Unicode Version
ပရီးမီးယား လိဂ် အသင်း ကြီးများ ဖြစ်တဲ့ ချယ်စီး ၊ မန်ယူ နဲ့ လီဗာပူး အသင်း တို့က ခေါ်ယူ ရန် စိတ်ဝင် စားနေ သော လိုက်ဇစ် အသင်းရဲ့ ဗဟို နောက်ခံ လူ အူပါမီကာနို ကို ရောင်းချ မှာ ဖြစ်ကြောင်း လိုက်ဇစ် အသင်း ဥက္ကဌ အိုလီဗာက အတည် ပြု ပြောကြား လိုက် ပါတယ်။
လက်ရှိ ဥရောပ ရဲ့ အကောင်းဆုံး နောက်ခံလူများ ထဲမှ လူ အဖြစ် သတ်မှတ်ခြင်း ခံထား ရတဲ့ အူပါမီကာနို ဟာ လိုက်ဇစ် နဲ့ အတူ ချန်ပီယံ လိဂ် ဆီမီး အထိ တက်ရောက် နိုင်ခဲ့ပြီး ခြေစွမ်း ပြသခဲ့ သူပါ။
လက်ရှိ အချိန်မှာ အသက် ၂၂ နှစ် သာ ရှိ သေးသူ ဖြစ်ပြီး ဘောလုံး လောက ရဲ့ အတိုးတက် ဆုံး လူငယ် နောက်ခံ လူ အဖြစ် သတ်မှတ် ခံထား ရပါတယ်။
အူပါမီကာနို ဟာ ပီးခဲ့ တဲ့ ရာသီ က လိုက်ဇစ် အသင်း နဲ့ အတူ ၂၀၂၃ ခု နှစ် ထိ စာချုပ်သက်တမ်း တိုး ထားတာ ဖြစ်ပါတယ် ။ သို့ပေမယ့် စာချုပ် သစ် မှာ ပါဝင်တဲ့ အချက် အလက် အရ လာမယ့် နွေရာသီ အပြောင်း အရွှေ့ မှာ ဆိုရင် သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး တန်ဖိုးဟာ ပေါင် ၃၈သန်း သာ ရှိ တော့မှာ ဖြစ်ပါတယ် ။
ပေါင် ၃၈ သန်း ဖြင့် ၂၂ အရွယ် တိုးတက် လာမယ့် လူငယ် နောက်ခံလူ ကို ခေါ်ယူ ခွင့် ရမည် ဖြစ် သောကြောင့် ဥရောပ အသင်းကြီး များ အနေ ဖြင့် မျက်စိ ကျစရာ ဖြစ်နေ တာမိို့ အူပါမီကာနို ဟာ လာမည့် နွေရာသီ မှ အသင်းမှ ထွက်ခွာဖို့ သေချာ သလောက် ရှိနေ ပါတယ်။
လိုက်ဇစ် ဥက္ကဌ အိုလီဗာ ကတော့ လိုက်ဇစ် အသင်း ဟာ အသင်း ရဲ့ အကောင်း ဆုံး ကစား သမား တွေ ကို ရောင်းချ ကာ အသင်း အတွက် ရင်းနှီး မြှပ်နှံ မှု များ ပြု လုပ် နေတာ ဖြစ် လို့ ထိုက်သင့် တဲ့ ပြောင်းရွေ့ ကြေး ရရှိ ခဲ့ရင် အူပါမီကာနို ကို ရောင်းချ မည် ဖြစ် ကြောင်း အတည် ပြု ခဲ့ ပါတယ်။
အူပါမီကာနို ကို ခေါ်ယူ ရန် ခံစစ် မှာ ဒဏ်ရာ ပြသနာ တွေ ရှိနေ တဲ့ လီဗာပူး ၊ အရည် အသွေး မြင့် ဗဟို နောက်ခံ လူ တစ် ဦး အလို ရှိနေ တဲ့ မန်ချက်စတာ ယူနိုက်တက် တို့ နဲ့ ဗဟို ခံစစ်ကို သွေးသစ် လောင်းချင် နေတဲ့ ချဲလ်ဆီး အသင်းတို့ မှ ခေါ်ယူ ရန် စိတ်ဝင် စား နေ ကြ ပါတယ်။
လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့က ပြင်သစ် ဗဟို ခံစစ် ကစား သမားကို ယခင် ကတည်း က ခေါ်ယူ ဖို့ ချိတ်ဆက် ဆွေးနွေး ထား ပြီး ဖြစ် ပြီး ချဲလ်ဆီး နည်းပြ လမ်းပတ်က လဲ ထို နှစ်သင်း နဲ့ အပြိုင် အဆိုင် ခေါ်ယူမည် ဖြစ်ကြောင်း သိရ ပါတယ်။