Unicode Version
ပေါ်တူဂီ နဲ့ ဂျူဗင်တပ် ကစား သမား ခရစ်စတီယာနို ရော်နယ်ဒို ဟာ ဂျိုဆပ် ဘီကန် ရဲ့ သွင်းဂိုး အရေ အတွက် ကို မှီသွား ခဲ့ပြီး သမိုင်း တစ်လျှောက် သွင်းဂိုး အများဆုံး သွင်းယူ နိုင်တဲ့ ကစားသမား အဖြစ် စံချိန်သစ် တင်နိုင် ခဲ့ပြီ ဖြစ် ပါတယ်။
မနေ့ ညက ယှဉ်ပြိုင် ခဲ့တဲ့ ဂျူဗင်တပ် နဲ့ ဆာဆူအိုလို အသင်း ပွဲစဉ် မှာ အသင်း အတွက် အနိုင် သေချာ စေမယ့် အဆုံးသတ် ဂိုးကို ရော်နယ်ဒိုက သွင်းယူ ပေးနိုင် ခဲ့ပြီး ဂျုဗင်တပ် တို့ဟာ ၃-၁ ဂိုး ဖြင့် အနိုင် ရရှိ ခဲ့ပါတယ်။
ဂျုဗင်တပ် နဲ့ ဆာဆူအိုလို တို့ ဟာ မိနစ် ၈၀ အထိ တစ်ဖက် တစ်ဂိုး စီ သရေကျ နေခဲ့ ပေမယ့် ၈၂ မိနစ် မှာ ရမ်ဆေး နဲ့ ၉၂ မိနစ် မှာ ခရစ်စတီယာနို ရော်နယ်ဒို တို့က သွင်း ယူ ပေး သွား ခဲ့ ပါတယ်။
ဒီပွဲ ဟာ အေစီ မီလန် နဲ့ အမှတ် ကွာဟ မှု ကို လျော့ချ နေတဲ့ ဂျူဗင်တပ် အတွက် အရေး ပါတဲ့ နိုင်ပွဲ တစ်ခု ဖြစ်ခဲ့ ပြီး တစ်ပွဲလျော့ အနေ အထား မှာ ၇ မှတ် သာ ကွာဟ မှု ရှိ တော့ တာပါ။
ခရစ်စတီယာနို ရော်နယ်ဒို ဟာ လတ်တလော က မှ ပီလီ ရဲ့ ၇၅၇ ဂိုး စံ ချိန် ကို ကျော်ဖြတ် ပြီး ဒုတိယ နေရာ မှာ ရှိနေ ခဲ့ ပေမယ့် မနေ့ ညက သွင်းယူ နိုင် ခဲ့တဲ့ သွင်းဂိုး ကြောင့် ပထမ နေရာမှာ ဂျိုဆပ် ဘီကန် ရဲ့ ၇၅၉ ဂိုး စံချိန် ကို လိုက်မှီ သွား ခဲ့ ပြီး သမိုင်း တစ်လျှောက် သွင်းဂိုး အများဆုံး ကစား သမား ဆုကို ပူး တွဲ ရယူ နိုင်ခဲ့ ပါပြီ။
နောက် ထပ် သွင်းဂိုး တစ် ဂိုး သာ သွင်းယူ နိုင် ခဲ့မယ် ဆိုရင် တော့ ရော်နယ်ဒို ဟာ သမိုင်းတစ် လျှောက် သွင်း ဂိုး အများဆုံး ကစား သမား ဆိုတဲ့ ဂုဏ်ပုဒ် ကို တစ်ဦး တည်း လွှဲ ပြောင်း ရယူ နိုင် မှာပဲ ဖြစ် ပါတယ်။
ဒါ့ အပြင် ရော်နယ်ဒို ဟာ ၁၅ ရာသီ ဆက် တိုက် သွင်း ဂိုး ၁၅ ဂိုး သွင်း ယူ နိုင် တဲ့ တစ်ဦး တည်းသော ကစား သမား လဲ ဖြစ် လာ ခဲ့ ပါတယ်။
ပထမ ဆုံး ရာသီဟာ ၂၀၀၆ – ၂၀၀၇ မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၁၇ ဂိုး သွင်း ယူ နိုင် ခဲ့ ရာက နေ အခု ၂၀၂၀ – ၂၀၂၁ ရာသီ အထိ ဆက် တိုက် ၁၅ ဂိုး နဲ့ အထက် သွင်း ယူ နိုင်ခဲ့ ပါတယ်။
ကမ္ဘာ့ ဂိုးသွင်း အများဆုံး ကစား သမား ၈ ဦး
၈ ။ အူဆီဘီယို= ၆၁၅ ဂိုး
၇ ။ ဖရန့်ပွတ်ရှ်ကပ်စ်= ၇၀၆ ဂိုး
၆ ။ ဂတ်မူလာ= ၇၂ဝ ဂိုး
၅ ။ ရိုမာရီယို= ၇၃၄ ဂိုး
၄ ။ လီယွန်နယ်မက်ဆီ= ၇၄၆ ဂိုး
၃ ။ ပီလီ= ၇၅၇ ဂိုး
၁ ။ ဂျိုဆပ် ဘီကန် = ၇၅၉ ဂိုး
၁ ။ ခရစ္စတီယာနို ရိုနယ်ဒို = ၇၅၉ ဂိုး