Spots news

‌ဆုဖလားသေချာစေဖို့ နည်းပြဆီမြွန်နီ ရဲ့ နောက်ထပ်အင်အား ဖြည့်တင်းမှု

အက်သလက်တီကို မက်ဒရစ် အသင်း ဟာ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူ ဖို့ သဘောတူ ညီမှု ရရှိ သွားခဲ့ပါပြီ ဖြစ်ကြောင်း အတည် ပြုလိုက်ပါတယ်။

အသင်းနဲ့ စာချုပ် ဖျက်သိမ်း လိုက်တဲ့ တိုက်စစ်မှူး ကော်စတာ ရဲ့ နေရာကို အစားထိုးဖို့ ဒမ်ဘီလီကို ရည်ရွယ်တာ ဖြစ်ပါတယ်။ နည်းပြ ဆီမြွန်နီဟာ မက်ဒရစ် နဲ့ ဘာစီလိုနာရဲ့ ခြေစွမ်း ယိမ်းယိုင်မှုကို အခွင့်အရေး ယူဖို့ ကြိုးစားလာတာဖြစ်ပြီး လာလီဂါ ဆုဖလား ကို အရယူဖို့ အတွက် လိုအပ်တဲ့ ဖြည့်တင်းမှုတွေ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

နည်းပြ ဆီမြွန်နီ ရဲ့ အက်သလက်တီကို အသင်းဟာ ဒီရာသီ လာလီဂါ ဖလားကို သိမ်းပိုက်ဖို့ တော်တော်လေး အခြေ အနေကောင်းနေတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိအချိန် မှာ အမှတ်ပေး ဇယား ကို အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး အဆင့် ၁ နေရာက ရီးရဲ ထက် ၁ မှတ်သာ နေသလို သုံးပွဲ လျော့ ကစားထားပါသေးတယ်။

အစက ဒမ်ဘီလီကို ခေါ်ယူဖို့ ဝက်စ်ဟမ်း အသင်းက စောင့်ကြည့်နေခဲ့ ပေမယ့် ကစားသမားဟာ ချန်ပီယံ လိဂ် ကစားရဖို့ ဆန္ဒရှိတာကြောင့် ဝက်စ်ဟမ်း အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချကာ ‌အက်သလက် ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီ ရဲ့ ပြောင်းရွေ့ကြေးဟာ ယူရို ၃၃ သန်း အထိ ရှိမှာ ဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ် ရဲ့ နေရာမှာ အရံတိုက်စစ်မှူး အဖြစ် ထားဖို့ ဒမ်ဘီလီကို ဆီမြွန်နီ က ရည်ရွယ်ထားပါတယ်။

ဒမ်ဘီလီ ဟာ လီဂူး ဝမ်း မှာဆိုရင် ပွဲထွက်ခွင့် ၁၀၈ ကြိမ်မှာ ၄၅ ဂိုးထိ သွင်းယူ ပြီး ခြေစွမ်းကောင်း ပြသ ထားပါတယ်။