Spots news

အလီ ကို ပုံမှန်နေရာပေးမည်ဟု နည်းပြမော်ရင်ဟို ပြောကြား

Unicode Version

နည်း မော်ရင်ဟို နဲ့ အဆင် မပြေ ဖြစ် ပြီးနောက် ပွဲထွက် ခွင့် ဆုံးရှုံး ခဲ့ရတဲ့ အယ်လီ အလီ ဟာ စပါး အသင်း နဲ့ မာရင်း အသင်း တို့ ရင်ဆိုင်ကစား ခဲ့ရတဲ့ အက်အေ ဖလား ပွဲစဉ်မှာ တော့ စပါး အသင်း အတွက် ပွဲထွက် ကစား သမားအဖြစ် ပါဝင် ခဲ့ရင်း နဲ့ ခြေစွမ်းလည်း ပြသ နိုင်ခဲ့ ပါတယ်။

နည်းပြ မော်ရင်ဟို ဟာ အလီ ရဲ့ ပရော် ဖက်ရှင်နယ် ပီသမှု နဲ့ အမူ အကျင့် များကို ချီး ကျူး စကား ဆို လိုက် ပြီး အလီဟာ အသင်း ရဲ့ အနာ ဂတ် အစီ အစဉ် များ မှာ ပါဝင် တော့ မှာ ဖြစ်ပြီး   ဗီလာ နဲ့ ပွဲ တွင် ပြန် လည် ပါဝင် နိုင် ကြောင်း ပြောဆို ခဲ့ ပါတယ်။

အသက် ၂၄ နှစ် အ ရွယ် ကစား သမား အလီ ဟာ ယခင် က စပါး အသင်း ရဲ့ အဓိ က ကစား သမား တစ်ဦး ဖြစ်ခဲ့ ပေမယ့် နည်းပြ မော်ရင်ဟို  နဲ့ အဆင် မပြေ မှု များ ဖြစ်ပေါ်  ပြီး နောက် ပိုင်း ပွဲထွက်ခွင့် သိသာ စွာ လျော့ကျ သွား သလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆိုရင် ယခု ဇန်နဝါရီလအထိ (၇၄) မိနစ် ခန့်သာ ပါဝင် ထားခဲ့ ရပါ သေးတယ်။

သို့ပေမယ့် မနေ့ ညက ယှဉ်ပြိုင် ခဲ့တဲ့ စပါးအသင်း နဲ့ မရိန်း အသင်း တို့ ပွဲစဉ် မှာ ပါဝင် လာခဲ့ ပြီး ဗီနီစီးယက်စ် အတွက် တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ သလို စပါး တိုက်စစ် ကစားမှု များတွင် ပါဝင် ကာ ခြေစွမ်း ပြသ ခဲ့ပါတယ်။

အလီ ဟာ ပီအက်စ်ဂျီ အသင်း က ဆရာဟောင်း ပိုချက်တီနို ဆီ ကို ပြောင်း ရွေ့ ဖို့ သတင်း များ ထွက်ပေါ်ခဲ့ ပေ မယ့် နည်းပြ မော်ရင်ဟို ကတော့ အသင်း တွင် ပုံ မှန် နေရာ ရလာ မည် ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

“အယ်လီ ဒီနေ့ ကောင်းကောင်း ကစားခဲ့ပါတယ်။ ဒီနေ့ပွဲ ဟာ ခြေစွမ်း အမှန် သက်သေ ပြဖို့ခက်ခဲ တယ် ဆိုပေမယ့် အယ်လီ ရဲ့ ပရော်ဖက်ရရှင်နယ် ပီသမှု နဲ့ အမူအကျင့် တွေ ကတော့ ကျွန်တော် သဘော ကျပါတယ်။ လာမယ့် ဗုဒ္ဓဟူး နေ့မှာ သူ အသင်း မှာ ပါဝင် လာတာလည်း ဖြစ်နိုင် ပါတယ်”

“အယ်လီ ရဲ့ စိတ် သဘောထား ကို ကျေနပ် ပါတယ် ။ ကျွန်တော် မရိမ်း အသင်း နဲ့ ပွဲမှာ အရမ်း စွန့်စား လို့ တော့ မရ ပါဘူး။ ကွင်းက သိပ်မကောင်း ဘူး ။ စွန့်စား ထိုးဖောက် လွန်းရင် အန္တရယ် ရှိနိုင် ပါတယ်။ ဒါပေမယ့် ကျွန်တော်ကျေနပ် ပါတယ်။ အယ်လီ နဲ့ အသင်းသား တွေရဲ့ ကစားကွက် ဖန်တီးမှု တွေက ကြည်နူးစရာကောင်းတဲ့ အားထုတ်မှု တွေပါ ” ဟု နည်းပြ မော်ရင်ဟို က ပြောဆို ခဲ့ပါတယ် ။