Spots news

ဂျူဗင်တပ်စ်ကြောင့် ရော်နယ်ဒိုနဲ့ ဒီမာရီယာ အတွဲကို ပြန်လည် မြင်တွေ့ ရတော့မည်

Unicode Version

နည်းပြ သစ် ပိုချက်တီနို ရောက်ရှိ လာပြီးနောက်  ပိုချက်တီနို ရဲ့ အသင်း ကို သွေးသစ် လောင်းမည့် အစီ အစဉ် မှာ ပါဝင်ရန် ရာခိုင်နှုန်း နည်းပါး နေ တဲ့ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဒီမာရီယာ ကို ဂျူဗင်တပ်စ် အသင်းက အလွတ် ပြောင်း ရွေ့ ကြေး ဖြင့် ခေါ်ယူ ရန် ပြင်ဆင် နေကြောင်း သိရ ပါတယ်။

ဂျူဗင်တပ်စ် အသင်း ဟာ အလွတ် ပြောင်း ရွေ့ကြေး နဲ့ ခေါ်ယူ တဲ့ နေရာမှာ နာမည်ကြီး တဲ့ အသင်း ဖြစ်ပြီး ပေါ့ဂ်ဘာ၊ ရမ်ဆေး၊ ရာဘီယော့နဲ့ လက်ရှိ နည်းပြ ပီယာလို တို့ကို နာမည် ကြီး တွေကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ အသီးသီး ခေါ်ယူ နိုင်ခဲ့ပြီး အခုလည်း ပြင်သစ် ဘောလုံး မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရ ပီအက်စ်ဂျီ တောင်ပံကစားသမား ဒီမာရီယာ ကို ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရ ပါတယ်။

ဒီမာရီယာ ရဲ့ စာချုပ်ဟာ လက်ရှိ ရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အသက် ၃၂ နှစ် အရွယ် အာဂျင်တီးနား ကစားသမား ကို ပီအက်စ်ဂျီ အသင်း မှ စာချုပ် သက်တန်း တိုးရန် ကမ်းလှမ်းမှု ပြုလုပ် ခြင်း မရှိသေး ကြောင်း သိရ ပါတယ်။

ဒီမာရီယာ ဟာ ၂၀၁၅ နွေရာသီ က မန်ချက်စတာ ယူနိုက်တက် ကနေ ပီအက်စ်ဂျီ သို့ ရောက် လာပြီး ပီအက်စ်ဂျီ ရဲ့အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြ ကစား နေခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ဟာ လက်ရှိ အချိန် မှာ ချီယေဆာ နဲ့ ကူလူ ဆက်ဗ်စကီး တို့လို လူငယ် တောင်ပံကစားသမား တွေကို အားကိုး ကစားနေ ပေမယ့် ဝါရင့် ကစားသမား တစ်ဦး ကို အလိုရှိ နေတာ ဖြစ်ပြီး အလွတ် ပြောင်းရွေ့ကြေး နဲ့ ရရှိ နိုင်မယ့် ဒီမာရီယာ ကို မျက်စိ ကျလျက် ရှိနေ ပါတယ်။

ဒါ့အပြင် ဒီမာရီယာ ဟာ ၂၀၁၀ ကနေ ၂၀၁၄ အထိ ရီးရဲလ်မှာ ရော်နယ်ဒို နဲ့ အတူ တွဲဖက် ၍ ချန်ပီယံ လိဂ် ဖလား အပါအဝင် အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ရာ ဂျူဗင်တပ်စ် မှာ သူတို့နှစ်ယောက် အတွဲကို ပြန်လည် မြင်တွေ့ ရဖွယ် ရှိ နေပြီး ဒီမာရီယာ ရဲ့ အပြောင်း အရွေ့ဟာ ရာသီ ကုန်မှာ ဖြစ်လာ ဖွယ် ရာ ရှိနေ ပါတယ်။

