Spots news

မန်ယူဟာဘရူနိုကို မှီခိုလွန်းနေတယ်ဟုပြောလိုက်တဲ့ နောက်ခံလူဟောင်း ပေါပါကာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် နောက်ခံ လူဟောင်း ပေါပါကာ ကတော့ ယူနိုက်တက် အနေ နဲ့ ဂိုး ရရှိဖို့ ဘရူနို ဖာနန်ဒက်စ် တစ်ဦးတည်း ကို မှီခို နေမှု အပေါ် ပြင်ဆင်ထားရန် သတိ ပေး လိုက်ပါတယ်။

အမှန် တကယ် ယူနိုက်တက် ဟာလဲ ဂိုး ရရှိရန် အခွင့် အလမ်းများ ရဲ့ မြစ်ဖျား ခံရာ ဟာ ဘရူနို ဖာနနဒက်စ် ရဲ့ လမ်းကြောင်း တွေ ဆီက ဖြစ်နေပြီး ဘရူနို ရုန်းကန် ရတဲ့ ပွဲစဉ် မျိုးတွေမှာ ယူနိုက်တက် အနေ နဲ့ ဂိုးရရှိ ဖို့ အခက်တွေ့ နေတာကို တွေ့ရ ပါတယ်။

ဒါကြောင့် ပေါ့ဘာရဲ့ အနာဂတ် မရေရာ နေမှု အပြင် ဘရူနို ဖာနန်ဒက်စ် ဒဏ်ရာ ရရှိ သွားပါက ယူနိုက်တက် အနေ နဲ့ ကြို တင် ပြင်ဆင်ထား ခြင်း မရှိ ပါ က အခက် တွေ့နိုင် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟောင်း ပေါပါကာ ကတော့ ကန်တိုနာ နဲ့ နှိုင်းယှဉ် ပြီး ဘရူနို ကို အားကိုးလွန်း နေမှု အပေါ် မှာ ဝေဖန်သွားခဲ့ ပါတယ်။

“ ကန်တိုနာ တုန်းက သူ အရမ်းကောင်း ခဲ့တယ် ဆိုတာ အခုလို တစ်ယောက်တည်း ကနေတဲ့ က ဇာတ်ရုံ ကြီးလို မဟုတ်ဘူး ဗျ ။

ကန်တိုနာ က တခြား သူတွေ ကို တိုက်စစ် ဆင်ဖို့ အကူအညီ ပေးနိုင် တယ် ၊ ဒါဟာ အသင်းမှာ တိုက်စစ် ဆင်ဖို့ ကစားသမား တစ်ယောက် ထက် မက ရှိနေလို့ပဲ။

ယူနိုက်တက် ပရိသတ်တွေ က ဘရူနို ဖာနန်ဒက်စ်ကို ပွဲစဥ် အနည်းငယ်လောက် မပါဝင် နိုင်မှာကို ထိတ်လန့် နေကြ ပါတယ် ။ ဘာကြောင့်လဲဆိုတော့ တိုက်စစ် ဆင်သမျှ တိုင်းမှာ သူ့တစ်ယောက် ထဲကို ပဲ အားကိုး နေရ လို့ပါပဲ။

ယူနိုက်တက် အသင်းက ဘာလိုအပ် နေတာလဲ ဆိုတော့ ဘရူနို လိုမျိုး နောက်ထပ် ကစားသမား တစ်ယောက် လိုအပ် နေတာ ပါပဲ သူဒဏ်ရာ ရရင် အစား ဝင်မယ့် သူ မဟုတ်ဘူးနော် ။

အတူတူကစား နိုင်မယ့် သူကို လိုအပ် နေတာ။ ဒါမှ တစ်ဖက် ကစားသမား တွေက ဘရူနို ကို ပစ်မှတ် ထား ခြင်း ကနေ ကာကွယ် နိုင် မှာပါ ။ အခု ယူနိုက်တက် ကို ကြည့်နေ ရ တာတော့ One man team ကြီး ဖြစ်နေပါတယ် ”

Zawgyi Version





