Spots news

အနားယူရပြန်ဦးမယ့် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီ

Unicode Version

စနေနေ့ ညက ယှဉ်ပြိုင် သွားခဲ့တဲ့ မန်ချက်စတာ  ယူနိုက်တက် နဲ့ ဝက်ဖို့ဒ် တို့ရဲ့ Fa cup တတိယအဆင့် ပွဲစဉ်မှာ ဒဏ်ရာ ပြသနာ တွေနဲ့ အမြဲလိုလို ရင်ဆိုင် နေရ တတ်တဲ့ ‌ ယူနိုက်တက် နောက်ခံ လူ အဲရစ် ဘိုင်လီ ဟာ ဒဏ်ရာ ရရှိ သွား ပြန် ပါတယ်။

ပထမပိုင်း မှာ ဂိုးသမား ဟန်ဒါဆန် ရဲ့ ဒူးခေါင်းနဲ့ ဘိုင်လီ ရဲ့ လည်ပင်း ထိခိုက် မိတာ ဖြစ်ပြီး မက်ဂွိုင်းယား နဲ့ လူစား လဲခဲ့ ရပါတယ်။

ဘိုင်လီ ရဲ့ ဒဏ်ရာ ဟာ သိပ် ပြင်းထန် ခြင်း မရှိပဲ ရက်ပိုင်း ခန့်သာ အနား ယူရ ဖွယ်ရာ ရှိပါတယ်။

နည်းပြ ဆိုလ်းရှား ကတော့ ဦးခေါင်းကို ထိခိုက်တာ မဟုတ်ပဲ ၊ လည်ပင်းကို ထိခိုက်တာ ဖြစ်လို့ ဓာတ်မှန် ရိုက်ကြည့် မှ သိမှာပါ ဆိုပြီး ပြောဆို သွား ပါတယ်။

အဲရစ် ဘိုင်လီ ကိုယ်တိုင် ကလဲ ပွဲအပြီး မှာ အသင်း အနိုင် ရရှိလို့ ပျော်ရွှင် ကြောင်း နဲ့ သူ့ရဲ့ ထိခိုက် ဒဏ်ရာဟာ အပေါ်ယံ သာ ဖြစ်ပြီး မစိုးရိမ်ဖို့ ပြောကြား သွားခဲ့ ပါတယ်။

သို့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ဆေးအဖွဲ့ ရဲ့ အဆိုအရ ဘိုင်လီ ရဲ့ ဒဏ်ရာ ဟာ ရက်ပိုင်းလောက် အနား ယူရဖွယ် ရှိနေပြီး ကြားရက် မှာ  ယှဉ်ပြိုင် ရမယ့် ဘန်လေ နဲ့ ပွဲစဉ် ကိုပါ လွဲချော်ဖွယ် ရှိနေကာ လီဗာပူး အသင်း နဲ့ ရင်ဆိုင် ရမည့် ပွဲစဉ်မှ ပြန်လည် ပွဲထွက် လာ ဖွယ်ရာ ရှိတယ် လို့ ပြော ကြား ခဲ့ကြောင်း သတင်း များ က ဆိုကြ ပါတယ်။

ဘိုင်လီဟာ အသင်းကို ရောက်ရှိ ကတည်းက ဒဏ်ရာ ပြသနာကို မကြာခန ရင်ဆိုင် နေရ သူဖြစ်ပြီး ဆေးရုံ တက်လိုက် ၊ ဘောလုံး ကန်လိုက် နဲ့ အလုပ်ရှုပ် နေသူပါ။

သို့ပေမယ့် ဘိုင်လီ ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်ဆုံး ခြောက်ပွဲ မှာ ငါးပွဲ အထိ ပါဝင်ခွင့် ရရှိ ခဲ့ပြီး ခြေစွမ်း ပြသ နိုင်ခဲ့သူ ဖြစ်ပါတယ်။

