Spots news

ဂျက်ဆီလင်ဂတ်ကို အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အင်တာမီလန်

Unicode Version

ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို အင်တာမီလန် အသင်းက အငှား ဖြင့် ခေါ်ယူ ရန် အလိုရှိနေပါတယ်။

အင်တာမီလန် အသင်း နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပြီး လူကာကူ ၊ ဆန်းချက်ဇ် ၊ အက်ရှ်လေယန်း တို့ကို ခေါ်ယူ ထားဘူး ပါတယ်။

ဂျက်ဆီလင်ဂတ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုးတာတာ မကြာသေးပေမယ့် ဒီနှစ်ဘောလုံး ရာသီ အတွင်းမှာတော့ ၃ ပွဲသာ ပါဝင် ကစား ထားရသေးသလို ကစားသမား ကိုယ်တိုင်ကလဲ ပွဲထွက် ခွင့် ရယူလိုနေတာ ကြောင့် အသင်းကနေ အငှား သွားရောက် ကစားရန် အလိုရှိနေပါတယ်။

လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ အငှားနဲ့ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြသလို လတ်တလောမှာလည်း အင်တာမီလန်အသင်းကပါ လင်ဂတ်ကို သူတို့အသင်းဆီ ခေါ်ဆောင်ချင်နေတယ်လို့ The Mirror သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ အခုဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို အသင်းကနေ ရောင်းချသွားတော့မှာဖြစ်လို့ အဲရစ်ဆင်ရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့အတွက် ကွင်းလယ်လူတစ်ယောက်ကို အလိုရှိနေခဲ့ရာ လက်ရှိမှာတော့ လင်ဂတ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ ယခင်ကတည်းက ယူနိုက်တက်ကစားသမားတွေကို တစ်ပုံတစ်ပင်ကြီး ခေါ်ယူထားခဲ့တာဖြစ်သလို အခုလည်း လင်ဂတ်ကိုပါ စိတ်ဝင်စားနေတာကြောင့် ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာပဲ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာနိုင်ပါတယ်။

ယူနိုက်တက် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဂျက်ဆီလင်ဂတ်ကတော့ ဒီရာသီအတွင်း ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ကစားထားရခြင်းမရှိပဲ တခြားသော ပြည်တွင်းဖလားပွဲတွေမှသာ ပါဝင်ခဲ့ရပြီး မနေ့ညက ဝက်ဖိုဒ့်နဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲမှာလည်း ပါဝင်ခဲ့ရပါတယ်။

လင်ဂတ်ဟာ ယခင်ကတည်းက ဘာမင်ဂမ်စီးတီး ဘရိုက်တန် လက်စတာနဲ့ ဒါဘီကောင်တီအသင်းတွေမှာလည်း အငှားနဲ့ သွားရောက်ကစားခဲ့ဖူးသလို ဒီတစ်ကြိမ်မှာလည်း တခြားကလပ်အသင်းတစ်သင်းဆီ အငှားနဲ့ သွားရောက်ရဖို့ အတော်လေး နီးစပ်လို့နေပါတယ်။

Zawgyi Version

ဒီရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္အတြက္ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို အင္တာမီလန္ အသင္းက အငွား ျဖင့္ ေခၚယူ ရန္ အလိုရွိေနပါတယ္။ အင္တာမီလန္ အသင္း နဲ႕ မန္ခ်က္စတာ ယူနိုက္တက္ တို႔ ဟာ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိၾကၿပီး လူကာကူ ၊ ဆန္းခ်က္ဇ္ ၊ အက္ရွ္ေလယန္း တို႔ကို ေခၚယူ ထားဘူး ပါတယ္။

ဂ်က္ဆီလင္ဂတ္ ဟာ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ စာခ်ဳပ္ သက္တမ္း တိုးတာတာ မၾကာေသးေပမယ့္ ဒီႏွစ္ေဘာလုံး ရာသီ အတြင္းမွာေတာ့ ၃ ပြဲသာ ပါဝင္ ကစား ထားရေသးသလို ကစားသမား ကိုယ္တိုင္ကလဲ ပြဲထြက္ ခြင့္ ရယူလိုေနတာ ေၾကာင့္ အသင္းကေန အငွား သြားေရာက္ ကစားရန္ အလိုရွိေနပါတယ္။

လင္ဂတ္ကို ပရီးမီးယားလိဂ္ ကလပ္အသင္းမ်ားစြာကေန အငွားနဲ႕ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၾကသလို လတ္တေလာမွာလည္း အင္တာမီလန္အသင္းကပါ လင္ဂတ္ကို သူတို႔အသင္းဆီ ေခၚေဆာင္ခ်င္ေနတယ္လို႔ The Mirror သတင္းစာကေန ေဖာ္ျပလာခဲ့ပါတယ္။

အင္တာမီလန္အသင္းဟာ အခုေဆာင္းရာသီေစ်းကြက္အတြင္းမွာ အသင္းရဲ႕ ဒိန္းမတ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ခရစၥတီယန္အဲရစ္ဆင္ကို အသင္းကေန ေရာင္းခ်သြားေတာ့မွာျဖစ္လို႔ အဲရစ္ဆင္ရဲ႕ေနရာမွာ ျပန္လည္အစားထိုးနိုင္ဖို႔အတြက္ ကြင္းလယ္လူတစ္ေယာက္ကို အလိုရွိေနခဲ့ရာ လက္ရွိမွာေတာ့ လင္ဂတ္ကို ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

အင္တာမီလန္အသင္းဟာ ယခင္ကတည္းက ယူနိုက္တက္ကစားသမားေတြကို တစ္ပုံတစ္ပင္ႀကီး ေခၚယူထားခဲ့တာျဖစ္သလို အခုလည္း လင္ဂတ္ကိုပါ စိတ္ဝင္စားေနတာေၾကာင့္ ေဆာင္းေစ်းကြက္ မပိတ္သိမ္းခင္မွာပဲ ကမ္းလွမ္းမႈေတြကို လုပ္ေဆာင္လာနိုင္ပါတယ္။

ယူနိုက္တက္ အကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ ဂ်က္ဆီလင္ဂတ္ကေတာ့ ဒီရာသီအတြင္း ယူနိုက္တက္ရဲ႕ ပရီးမီးယားလိဂ္နဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို တစ္ပြဲမွ ပါဝင္ကစားထားရျခင္းမရွိပဲ တျခားေသာ ျပည္တြင္းဖလားပြဲေတြမွသာ ပါဝင္ခဲ့ရၿပီး မေန႕ညက ဝက္ဖိုဒ့္နဲ႕ ကစားခဲ့ရတဲ့ အက္ေအဖလားပြဲမွာလည္း ပါဝင္ခဲ့ရပါတယ္။

လင္ဂတ္ဟာ ယခင္ကတည္းက ဘာမင္ဂမ္စီးတီး ဘရိုက္တန္ လက္စတာနဲ႕ ဒါဘီေကာင္တီအသင္းေတြမွာလည္း အငွားနဲ႕ သြားေရာက္ကစားခဲ့ဖူးသလို ဒီတစ္ႀကိမ္မွာလည္း တျခားကလပ္အသင္းတစ္သင္းဆီ အငွားနဲ႕ သြားေရာက္ရဖို႔ အေတာ္ေလး နီးစပ္လို႔ေနပါတယ္။