Spots news

မန်ယူကွင်းလယ်လူ အတွက် စိတ်ပူမိကြောင်း ပြောခဲ့တဲ့ ဖာဒီနန်

Unicode Version

မန်ချက်စတာ ယူနိုက်တက် နောက်ခံ လူဟောင်း ဖာဒီနန် ဟာ ကွင်းလယ် ကစားသစ် ဗန်ဒီဘိခ် နဲ့ ပတ်သတ် ၍ စိတ်ပူ မိကြောင်း ပြောဆို လာခဲ့ ပါတယ်။

ဗန်ဒီဘိခ် ကို ယူနိုက်တက် ခေါ်ယူ စဉ်က ရီးရဲ မက်ဒရစ် နဲ့ အပြိုင် ခေါ်ယူ ခဲ့ရတာ ဖြစ်ပြီး လက်ရှိ အချိန်မှာ နယ်သာလန် ကစားသမား ဟာ အသင်း နဲ့ အတူ ပွဲ ထွက်ခွင့် နည်းပါး နေတာ ပဲဖြစ် ပါတယ်။

ဗန်ဒီဘိခ် အနေ နဲ့ ယူနိုက်တက် နဲ့ ပြိုင်ပွဲစုံ ၂၁ ပွဲသာ ပွဲထွက် ခွင့် ရရှိ သေးတာ ဖြစ်ပြီး ပွဲထွက်ခွင့်  ရရှိ တဲ့ ပွဲအများ စု ဟာလဲ လူစားဝင် ကစားသမား အဖြစ် မိနစ် အနည်းငယ် သာ ဝင်ရောက် ကစားခဲ့ ရတာ လဲ ဖြစ်ပါတယ်။ မိနစ် ကိုးဆယ် ပြည့် ကစား ခွင့်ရ ခဲ့တဲ့ ပွဲဟာ ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့ တဲ့ Fa cup တတိယ အဆင့် ပွဲစဉ် သာ ရှိခဲ့ ပါတယ်။

ယူနိုက်တက် နောက်ခံလူ ဟောင်း ဗာဒီနန် ကတော့ ဗန်ဒီဘ် ရဲ့ ကစားပုံ ကို ယူနိုက်တက် မှာ ရောက်ရှိ ပြီး နောက်ပိုင်း အနည်းငယ် သာ မြင်တွေ့ ရ ကြောင်း ပြောဆို ခဲ့ပြီး ဗန်ဒီဘိခ် အနေ နဲ့ သူ့ရဲ့ ယူရို ပြိုင်ပွဲ အတွက် စိုးရိမ် နေမယ် လို့ ထင် ကြောင်း ပြောဆို ခဲ့ပါတယ်။

“ဗန်ဒီဘိခ် မိနစ် များများ မကစား ရတာကို တော့ ကျွန်​တော် တကယ် အံ့အားသင့် မိပါတယ်။ သူ ပွဲထွက် ခွင့်တွေ ပိုမို လိုချင် နေတယ် ဆိုတာ ကျွန်​တော့် အ​​နေ နဲ့ ရာနှုန်းပြည့် ​​သေချာ​ပေါက်​ ပြော ရဲပါ တယ်။

သူနဲ့ ပတ်သက် တဲ့ အခြေအနေ တစ်ခု လုံးမှာ စိတ်ဝင်စား ဖွယ် အချက် ကတော့ အသင်း မပြောင်းခင် ဘာ​တွေ စေ့စပ် ညှိနှိုင်း ခဲ့လဲ ၊ ဘာ စကားတွေ ပြောဆို ခဲ့သလဲ ဆိုတာပါ”

“ခင်ဗျား တို့အနေ နဲ့ တစ်နေ ရာရာ ကို သွားဖို့ စာချုပ် တစ်ခု ကို ညှိနှိုင်း တဲ့ အခါ ၊ ကိုယ် ဘယ်ကလပ်ကို ​ပြောင်း​တော့ မယ် ဆိုတာ သိတဲ့ အခါ ၊ ကိုယ် ဘာသာ ဘယ်လို စတင် မလဲ ဆိုတာ သိရမယ် ။ အဲလို မဟုတ်ရင် အသင်းက သူတို့ ပုံစံ နဲ့ပဲ သွား လိမ့်မယ်”

“အဲဒါက အရေးကြီး တဲ့ အပိုင်း ပါ။ ကျွန်​တော်တို့ က ခုထိ တိကျတဲ့ အ​ဖြေ သိလို့ ရယ် မဟုတ်ပါဘူး ။ သူ့ရဲ့ ​အေးဂျင့် နဲ့ လည်း ဆိုင်ပါ လိမ့်မယ်။

ဗန်ဒီဘိခ်ကတော့ ပွဲများများ ကစားဖို့ ​မျှော်လင့် ထား မှာ ပါပဲ။ သူ့ အနေ နဲ့ ယူနိုက်တက် ရဲ့ အ​ရေးကြီး တဲ့ အစိတ် အပိုင်း ဖြစ်ချင် မှာပါ။ ”

“ယူရို ပြိုင်ပွဲ မှာ ပါဝင် ကစားခွင့် အတွက် လည်း ဗန်ဒီဘိခ် မှာ စိတ်ပူစရာ​ တွေ ရှိချင် ရှိပါလိမ့် မယ်။ ”ဆိုပြီး ဖာဒီနန်က​ ပြောဆို ထားပါတယ်။