Spots news

ဖခင်ရဲ့ အလန်းစားဖရီးကစ်ဂိုးအတွက် အောင်ပွဲခံခဲ့တဲ့ မက်တီယို

သူ့ခြေထောက်အယိမ်းမှာလဲပြိုခဲ့သူတွေ၊သူကန်ချက်ကိုမှခုံမင်ခဲ့သူတွေ ပြီးတော့ သူ့အလိမ်ခေါက်ကိုမှ ကြွေမိခဲ့ကြသူတွေ။ပရိတ်သတ်သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့မက်ဆီ အတွက် ၂၀၁၉ အထိ အရာအားလုံးက အကောင်းဆုံးဖြစ်နေသည့်တိုင် ၂၀၂၀တော့ အဆင်မချောခဲ့တာတော့အမှန်ပါပဲ။ ၂၀၂၀ အတွင်းမက်ဆီတစ်ယောက် ကျဆင်းသွားခဲ့တာက မထင်မှတ်စရာပါပဲ။ဘိူင်ယန်ကို (၈-၂) နဲ့အရေးနိမ့်ခဲ့တဲ့နောက် မက်ဆီတစ်ယောက် နူးကမ့် ကို ထွက်ခွာခဲ့တော့မယ်လို့ ထင်ခဲ့ပေမယ့် လက်ရှ်ိမှာတော့ မက်ဆီတစ်ယောက် ဘာစီ မှာအနေမြဲနေသလို ၂၀၂၁ မှာ ပွဲကြမ်းနေပြန်ပါတယ်။ မက်ဆီအနေနဲ့အခြေအနေမကောင်းတဲ့ ၂၀၂၀ မှာတောင်ဂိုး+ဖန်တီးမှု့ (၄၀) ကျော်ရခဲ့သလို လက်ရှ်ိမှာလည်းခြေစွမ်းပြနေလို့ သူ့ကြောင့်ပျော်ရွှင်ကြသူတွေ ခုန်ပေါက်နေချိန်မှာ သားဖြစ်သူလည်း စပိန်မှာ ပျော်ရွှင်နေဟန်တူကာ ယမန်နေ့က ဘီဘာအို ကိုဂိုးသွင်းပြီးနောက် ပျော်ရွှင်စွာအောင်ပွဲခံခဲ့ပါတယ်။

မက်ဆီက အာ‌ဂျင်တီးနားကနေ ပြန်လည် ရောက်ရှိလာပြီးနောက် ကစားရတဲ့ ပွဲမှာ နှစ်ဂိုးသွင်းယူပေးခဲ့သလို တစ်ဂိုးကတော့ အတော်လေး လှပသေသပ်လွန်းပါတယ်။ဧရိယာထိပ်မှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို ‌မက်ဆီက ထုံးစံအတိုင်း အပေါ်ထောင့်ကို ကန်သွင်းမယ့်ဟန်ပြင်ခဲ့ပါတယ်။ဘီဘာအို နောက်တန်းက ခံစစ်တံတိုင်းအပြင် အောက်ခြေက ဝင်လာမယ့် ဘောလုံးအတွက်ပါ ကာဖို့ ကစားသမားတစ်ယောက်ကို စီစဉ်ထားပါတယ်။ပြိုင်ဘက်က ရာနှုန်းပြည့် ပြင်ဆင်ထားချိန်မှာ မက်ဆီ ကဝောာ့ အခြေအနေအရပ်ရပ် ကို သုံးသပ်ကာ နောက်ဆုံးဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။အသက်ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီးနောက် ပြိုင်ပွဲဝင်တော့မယ့် ပြိူင်မြင်းတစ်ကောင်လို နှာမှုတ်လိုက်ပြီး ဒိုင်ရဲ့ ခရာသံထွက်နေချိန်မှာတော့ ပေါ့ပါးစွာခုန် ထွက်သွားတဲ့ သူ့ခန္ဓာကိုယ်ဟာ သချာ်ပညာရှင်တစ်ယောက်ရဲ့ တွက်ချက်မှု့‌တွေနဲ့ ဂိုးပေါက်ကန်သွင်းခိုင်းနေတဲ့ ဦးဏှောက်ရဲ့အမိန့်ကိုနာခံကာ အကြိမ်ကြိမ် ခိုင်းရာစေသွားခဲ့ဖူးတဲ့ ဘယ်ခြေက ဘောလုံးကို‌ထိလိုက်တဲ့နောက်….။

