Spots news
ဆိုးလ်ရှားအနားယူနေချိန်မှာတောင် အနားမယူခဲ့ကြတဲ့ သရဲနီကစားသမား ၃ ဦး
Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ၃ ဦး ဖြစ်ကြတဲ့ အန်သိုနီ မာရှယ် ၊ နီမန်ဂျာ မာတစ် နဲ့ အဲလက်စ် တဲလက်စ် တို့ဟာ နိုင်ငံတကာပွဲစဥ်တွေ ရောက်ရှိနေစဥ် အားလပ်ရက်တွေ ပိုင်ဆိုင််ထားချိန်မှာ လေ့ကျင့်ရေးတွေကို အချိန်ထုတ်ပြီး ကြိုးစား လုပ်ဆောင်နေကြတယ်လို့ သိလိုက်ရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် အသင်းဖြစ်တဲ့ မန်စီးတီးကို ၀-၂ ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဖိအားတွေအောက် ရောက်နေခဲ့တဲ့ နည်းပြဆိုးလ်ရှားက နိုင်ငံတကာပွဲစဥ်တွေ ရောက်လာချိန် ကစားသမားတွေကို အံ့ဖွယ်အားလပ်ရက် ပေးဆောင်ခဲ့ပါတယ်။
ဒါ့အပြင် သူကိုယ်တိုင်လည်း မိသားစုနဲ့ အတူ မွေးရပ်မြေ ဖြစ်တဲ့ နော်ဝေးကို ခေတ္တ ပြန်သွားခဲ့ပါတယ်။ ဒီလို အချိန်မျိုးမှာ ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ရှားရှားပါးပါး ရရှိခဲ့တဲ့ အားလပ်ရက်တွေကို မိသားစုနဲ့ အတူနေ ၊ လုပ်ချင်တာတွေ လုပ်ရင်း ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက် ကစားသမား အချို့ကတော့ အသင််းရဲ့ ရလဒ်တွေ အပေါ် စိတ််ပျက်နေကြတဲ့ ပရိသတ်တွေ အားလျော့မသွားအောင် ၊ သူတို့ရဲ့ ကြံ့ခိုင်မှုတွေ ကောင်းသထက် ပိုကောင်းမွန်လာအောင် လေ့ကျင့်ရေး အစီအစဥ်တွေကို အချိန်ပိုယူ ၊ အတိိုးချ လုပ်ဆောင်နေခဲ့ကြတယ်လို့ သိလိုက်ရပါတယ်။
အဲ့ဒီထဲမှာတော့ ဒီရာသီ ကြံ့ခိုင်မှု ပြသနာ အချို့နဲ့ အတူ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်လည်း ပါဝင်နေခဲ့ပြီး သူကတော့ စက်ဘီးစီး လေ့ကျင့်ရေးတွေနဲ့ အတူ အပြေးပါ လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် အလုပ်တွေကို ကြိုးစားနေသူကတော့ ယူနိုက်တက် ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ်ပဲ ဖြစ်ပါတယ််။ သူကတော့ ဘဲလ်ဂရိတ် က recovery centre မှာ ကြံ့ခိုင််မှုတွေ ပြန်လည်ကောင်းမွန်ဖို့အတွက် ကြိုးစားလေ့ကျင့်နေကြောင်း ပုံရိပ်တွေကို လူမှုကွန်ယက် အထက်မှာ တင််ခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်မှာ ပွဲထွက်ခွင့်တွေ ရရှိဖို့ ဆက်လက် ကြိိုးစားနေသူ တစ်ဦးကတော့ ဘယ် နောက်ခံလူ အဲလက်စ် တဲလက်စ် ပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ လုခ်ရှောဟာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့အတွက် တဲလက်စ် ဟာ ဆက်လက် ကြိုးစားပါက အခွင့်အရေး ရရှိသွားဖွယ် ရှိနေပါတယ်။
Zawgyi Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ၃ ဦး ဖြစ်ကြတဲ့ အန်သိုနီ မာရှယ် ၊ နီမန်ဂျာ မာတစ် နဲ့ အဲလက်စ် တဲလက်စ် တို့ဟာ နိုင်ငံတကာပွဲစဉ်တွေ ရောက်ရှိနေစဉ် အားလပ်ရက်တွေ ပိုင်ဆိုင်ထားချိန်မှာ လေ့ကျင့်ရေးတွေကို အချိန်ထုတ်ပြီး ကြိုးစား လုပ်ဆောင်နေကြတယ်လို့ သိလိုက်ရပါတယ်။
ဒါပေမဲ့ ယူနိုက်တက် ကစားသမား အချို့ကတော့ အသင်းရဲ့ ရလဒ်တွေ အပေါ် စိတ်ပျက်နေကြတဲ့ ပရိသတ်တွေ အားလျော့မသွားအောင် ၊ သူတို့ရဲ့ ကြံ့ခိုင်မှုတွေ ကောင်းသထက် ပိုကောင်းမွန်လာအောင် လေ့ကျင့်ရေး အစီအစဉ်တွေကို အချိန်ပိုယူ ၊ အတိုးချ လုပ်ဆောင်နေခဲ့ကြတယ်လို့ သိလိုက်ရပါတယ်။