Spots news

ဆိုးလ်ရှားရဲ့ မှားယွင်းနေတဲ့ အရာတစ်ခုကို ထောက်ပြလိုက်တဲ့ ဝိန်းရွန်းနေ

Unicode Version

မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေ ရဲ့ အချစ်တော် တိုက်စစ်မှူး ဟောင်း ဝိန်းရွန်းနေကတော့ ယူနိုက်တက် အနေ နဲ့ ဆုဖလား ကို ရယူနိုင် ဖို့ သတိထား ပြင် ဆင် သင့် တဲ့ အရာ တစ်ခုကို ပြောပြ လိုက်ပါတယ်။

ထို အရာ က တော့ ပုံမှန် ခြေစွမ်း ပျောက်ဆုံး နေတဲ့ တိုက်စစ်မှူး မာရှယ် ကို ခဏ ခေါက်ထားပြီး တိုက်စစ်မှူး ကာဗာနီ ကို ပိုမို နေရာ ပေးဖို့ ဝိန်းရွန်းနေ က အလိုရှိ နေတာ ဖြစ်ပါတယ် ။

ခြေစွမ်း ပုံမှန် မရရှိ နေတဲ့ မာရှယ် ဟာ ပွဲစဉ်တိုင်း ပွဲထွက် ခွင့် ရရှိ နေရင် ကစားသမား ရဲ့ ခြေစွမ်း ဟာ ပြန်လည် တိုးတက် ဖို့ အလား အလာ မရှိဘူး လို့ ဝိန်းက ယုံကြည် နေပြီး  ပုံမှန်  ပွဲထွက် ခွင့် အတွက် ကာဗာနီ နဲ့ တိုက်ပွဲ ဝင်စေ လို နေတာ ပဲ ဖြစ်ပါတယ်။

ဝိန်းက “ ကျွန်တော် လဲ ယူနိုက်တက် ကစားသမား မ လို့ ၊ယူနိုက်တက် အတွက် ဝေဖန်မှု ကို အကောင်းဘက် ကနေ ပြောပြ ချင်ပါတယ်။ နည်းပြ ဆိုလ်းရှား ရဲ့ ဒီရာသီ စွမ်းဆောင်ရည် ဟာ အရမ်း ကောင်းမွန် ပြီး ယူနိုက်တက် ကို ဖလား လမ်းကြောင်း ပေါ်မှာ ခိုင်မာ စွာ ရပ်တည် စေခဲ့ ပါတယ်။

ဒါပေမယ့် ခြေစွမ်း ကျဆင်း နေတဲ့ မာရှယ် ကို ပွဲတိုင်း ပွဲထွက် ခွင့် ပေးနေခဲ့ တာတော့ အဆင် မပြေ ပါဘူး။ ယူနိုက်တက် လို အသင်း မှာ ပုံမှန် ပွဲထွက် ခွင့် ဟာ ဒီလို လွယ်လွယ် ကူကူ မရ ဘူးလေ ။ တိုက်စစ်မှူး သစ် မခေါ် ချင်ရင် ကာဗာနီ ရှိနေ ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် ဟာ အရမ်းကောင်း မွန်ပြီး ဇလာတန် လို ကစားသမား မျိုးပါပဲ။

ကာဗာနီက တစ်ချိန်လုံး နေရာလွတ် တွေ ဖန်တီးပေး နေပြီး မာရှယ် ကတော့ ပြေးလွှား လှုပ်ရှား မနေတာ ကို တွေ့ရပါတယ်။ ဒီအချက် ဟာ သူတို့ နှစ်ယောက် ရဲ့ ကွာခြားချက် ဖြစ် ပြီး ကာဗာနီ ပွဲထွက် ခွင့် ရသင့် နေ ပါတယ် ” ဟု တိုက်စစ်မှူး ဟောင်း ဝိန်းရွန်းနေ က ပြောဆို ခဲ့ပါတယ်။

ဒီရာသီ မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ပုံစံကောင်း များ ပြသ နေပြီး တစ်ပွဲလျော့ အနေအထား နဲ့ အဆင့်တစ် နေရာ မှ လီဗာပူး အသင်း နဲ့ ရမှတ် တူညီ နေပါတယ်။ ယနေ့ ည ယှဉ်ပြိုင် မယ့် ဘန်လေ နဲ့ ပွဲစဉ် ကို အနိုင် ရရှိပါက ပရီးမီးယား လိဂ် ဇယား ကို ထိပ်ဆုံး မှ ဦး ဆောင် နိုင်တော့ မှာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ပရိတ္သတ္ေတြ ရဲ႕ အခ်စ္ေတာ္ တိုက္စစ္မႉး ေဟာင္း ဝိန္း႐ြန္းေနကေတာ့ ယူနိုက္တက္ အေန နဲ႕ ဆုဖလား ကို ရယူနိုင္ ဖို႔ သတိထား ျပင္ ဆင္ သင့္ တဲ့ အရာ တစ္ခုကို ေျပာျပ လိုက္ပါတယ္။

