Spots news

ဆိုးလ်ရှားရဲ့ ကစားကွက်ကို ဂွာဒီယိုလာ မခန့်မှန်းနိုင်ခဲ့ကြောင်း ဒီဘရိုင်းဝန်ခံ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေ​နေ့ တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲ ကစားခဲ့ရပြီး ဘိုင်လီ ရဲ့ ကိုယ့်ဂိုးကို သွင်းဂိုး ၊ ဘာနာဒို ဆေးလ်ဗား ရဲ့ သွင်းဂိုးတွေကြောင့် ၀ -၂ ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ရ ပါတယ်။

အခုတော့ နိုင်ငံ့ ပွဲစဥ်တွေကို ကစားပေးဖို့ ဘယ်လ်ဂျီယံ မြေကို ရောက်ရှိခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း က ဒါဘီ ပွဲအတွက် အသင်းရဲ့ ကြိုတင် ပြင်ဆင်မှု အကြောင်း ဖွင့်ပြောခဲ့ပြီး ပြိုင်ဖက်အသင်းမှ ဘယ်လိုမျိုး ကစားမလဲဆိုတာ နည်းပြဖြစ်သူ ကြိုတင် မတွက်ဆနိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် နည်းပြ ဂွာဒီယိုလာ က ဆိုးလ်ရှား ဘယ်လိုမျိုး ကစားကွက်ကို ထုတ်သုံးလိမ့်မလဲဆိုတာ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့တဲ့အတွက် သူတို့အားလုံးဟာ လေ့ကျင့်ရေး ကွင်းထဲမှာ နည်းစနစ်ပိုင်းဆိုင်ရာ ဆယ်မိနစ်သာ လေ့ကျင့်ခဲ့ပြီး ရပ်နားခဲ့ရကြောင်း ပြောခဲ့လိုက်ပါတယ်။

” ပွဲစဥ် တစ်ပွဲ မတိုင်မီ ပြိုင်ဖက် ဘယ်လို ကစားလိမ့်မလဲဆိုတဲ့ အပေါ် မူတည်ပြီး ကျွန်တော်တို့ဟာ နည်းစနစ်ပိုင်းဆိုင်ရာ ကြိုတင်လေ့ကျင့်မှုတွေ လုပ်ဆောင်လေ့ ရှိတတ်ကြပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်နဲ့ ပွဲ မတိုင်မီမှာတော့ ပက်က ‘ သူတို့ ဘယ်လိုကစားမလဲဆိုတာ ငါတို့ မသိကြဘူး ၊ စောင့်ကြည့်ရတာပေါ့ ‘ လို့ ပြောခဲ့ပါတယ် ”

” အဲ့တာပြီးတော့ ဆယ်မိနစ်လောက် လေ့ကျင့်အပြီးမှာပဲ ကျွန်တော်တို့တွေဟာ လေ့ကျင့်ရေး အစီအစဥ်တွေကို ရပ်နားခဲ့လိုက်ရပါတယ် ။ ပြိုင်ဖက် အသင်း ဘယ်လိုမျိုး ကစားလိမ့်မလဲဆိုတာကို ပက် အမြဲလို ကြိုတင် တွက်ဆနိုင်လေ့ ရှိခဲ့ဖူးပါတယ် ။ ဒီတစ်ကြိမ်တော့ သူ မသိခဲ့ပါဘူး ။ ဒါ့ကြောင့် ကျွန်တော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိနိုင်ခဲ့ကြပါဘူး ”

” ကျွန်တော်တို့ဟာ အမြဲတမ်း လုပ်နေကျအတိုင်း လုပ်ဖို့ အသင့်ရှိ နေခဲ့ကြပါတယ် ။ ဒါပေမဲ့ ပက်ကတော့ ယူနိုက်တက် အသင်းဟာ ခံစစ် ငါးယောက်ထားပြီး ကစားလိမ့်မလား ၊ ဒါမှမဟုတ် ၄ ယောက်ထားပြီး ကစားလိမ့်မလား ၊ စိန်ပွင့် ကွင်းလယ်ထားမလား ၊ တိုက်စစ် သုံးယောက်ထိ ကစားစေမလား ဆိုတာကို မတွက်ဆနိုင်ခဲ့ပါဘူး ” လို့ ဒီဘရိုင်း က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ စေန​ေန႕ တုန္းက အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းထဲမွာ မန္စီးတီး အသင္းနဲ႕ မန္ခ်က္စတာ ဒါဘီပြဲ ကစားခဲ့ရၿပီး ဘိုင္လီ ရဲ႕ ကိုယ့္ဂိုးကို သြင္းဂိုး ၊ ဘာနာဒို ေဆးလ္ဗား ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၀-၂ ဆိုတဲ့ ရလဒ္ နဲ႕ ရႈံးနိမ့္ခဲ့ရ ပါတယ္။

