Spots news

ကာလရှည် စောင့်ကြည့်ခဲ့တဲ့ ပစ်မှတ်ထဲက တစ်ယောက် မန်ယူသို့ ရောက်မည်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က  လက်ရှိ ဇန်နဝါရီ ဈေးကွက် ထဲမှာ ကာလ ရှည် ပစ်မှတ် ထား နေ ခဲ့တဲ့

ကစားသမား များ တစ်ယောက်  ရောက်ရှိ လာ နိုင်ကြောင်း ပြောကြား လိုက် ပါတယ်။ ယူနိုက်တက် ဟာ ဂရီးလစ်ရှ် ၊ ဆန်ချို ၊ ဟာလန်း တို့ကို ကမ်းလှမ်း မှူ ပြုလုပ် လာတာ ကြာခဲ့ ပါပြီ။

လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခွင့် ပိုင်ဆိုင် နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက သဘော တူညီမှု ရရှိ ထားခဲ့တဲ့ အတ္တလန္တာ ကစားသမား အာမတ် ဒီယာလို ဟာလဲ အလုပ် ပါမစ် ရရှိ၍ အသင်းနဲ့ လာရောက် ပူးပေါင်း နိုင်ခဲ့ ပြီ ဖြစ်ပါတယ်။

ဆိုလ်းရှား ဟာ အသင်းရဲ့ လက်ရှိ လူစားရင်း ကို ကျေနပ် နေပြီး ယခု ဇန်နဝါရီ အပြောင်း အရွေ့မှာ လဲ အသင်း ရဲ့ ဆုဖလား လမ်းကြောင်း ကို ပိုမို ‌ ဖြောင့်တန်း စေဖို့ ကာလရှည် ပစ်မှတ် ထားနေတဲ့ ထိပ်တန်း ကစားသမား တစ်ဦး ကို အရ ခေါ်ယူ ရန် ရှိနေ ကြောင်း ပြောဆို လိုက် ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဓိက ပစ်မှတ် က တော့ အက်စတွန် ဗီလာ အသင်း ခေါင်းဆောင် ဂျက် ဂရီးလစ်ရှ် ဖြစ်ပြီး ဒေါ့မွန် အသင်းမှ ဂျေဒန် ဆန်ချို နဲ့ ဟာလန်း တို့ ကို ခေါ်ယူဖို့ အတွက်လည်း ပြင်ဆင် ထားပါ သေးတယ်။

နည်းပြ ဆိုလ်းရှား အနေ နဲ့ အဆိုပါ သုံးယောက်ထဲမှ တစ်ယောက် ဟာ အသင်းသို့ ရောက်ရှိ လာနိုင်‌ ကြောင်းကို အရိတ် အမြွတ် ပြော ကြား လိုက်ပါတယ်။

“ ဇန်နဝါရီ အပြောင်း အရွှေ့ ဆိုတာ ကတော့ အမြဲတမ်း ခက်ခဲလှ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့  ရေရှည် ပစ်မှတ် ထားနေ ခဲ့တဲ့ တစ်စုံ တယောက်ကို ဈေးကွက်ထဲမှာ ခေါ်ယူ ရရှိ နိုင်မယ် ဆိုရင် အဲ့ဒီ ကစား သမား ကို အရင်က တည်းက စောင့် ကြည့်နေ ဖို့ လိုအပ်ပါတယ်

“ အသင်း အများစု က သူတို့ရဲ့ အဓိက ကစားသမား တွေကို ဇန်နဝါရီ မှာ ဆုံးရှုံး ရတာမျိုး မနှစ်သက် တက်ကြ ပါဘူး ။ ဒါ့ကြောင့် သေချာ တော့ မပြောနိုင် သေး ပါဘူး ။

ကျွန်တော် တို့ ဘက် ကလဲ ကြိုးစား နေဖို့ လိုအပ်ပါ သေးတယ် ။ တကယ် လို့ ခေါ်ယူ ခွင့် ရှိ မယ် ဆိုရင် ‌ရေရှည် ပစ်မှတ် ထား နေတဲ့ ကစားသမား တွေ ထဲက ကျွန်တော် တို့ ခေါ်ယူ မှာပါ ”  လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။