ထို အရာ က ေတာ့ ပုံမွန္ ေျခစြမ္း ေပ်ာက္ဆုံး ေနတဲ့ တိုက္စစ္မႉး မာရွယ္ ကို ခဏ ေခါက္ထားၿပီး တိုက္စစ္မႉး ကာဗာနီ ကို ပိုမို ေနရာ ေပးဖို႔ ဝိန္း႐ြန္းေန က အလိုရွိ ေနတာ ျဖစ္ပါတယ္ ။

ေျခစြမ္း ပုံမွန္ မရရွိ ေနတဲ့ မာရွယ္ ဟာ ပြဲစဥ္တိုင္း ပြဲထြက္ ခြင့္ ရရွိ ေနရင္ ကစားသမား ရဲ႕ ေျခစြမ္း ဟာ ျပန္လည္ တိုးတက္ ဖို႔ အလား အလာ မရွိဘူး လို႔ ဝိန္းက ယုံၾကည္ ေနၿပီး ပုံမွန္ ပြဲထြက္ ခြင့္ အတြက္ ကာဗာနီ နဲ႕ တိုက္ပြဲ ဝင္ေစ လို ေနတာ ပဲ ျဖစ္ပါတယ္။

ဝိန္းက “ ကြၽန္ေတာ္ လဲ ယူနိုက္တက္ ကစားသမား မ လို႔ ၊ယူနိုက္တက္ အတြက္ ေဝဖန္မႈ ကို အေကာင္းဘက္ ကေန ေျပာျပ ခ်င္ပါတယ္။ နည္းျပ ဆိုလ္းရွား ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ ဟာ အရမ္း ေကာင္းမြန္ ၿပီး ယူနိုက္တက္ ကို ဖလား လမ္းေၾကာင္း ေပၚမွာ ခိုင္မာ စြာ ရပ္တည္ ေစခဲ့ ပါတယ္။

ဒါေပမယ့္ ေျခစြမ္း က်ဆင္း ေနတဲ့ မာရွယ္ ကို ပြဲတိုင္း ပြဲထြက္ ခြင့္ ေပးေနခဲ့ တာေတာ့ အဆင္ မေျပ ပါဘူး။ ယူနိုက္တက္ လို အသင္း မွာ ပုံမွန္ ပြဲထြက္ ခြင့္ ဟာ ဒီလို လြယ္လြယ္ ကူကူ မရ ဘူးေလ ။ တိုက္စစ္မႉး သစ္ မေခၚ ခ်င္ရင္ ကာဗာနီ ရွိေန ပါတယ္။ သူ႕ရဲ႕ စြမ္းေဆာင္ရည္ ဟာ အရမ္းေကာင္း မြန္ၿပီး ဇလာတန္ လို ကစားသမား မ်ိဳးပါပဲ။

ကာဗာနီက တစ္ခ်ိန္လုံး ေနရာလြတ္ ေတြ ဖန္တီးေပး ေနၿပီး မာရွယ္ ကေတာ့ ေျပးလႊား လႈပ္ရွား မေနတာ ကို ေတြ႕ရပါတယ္။ ဒီအခ်က္ ဟာ သူတို႔ ႏွစ္ေယာက္ ရဲ႕ ကြာျခားခ်က္ ျဖစ္ ၿပီး ကာဗာနီ ပြဲထြက္ ခြင့္ ရသင့္ ေန ပါတယ္ ” ဟု တိုက္စစ္မႉး ေဟာင္း ဝိန္း႐ြန္းေန က ေျပာဆို ခဲ့ပါတယ္။

ဒီရာသီ မွာ မန္ခ်က္စတာ ယူနိုက္တက္ ဟာ ပုံစံေကာင္း မ်ား ျပသ ေနၿပီး တစ္ပြဲေလ်ာ့ အေနအထား နဲ႕ အဆင့္တစ္ ေနရာ မွ လီဗာပူး အသင္း နဲ႕ ရမွတ္ တူညီ ေနပါတယ္။ ယေန႕ ည ယွဥ္ၿပိဳင္ မယ့္ ဘန္ေလ နဲ႕ ပြဲစဥ္ ကို အနိုင္ ရရွိပါက ပရီးမီးယား လိဂ္ ဇယား ကို ထိပ္ဆုံး မွ ဦး ေဆာင္ နိုင္ေတာ့ မွာပါ။