Zawgyi Version

စေနေန႕ ညက ယွဥ္ၿပိဳင္ သြားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ဝက္ဖို႔ဒ္ တို႔ရဲ႕ Fa cup တတိယအဆင့္ ပြဲစဥ္မွာ ဒဏ္ရာ ျပသနာေတြနဲ႕ အၿမဲလိုလို ရင္ဆိုင္ ေနရတတ္တဲ့ ‌ ယူနိုက္တက္ ေနာက္ခံ လူအဲရစ္ ဘိုင္လီ ဟာ ဒဏ္ရာ ရရွိသြား ျပန္ပါတယ္။ပထမပိုင္းမွာ ဂိုးသမား ဟန္ဒါဆန္ ရဲ႕ ဒူးေခါင္းနဲ႕ ဘိုင္လီ ရဲ႕ လည္ပင္း ထိခိုက္ မိတာ ျဖစ္ၿပီး မက္ဂြိုင္းယား နဲ႕ လူစား လဲခဲ့ ရပါတယ္။

ဘိုင္လီ ရဲ႕ ဒဏ္ရာ ဟာ သိပ္ျပင္းထန္ျခင္း မရွိပဲ ရက္ပိုင္း ခန႔္သာ အနား ယူရ ဖြယ္ရာ ရွိပါတယ္။နည္းျပ ဆိုလ္းရွားကေတာ့ ဦးေခါင္းကို ထိခိုက္တာ မဟုတ္ပဲ ၊ လည္ပင္းကို ထိခိုက္တာ ျဖစ္လို႔ ဓာတ္မွန္ ရိုက္ၾကည့္မွ သိမွာပါ ဆိုၿပီး ေျပာဆို သြား ပါတယ္။

အဲရစ္ ဘိုင္လီ ကိုယ္တိုင္ကလဲ ပြဲအၿပီး မွာ အသင္း အနိုင္ ရရွိလို႔ ေပ်ာ္႐ႊင္ ေၾကာင္းနဲ႕ သူ႕ရဲ႕ ထိခိုက္ ဒဏ္ရာဟာ အေပၚယံသာ ျဖစ္ၿပီး မစိုးရိမ္ဖို႔ ေျပာၾကား သြားခဲ့ပါတယ္။

သို႔ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ ေဆးအဖြဲ႕ ရဲ႕ အဆိုအရ ဘိုင္လီရဲ႕ ဒဏ္ရာဟာ ရက္ပိုင္းေလာက္ အနား ယူရဖြယ္ ရွိေနၿပီး ၾကားရက္မွာ ယွဥ္ၿပိဳင္ ရမယ့္ ဘန္ေလနဲ႕ ပြဲစဥ္ကိုပါ လြဲေခ်ာ္ဖြယ္ ရွိေနကာ လီဗာပူး အသင္းနဲ႕ ရင္ဆိုင္ ရမည့္ ပြဲစဥ္မွ ျပန္လည္ ပြဲထြက္ လာ ဖြယ္ရာ ရွိတယ္ လို႔ ေျပာ ၾကား ခဲ့ေၾကာင္း သတင္းမ်ား က ဆိုၾက ပါတယ္။

ဘိုင္လီဟာ အသင္းကို ေရာက္ရွိ ကတည္းက ဒဏ္ရာျပသနာကို မၾကာခန ရင္ဆိုင္ေနရ သူျဖစ္ၿပီး ေဆး႐ုံတက္လိုက္ ၊ ေဘာလုံး ကန္လိုက္နဲ႕ အလုပ္ရႈပ္ ေနသူပါ။ သို႔ေပမယ့္ ဘိုင္လီဟာ မန္ခ်က္စတာ ယူနိုက္တက္ ရဲ႕ ေနာက္ဆုံး ေျခာက္ပြဲမွာ ငါးပြဲ အထိ ပါဝင္ခြင့္ ရရွိခဲ့ၿပီး ေျခစြမ္းျပသ နိုင္ခဲ့သူ ျဖစ္ပါတယ္။