Unicode Version
မန်ချက်စတာ ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ အသင်း တို့ ဟာ ပြင်သစ် လီဂူး ကလပ် ဘရက်စ်အသင်း မှာ ခြေစွမ်း ပြ ကစား နေတဲ့ အသက် ၂၂ အရွယ် ကွင်းလယ်လူ ဖာဗယ် ကို ခေါ်ယူ ရန် စိတ်ဝင် စား နေကြောင်း ပြင်သစ် သတင်းစာ တစ်ခု က ရေးသား ဖော် ပြ ထားပါတယ်။
ဖာဗယ် ဟာ ပြင်သစ် ကွင်းလယ် ကစား သမား တစ်ဦး ဖြစ်ပြီး ဘောလုံးရာသီ အစကမှ မိုနာကို အသင်း မှ ဘရက်စ် အသင်း သို့ ပေါင် (၄) သိန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ် ပေမယ့် ယခု အချိန် မှာ သူ့ ရဲ့ တန်ကြေး ဟာ ပေါင် ၈ သန်း ခန့်ထိ မြင့်တက် နေပါတယ်။
ဖာဗယ်ဟာ ဘရက်စ် အသင်း အတွက် ၁၉ ပွဲ ပါဝင် ကစား ထား ပြီး သွင်းဂိုး ၄ ဂိုးထိ သွင်းယူ ထား သလို ဂိုး ဖန်တီးမှူ ၃ ကြိမ် အထိ ပြုလုပ်ထား နိုင် သူ ဖြစ်ပါတယ်။
ဗာဖယ် ဟာ ဘရက်စ် အသင်း ရဲ့ အဓိက ကစား သမား တစ်ဦး ဖြစ် ပြီး လက်ရှိ အချိန်မှာ ဥရောပ အသင်းကြီးများ ရဲ့ စိတ်ဝင် တစား စောင့်ကြည့် ခြင်းကို ခံ နေရ သူပါ။
ဖာဗယ် ဟာ ကွင်းလယ် နေရာ စုံ ကစားနိုင် သူ တစ်ဦး ဖြစ်ပြီး ကွင်းလယ် တိုက်စစ် ရော ခံစစ် ပါ ကျွမ်းကျင်သူ ဖြစ်ပါတယ်။
ပြင်သစ် သတင်း မီဒီယာ တစ်ခုက ဖာဗယ် ကိုခေါ် ယူရန် မန်ချက်စတာ ယူနိုက်တက် ကလဲ စိတ်ဝင်စား နေသလို ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို ကလဲ စောင့်ကြည့် နေပြီး အပြိုင် အဆိုင် ကမ်းလှမ်း မှု ပြုလုပ် သွားနိုင် ကြောင်း ရေးသား ဖော်ပြ ထားပါတယ်။
ဘရက်စ် အသင်း ကလဲ ကစားသမား ကို အသင်းကြီး များ စောင့်ကြည့် နေကြောင်း သတိထား မိ တာနဲ့ တပြိုင်နက် ဖာဗယ်ကို စာချုပ် သက်တမ်း တိုး ခဲ့ပြီး အဆိုပါ စာချုပ်ဟာ၂၀၂၅ ခုနှစ် အထိ ဖြစ် တာကြောင့် ယခု ဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ် ယူဖို့ အခက် အခဲ ရှိနိုင်ပါတယ်။
Zawgyi Version