Zawgyi Version

နည္းျပ သစ္ ပိုခ်က္တီနို ေရာက္ရွိ လာၿပီးေနာက္ ပိုခ်က္တီနို ရဲ႕ အသင္းကို ေသြးသစ္ ေလာင္းမည့္ အစီအစဥ္ မွာ ပါဝင္ရန္ ရာခိုင္ႏႈန္း နည္းပါး ေန တဲ့ ပီအက္စ္ဂ်ီ ေတာင္ပံ ကစားသမား ဒီမာရီယာ ကို ဂ်ဴဗင္တပ္စ္ အသင္းက အလြတ္ ေျပာင္း ေ႐ြ႕ ေၾကး ျဖင့္ ေခၚယူ ရန္ ျပင္ဆင္ ေနေၾကာင္း သိရ ပါတယ္။

ဂ်ဴဗင္တပ္စ္ အသင္း ဟာ အလြတ္ေျပာင္း ေ႐ြ႕ေၾကး နဲ႕ ေခၚယူ တဲ့ ေနရာမွာ နာမည္ႀကီး တဲ့ အသင္း ျဖစ္ၿပီး ေပါ့ဂ္ဘာ၊ ရမ္ေဆး၊ ရာဘီေယာ့နဲ႕ လက္ရွိ နည္းျပ ပီယာလို တို႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကး နဲ႕ အသီးသီး ေခၚယူ နိုင္ခဲ့ၿပီး အခုလည္း ျပင္သစ္ ေဘာလုံး မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္ အရ ပီအက္စ္ဂ်ီ ေတာင္ပံကစားသမား ဒီမာရီယာ ကို ေခၚယူနိုင္ဖြယ္ ရွိေနေၾကာင္း သိရပါတယ္။

ဒီမာရီယာ ရဲ႕ စာခ်ဳပ္ဟာ လက္ရွိ ရာသီ အကုန္မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး အသက္ ၃၂ ႏွစ္ အ႐ြယ္ အာဂ်င္တီးနား ကစားသမား ကို ပီအက္စ္ဂ်ီ အသင္း မွ စာခ်ဳပ္ သက္တန္း တိုးရန္ ကမ္းလွမ္းမႈ ျပဳလုပ္ျခင္း မရွိေသး ေၾကာင္း သိရ ပါတယ္။

ဒီမာရီယာ ဟာ ၂၀၁၅ ေႏြရာသီ က မန္ခ်က္စတာ ယူနိုက္တက္ ကေန ပီအက္စ္ဂ်ီ သို႔ ေရာက္လာၿပီး ပီအက္စ္ဂ်ီ ရဲ႕အဓိက ကစားသမား တစ္ဦး အျဖစ္ ေျခစြမ္းျပ ကစားေနခဲ့တာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ ဟာ လက္ရွိ အခ်ိန္မွာ ခ်ီေယဆာ နဲ႕ ကူလူ ဆက္ဗ္စကီး တို႔လို လူငယ္ ေတာင္ပံကစားသမား ေတြကို အားကိုး ကစားေန ေပမယ့္ ဝါရင့္ ကစားသမား တစ္ဦး ကို အလိုရွိ ေနတာ ျဖစ္ၿပီး အလြတ္ ေျပာင္းေ႐ြ႕ေၾကး နဲ႕ ရရွိ နိုင္မယ့္ ဒီမာရီယာ ကို မ်က္စိ က်လ်က္ ရွိေန ပါတယ္။

ဒါ့အျပင္ ဒီမာရီယာ ဟာ ၂၀၁၀ ကေန ၂၀၁၄ အထိ ရီးရဲလ္မွာ ေရာ္နယ္ဒို နဲ႕ အတူ တြဲဖက္ ၍ ခ်န္ပီယံ လိဂ္ ဖလား အပါအဝင္ ေအာင္ျမင္မႈေတြ ရယူ နိုင္ခဲ့ရာ ဂ်ဴဗင္တပ္စ္ မွာ သူတို႔ႏွစ္ေယာက္ အတြဲကို ျပန္လည္ ျမင္ေတြ႕ ရဖြယ္ရွိ ေနၿပီး ဒီမာရီယာ ရဲ႕ အေျပာင္း အေ႐ြ႕ဟာ ရာသီကုန္မွာ ျဖစ္လာ ဖြယ္ ရာ ရွိေန ပါတယ္။