Spots news

ဆိုးလ်ရှားက သူ့ကို အများကြီးမကစားခိုင်းတဲ့ အကြောင်းရင်းကို ကာဗာနီပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီ ဟာ ဒီနှစ် ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ၂ ပွဲသာ ပွဲထွက် ကစား ထားခဲ့ရပြီး အခြားပွဲတွေ မှာ လူစားဝင် အဖြစ်သာ ကစားခဲ့ရ ပါတယ်။

ကာဗာနီဟာ မနှစ်က ဘောလုံး ရာသီတုန်းက အသင်းရဲ့ အားထားရတဲ့ ဂိုးသွင်းရှင် တယောက် ဖြစ်ခဲ့ပြီး ဒီရာသီ မှာ ပွဲများများ ကစားခွင့် မရရှိမှု နဲ့ ပတ်သက်ပြီး နည်းပြ ဆိုးရှား အပေါ် ဝေဖန်သူတွေ ရှိလာခဲ့ ပါတယ်။

ဒါပေမယ့် ကာဗာနီ ကတော့ သူဟာ ဒီရာသီ အစမှာ ကတည်းက ဒဏ်ရာ ပြဿနာ ရှိနေပြီး ဒီပြဿနာကြောင့် ပွဲများစွာ မကစား ရတာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ကာဗာနီ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ တုန်းက ကစားခဲ့တဲ့ အဲဗာတန် နဲ့ ပွဲမှာမှ ဒီရာသီ အတွက် ပထမဆုံး ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး မိနစ် ၆၀ မပြည့်ခင် မှာပဲ ရိုနယ်ဒို နဲ့ လူစားလဲ ခံခဲ့ရ ပါတယ်။

ကာဗာနီ ရဲ့ ဒုတိယမြောက် ပွဲထွက်ခွင့် ရတဲ့ ပွဲကတော့ စပါး အသင်းကို ၃-၀ နဲ့ အနိုင် ရရှိတဲ့ ပွဲ ဖြစ်ပြီး ဒီပွဲမှာ ကာဗာနီ ဟာ ရိုနယ်ဒို နဲ့ အတွဲမိကာ ဒုတိယမြောက် ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ ပါတယ်။

ဒါပေမယ့် အဆိုပါ ပွဲအပြီး မှာပဲ ကာဗာနီ ဟာ ဖနောင့်ဒဏ်ရာ ရရှိ သွားခဲ့ပြီး မန်ချက်စတာ ဒါဘီ ကိုပါဝင် မကစားနိုင်တော့ ပါဘူး။

ဥရုဂွေး သတင်းစာတစ်ခုနဲ့ အင်တာဗျူးမှာ ကာဗာနီက “ဖြစ်နေတဲ့ ပြဿနာက အဲ့ဒိလို ပါပဲ ။ ရာသီ မစခင် ကတည်းက ကျွန်တော့မှာ ဖနောင့်ကြော နဲ့ ကြွက်သား ဒဏ်ရာ ရှိနေခဲ့ ပါတယ်။

ဒါက ကျွန်တော့ကို ရက်သတ္တပတ်ပေါင်း များစွာ နားနေ ရစေပြီး ကွင်းထဲမှာ လည်း မိနစ် အနည်းငယ်ပဲ ကစားလို့ ရစေခဲ့ ပါတယ်”

“အခု လက်ရွေးစင် အသင်းအတွက် ကစားဖို့ ပြန်ရောက်လာ ပါပြီ။ ဒါပေမယ့် ကျွန်တော့မှာ နာကျင်မှုတွေ ရှိနေတုန်း ပါပဲ။ ပွဲမကစားခင်တော့ ပျောက်သွားဖို့ မျှော်လင့် ပါတယ်။

ကျွန်တော့အခြေအနေက တိုးတက်မှု ရှိပါတယ် ၊ ဒါပေမယ့် တော့တင်ဟမ် နဲ့ ပွဲပြီးတော့ နာကျင်မှုက ပြန်ပြီး ဖြစ်လာခဲ့ ပါတယ်။ တကယ် ခက်ခဲတဲ့ ဒဏ်ရာတွေ ပါပဲ။ ပိုဆိုးမလာအောင် ကုသဖို့ လိုအပ်တာကြောင့် နားခဲ့ရ တာပါ။ လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ဥ႐ုေဂြး ဝါရင့္ တိုက္စစ္မႉးႀကီး ကာဗာနီ ဟာ ဒီႏွစ္ ေဘာလုံး ရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ၂ ပြဲသာ ပြဲထြက္ ကစား ထားခဲ့ရၿပီး အျခားပြဲေတြ မွာ လူစားဝင္ အျဖစ္သာ ကစားခဲ့ရ ပါတယ္။