အခုေတာ့ နိုင္ငံ့ ပြဲစဥ္ေတြကို ကစားေပးဖို႔ ဘယ္လ္ဂ်ီယံ ေျမကို ေရာက္ရွိခဲ့တဲ့ မန္စီးတီး ကြင္းလယ္လူ ကယ္ဗင္ ဒီဘရိုင္း က ဒါဘီ ပြဲအတြက္ အသင္းရဲ႕ ႀကိဳတင္ ျပင္ဆင္မႈ အေၾကာင္း ဖြင့္ေျပာခဲ့ၿပီး ၿပိဳင္ဖက္အသင္းမွ ဘယ္လိုမ်ိဳး ကစားမလဲဆိုတာ နည္းျပျဖစ္သူ ႀကိဳတင္ မတြက္ဆနိုင္ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

ဒါ့အျပင္ နည္းျပ ဂြာဒီယိုလာ က ဆိုးလ္ရွား ဘယ္လိုမ်ိဳး ကစားကြက္ကို ထုတ္သုံးလိမ့္မလဲဆိုတာ ႀကိဳတင္ ခန့္မွန္းနိုင္ျခင္း မရွိခဲ့တဲ့အတြက္ သူတို႔အားလုံးဟာ ေလ့က်င့္ေရး ကြင္းထဲမွာ နည္းစနစ္ပိုင္းဆိုင္ရာ ဆယ္မိနစ္သာ ေလ့က်င့္ခဲ့ၿပီး ရပ္နားခဲ့ရေၾကာင္း ေျပာခဲ့လိုက္ပါတယ္။

” ပြဲစဥ္ တစ္ပြဲ မတိုင္မီ ၿပိဳင္ဖက္ ဘယ္လို ကစားလိမ့္မလဲဆိုတဲ့ အေပၚ မူတည္ၿပီး ကြၽန္ေတာ္တို႔ဟာ နည္းစနစ္ပိုင္းဆိုင္ရာ ႀကိဳတင္ေလ့က်င့္မႈေတြ လုပ္ေဆာင္ေလ့ ရွိတတ္ၾကပါတယ္ ။ ဒါေပမဲ့ ယူနိုက္တက္နဲ႕ ပြဲ မတိုင္မီမွာေတာ့ ပက္က ‘ သူတို႔ ဘယ္လိုကစားမလဲဆိုတာ ငါတို႔ မသိၾကဘူး ၊ ေစာင့္ၾကည့္ရတာေပါ့ ‘ လို႔ ေျပာခဲ့ပါတယ္ ”

” အဲ့တာၿပီးေတာ့ ဆယ္မိနစ္ေလာက္ ေလ့က်င့္အၿပီးမွာပဲ ကြၽန္ေတာ္တို႔ေတြဟာ ေလ့က်င့္ေရး အစီအစဥ္ေတြကို ရပ္နားခဲ့လိုက္ရပါတယ္ ။ ၿပိဳင္ဖက္ အသင္း ဘယ္လိုမ်ိဳး ကစားလိမ့္မလဲဆိုတာကို ပက္ အၿမဲလို ႀကိဳတင္ တြက္ဆနိုင္ေလ့ ရွိခဲ့ဖူးပါတယ္ ။ ဒီတစ္ႀကိမ္ေတာ့ သူ မသိခဲ့ပါဘူး ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔လည္း ဘာလုပ္လို႔ ဘာကိုင္ရမလဲ မသိနိုင္ခဲ့ၾကပါဘူး ”

” ကြၽန္ေတာ္တို႔ဟာ အၿမဲတမ္း လုပ္ေနက်အတိုင္း လုပ္ဖို႔ အသင့္ရွိ ေနခဲ့ၾကပါတယ္ ။ ဒါေပမဲ့ ပက္ကေတာ့ ယူနိုက္တက္ အသင္းဟာ ခံစစ္ ငါးေယာက္ထားၿပီး ကစားလိမ့္မလား ၊ ဒါမွမဟုတ္ ၄ ေယာက္ထားၿပီး ကစားလိမ့္မလား ၊ စိန္ပြင့္ ကြင္းလယ္ထားမလား ၊ တိုက္စစ္ သုံးေယာက္ထိ ကစားေစမလား ဆိုတာကို မတြက္ဆနိုင္ခဲ့ပါဘူး ” လို႔ ဒီဘရိုင္း က ေျပာခဲ့တာပဲ ျဖစ္ပါတယ္။