ့ရင် အတော်လေး ကောင်းပါလိမ့်မယ်။ ဒါပေမယ့် မရရင်လည်း ကိစ္စတော့ မရှိပါဘူး။ ကျွန်တော်က UEFAရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရပြီးပြီလေ” လို့ ပြောကြားသွားခဲ့တာပါ။

Zawgyi Version

လက္ရွိ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းနဲ႕ ယူရိုခ်န္ပီယံ အီတလီအသင္းတို႔ရဲ႕ အဓိက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ကေတာ့ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုကို သြင္းဂိုးေတြ အေပၚ အေျချပဳၿပီး မဆုံးျဖတ္ဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

အသက္ ၂၉ႏွစ္ အ႐ြယ္ အီတလီ လက္ေ႐ြးစင္ ကြင္းလယ္ခံစစ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ သူ႕ရဲ႕ ကစားသမားဘဝ အေကာင္းဆုံး ေျခစြမ္းကို ပိုင္ဆိုင္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ဖလား ရရွိေအာင္ ကူညီေပးနိုင္ခဲ့သလို အီတလီအသင္းရဲ႕ ယူရိုခ်န္ပီယံ ျဖစ္ခဲ့တဲ့ ခရီးလမ္းမွာလည္း အဓိကက်ခဲ့တဲ့ ကစားသမားပါ။

ဒါေၾကာင့္လည္း ေဂ်ာ္ဂ်င္ဟိုဟာ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ ျဖစ္တဲ့ UEFAက ေပးအပ္ ခ်ီးျမႇင့္တဲ့ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ အေကာင္းဆုံး အမ်ိဳးသား ေဘာလုံးသမားဆုကို ရရွိခဲ့ၿပီး ယခုလ ၂၉ရက္ေန႕မွာ ေပးအပ္ ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းစားေနတဲ့ ကစားသမားေတြထဲမွာလည္း ပါဝင္ေနပါတယ္။

ယခုႏွစ္ရဲ႕ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ အတြက္ ပီအက္စ္ဂ်ီ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ၊ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝမ္ေဒါစကီး ၊ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး ဘန္ဇီမာနဲ႕ ေဂ်ာ္ဂ်င္ဟိုတို႔က ေရပန္းစားေနၾကတာ ျဖစ္ၿပီး ဆုရဖို႔ ေရပန္းစားေနတဲ့ ကစားသမားေတြထဲမွာ ေဂ်ာ္ဂ်င္ဟို တဦးထဲကသာ ကြင္းလယ္လူ ျဖစ္ကာ က်န္တဲ့ ကစားသမား ၃ဦးကေတာ့ တိုက္စစ္မႉးေတြပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ ေဂ်ာ္ဂ်င္ဟိုက ေ႐ႊေဘာလုံးဆု ရသင့္ ၊ မရသင့္ ဆုံးျဖတ္တဲ့ ေနရာမွာ သြင္းဂိုးေတြကို ထည့္သြင္းေနတဲ့ ဓေလ့ကို ဖ်က္သိမ္းဖို႔ ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ၿပီး သူဟာ အေရးႀကီးတဲ့ ဆုဖလားေတြကို ရရွိထားတာေၾကာင့္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ထိုက္တန္သူပါလို႔လည္း ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုက “ ကြၽန္ေတာ္ ေ႐ႊေဘာလုံးဆု ရသင့္လား ၊ မရသင့္ဘူးလား ဆိုတာမ်ိဳးကို ဆုံးျဖတ္ရမယ့္ တာဝန္က ကြၽန္ေတာ့္အေပၚမွာ မရွိပါဘူး။ ဒါေပမယ့္ ေ႐ႊေဘာလုံးဆုကို သြင္းဂိုးေတြ အေပၚ အေျချပဳၿပီး မဆုံးျဖတ္ဘူး ဆိုရင္ တျခား ကစားသမားေတြလည္း ေ႐ႊေဘာလုံးဆုကို ရယူနိုင္ဖို႔ ႀကိဳးစားမယ္ ဆိုတဲ့ စိတ္မ်ိဳး ဝင္လာမယ္ လို႔ ထင္ပါတယ္။

ကြၽန္ေတာ္ကေတာ့ ဒီဆုနဲ႕ ပတ္သတ္ၿပီး ေမွ်ာ္လင့္ခ်က္ အမ်ားႀကီး မထားမိပါဘူး။ ဒါေပမယ့္ ဒီဆုကို မလိုခ်င္ဘူးလို႔ ေျပာျပန္ရင္လည္း လိမ္ရာက်ပါမယ္။ ေ႐ႊေဘာလုံးဆုကို ရခဲ့ရင္ အေတာ္ေလး ေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ မရရင္လည္း ကိစၥေတာ့ မရွိပါဘူး။ ကြၽန္ေတာ္က UEFAရဲ႕ တႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ရၿပီးၿပီေလ” လို႔ ေျပာၾကားသြားခဲ့တာပါ။