ကာဗာနီဟာ မႏွစ္က ေဘာလုံး ရာသီတုန္းက အသင္းရဲ႕ အားထားရတဲ့ ဂိုးသြင္းရွင္ တေယာက္ ျဖစ္ခဲ့ၿပီး ဒီရာသီ မွာ ပြဲမ်ားမ်ား ကစားခြင့္ မရရွိမႈ နဲ႕ ပတ္သက္ၿပီး နည္းျပ ဆိုးရွား အေပၚ ေဝဖန္သူေတြ ရွိလာခဲ့ ပါတယ္။

ဒါေပမယ့္ ကာဗာနီ ကေတာ့ သူဟာ ဒီရာသီ အစမွာ ကတည္းက ဒဏ္ရာ ျပႆနာ ရွိေနၿပီး ဒီျပႆနာေၾကာင့္ ပြဲမ်ားစြာ မကစား ရတာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္။

ကာဗာနီ ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ တုန္းက ကစားခဲ့တဲ့ အဲဗာတန္ နဲ႕ ပြဲမွာမွ ဒီရာသီ အတြက္ ပထမဆုံး ပြဲထြက္ ကစားခြင့္ ရရွိခဲ့ၿပီး မိနစ္ ၆၀ မျပည့္ခင္ မွာပဲ ရိုနယ္ဒို နဲ႕ လူစားလဲ ခံခဲ့ရ ပါတယ္။

ကာဗာနီ ရဲ႕ ဒုတိယေျမာက္ ပြဲထြက္ခြင့္ ရတဲ့ ပြဲကေတာ့ စပါး အသင္းကို ၃-၀ နဲ႕ အနိုင္ ရရွိတဲ့ ပြဲ ျဖစ္ၿပီး ဒီပြဲမွာ ကာဗာနီ ဟာ ရိုနယ္ဒို နဲ႕ အတြဲမိကာ ဒုတိယေျမာက္ ဂိုးကို သြင္းယူ ေပးနိုင္ခဲ့ ပါတယ္။

ဒါေပမယ့္ အဆိုပါ ပြဲအၿပီး မွာပဲ ကာဗာနီ ဟာ ဖေနာင့္ဒဏ္ရာ ရရွိ သြားခဲ့ၿပီး မန္ခ်က္စတာ ဒါဘီ ကိုပါဝင္ မကစားနိုင္ေတာ့ ပါဘူး ။

ဥ႐ုေဂြး သတင္းစာတစ္ခုနဲ႕ အင္တာဗ်ဴးမွာ ကာဗာနီက “ျဖစ္ေနတဲ့ ျပႆနာက အဲ့ဒိလို ပါပဲ ။ ရာသီ မစခင္ ကတည္းက ကြၽန္ေတာ့မွာ ဖေနာင့္ေၾကာ နဲ႕ ႂကြက္သား ဒဏ္ရာ ရွိေနခဲ့ ပါတယ္။

ဒါက ကြၽန္ေတာ့ကို ရက္သတၱပတ္ေပါင္း မ်ားစြာ နားေန ရေစၿပီး ကြင္းထဲမွာ လည္း မိနစ္ အနည္းငယ္ပဲ ကစားလို႔ ရေစခဲ့ ပါတယ္”

“အခု လက္ေ႐ြးစင္ အသင္းအတြက္ ကစားဖို႔ ျပန္ေရာက္လာ ပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ့မွာ နာက်င္မႈေတြ ရွိေနတုန္း ပါပဲ။ ပြဲမကစားခင္ေတာ့ ေပ်ာက္သြားဖို႔ ေမွ်ာ္လင့္ ပါတယ္။

ကြၽန္ေတာ့အေျခအေနက တိုးတက္မႈ ရွိပါတယ္ ၊ ဒါေပမယ့္ ေတာ့တင္ဟမ္ နဲ႕ ပြဲၿပီးေတာ့ နာက်င္မႈက ျပန္ၿပီး ျဖစ္လာခဲ့ ပါတယ္။ တကယ္ ခက္ခဲတဲ့ ဒဏ္ရာေတြ ပါပဲ။ ပိုဆိုးမလာေအာင္ ကုသဖို႔ လိုအပ္တာေၾကာင့္ နားခဲ့ရ တာပါ။ လို႔ ေျပာဆိုခဲ့ပါတယ္