Spots news

ထရာအိုရေးကို ခေါ်ယူရန် လီဗာပူး ပစ်မှတ်ထား

Unicode Version

ထွက်ပေါ် လာသော သတင်း များ အရ လီဗာပူး အသင်း ဟာ ဝုဖ် အသင်း တောင်ပံ ကစား သမား ထရာအိုရေး ကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရ ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် အနေနဲ့ ထရာအိုရေး ရဲ့ နိုင်ငံ အသင်းဖော် စပိန် နဲ့ လီဗာပူး အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာ ရဲ့ အကူ အညီ ဖြင့် ထရာအိုရေး ကို ခေါ်ယူရန် မျှော်လင့် လျက် ရှိနေ ပါတယ်။

အသက် 24 နှစ် အရွယ် စပိန် ကစား သမား ထရာအိုရေး ဟာ ပရီးမီးယားလိဂ် တွင် ခြေစွမ်း ပြနေပြီး သူ့ရဲ့ လျင်မြန်မှု နှင့် နည်းစနစ် ပိုင်း ကျွမ်းကျင် မှု ၊ ကြံ့ခိုင်မှု များ ကြောင့် ကလော့ပ် ၏ ကစားဟန် နှင့် အံဝင် မည်ဟု ယုံကြည် လျက် ရှိနေ ပါတယ်။

လီဗာပူး အသင်း ရဲ့ တိုက်စစ်မှူး များ ဖြစ် ကြသော ဆာလတ် နှင့် မာနေး တို့ ၏ အနာဂတ် ကို စိတ်မချ သောကြောင့် ကလော့ပ် အနေ နဲ့ ထရာအိုရေးကို ခေါ်ယူ လိုခြင်း ဖြစ်ကြောင်း

သတင်းများ က ဆိုကြ ပြီး ကွင်း လယ်လူ အယ်ကန်တာရာ အနေ နဲ့ စပိန် လက်ရွေး စင် အသင်းတွင် ထရာအိုရေး နှင့် တွဲ ကစားဖူး သော ကြောင့် လီဗာပူး သို့ ပြောင်း လာရေး စည်းရုံး ပေးနိုင် ရန်လော့ပ်က မျှော်လင့်နေ ပါတယ်။

ဆာလတ် နှင့် မာနေး တို့ဟာ အသက် ၃၀ နီးပါး ကစား သမား များ ဖြစ်ကြ ပြီး မကြာမီ အစားထိုး လာရ ဖွယ်ရှိကာ ထရာအိုရေးသည် ၎င်းတို့ကဲ့သို့ ခြေစွမ်း တိုးတက် လာဖွယ် ရှိ‌ နေပါတယ်။

လီဗာပူး အသင်း တိုက်စစ်မှူး များဟာ အသင်းရဲ့ ပြီးခဲ့သော နှစ်များက အောင်မြင်မှု များတွင် အရေးပါ သော နေရာက ပါဝင်ခဲ့ကြ သော်လည်း

ထရာအိုရေး ဟာ ၎င်းတို့ အသင်းကိုစွန့်ခွာ သွားချိန်တွင် အကောင်းဆုံး အစားထိုး ဝင်ရောက်ပေး နိုင်ရန် လီဗာပူး နည်းပြ အဖွဲ့က မျှော်လင့်လျက် ရှိ ကြောင်း သတင်းများက ဆိုပါတယ်။