အရာအားလုံးကတစ်စက္ကန့်လောက်တော့ ဘာမှန်းမသိတဲ့လေဟာနယ်ထဲရောက်သွားသလိုပါပဲ။၁၀၀% ပြီးပြည့်စုံတဲ့ ခံစစ်ပုံစံ နဲ့ ဘီဘာအို သားတွေကလည်းယုံကြည်မှု့အပြည့်၊ ဘာစီနဲ့ မက်ဆီနတ်ဘုရားကိုးကွယ်နေသူတွေကလည်း ဂိုးပြီဆိုတဲ့မျှော်လင့်ချက်အပြည့်၊ ယုံကြည်ချက်နှစ်ခု အချိန်ပိုင်းအတွင်းပွတ်တိုက်လိုက်တဲ့နောက်မှာတော့ ရုပ်သံဖန်သားပြင်ထက်ကသားဖြစ်သူတစ်ယောက်ခုန်ပေါက်နေပါပြီ၊ပရိတ်သတ်တွေလည်းပျော်ရွှင်နေသလို မက်ဆီကိုယ်တိုင်ကလည်း အသင်းဖော်တွေနဲ့ အောင်ပွဲခံနေခဲ့ပါပြီ။၂၀၂၁ မှာ တင် မက်ဆီတစ်ယောက် ၄ဂိုးရနေခဲ့ပြီပဲမဟုတ်လား။သူ့သားက စပိန်မှာပဲပျော်တယ်တဲ့ သူ့ကြည့်ရတာကလည်း သားဖြစ်သူအပေါ် တွယ်တာနေပုံပေါ်ရပါတယ်။

လီယွန်နယ်မက်ဆီက ရော်နယ်ဒို (၄၅၀)ဂိုးနောက်ဥရောပဂိုးသွင်းအများဆုံးကစားသမားအဖြစ် (၄၄၅)ဂိုးနဲ့ရပ်တည်နေသူဖြစ်ပါတယ်။၂၀၀၈-၂၀၀၉ရာသီကနေ စတင်ရေတွက်ရေရင် မက်ဆီက၂၀၁၉-၂၀၂၀ရာသီအထိ (၁၂)ရာသီဆက် သွင်းဂိုး(၃၀)အထက်ပါဝင်ပက်သက်ထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။လာလီဂါသမိုင်းတစ်လျှောက် ဆယ်ဂိုးအထက် (၁၄) ရာသီဆက် ရရှိတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်သလို ၂၀၁၂-၂၀၁၃ ရာသီမှာ သွင်းယူခဲ့တဲ့ လာလီဂါသွင်းဂိုး(၅၀) ကယနေ့ထက်တိုင် လိဂ်ပြိုင်ပွဲတွေရဲ့ တစ်ရာသီအတွင်းဂိုးသွင်းအများဆုံးမှတ်တမ်းလည်းဖြစ်ပါတယ်။ အလ်ကလက်စီကို ဂိုးသွင်းအများဆုံး(၂၆)ဂိုး၊ကတ်တလန်ဒါဘီ ဂိုးသွင်းအများဆုံး (၂၅) ဂိုး၊ အသင်းတစ်သင်းထဲအတွက် လိဂ်ဂိုးအများဆုံး အပါဝင် ဘာစီလိုနာ နဲ့ လာလီဂါအတွက် တန်ဖိုးဖြတ်မရတဲ့ ဂန္နဝင် ကစားသမားအဖြစ်ရှင်သန်ခဲ့ပြီး ယနေ့မှာတော့ မက်‌ဆီခြေချခဲ့တဲ့ မြက်ခင်းပြင်ထက်ကနေ့စွဲတွေက (၁၆) နှစ်တိတိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ခရက်ဒစ် :shwe soccer